#ရဟန်းမင်းကြီးဖရန်စစ်သည် နို၀င်ဘာ (၂) ရက်နေ့က ဗာတီကန်သင်္ချိုင်း ၌ဆုတောင်းကောင်းကြီးပေးခဲ့
နို၀င်ဘာလ(၂)ရက်နေ့သည် ကမ္ဘာပေါ်ရှိကက်သလစ်ခရစ်ယာန်များအတွက် ‘၀ိညာဉ်အပေါင်းပွဲ (သို့)ကွယ်လွန်သွားကြသူများအတွက်’ အထူးဆုတောင်းပေးသောနေ့ဖြစ်သည်။ထို့အတူ နို၀င်ဘာတစ်လလုံးသည်လည်း‘ကွယ်လွန်သွားသူများအတွက်အထူးဆုတောင်းပေးရသောလ’ဖြစ်သည်။နို၀င်ဘာလကို ‘ရဟန္တာအပေါင်းပွဲနေ့’ ဖြင့်အစပြုသည်။ ရဟန္တာဟုဆိုရာ၌ ကောင်းကင်သို့ ရောက်ရှိသွားကြသူအပေါင်းတို့ကို ညွှန်းဆိုခြင်းဖြစ်သည်။ရဟန်းမင်းကြီးဖရန်စစ်သည် ယနေ့နံနက်မစ္ဆာတရားကိုစိန့်ပီတာဘာစီးလီကာဘုရားကျောင်းတော်ကြီး၌ ပူဇော်ပြီးနောက် ဗာတီကန်သင်္ချိုင်းသို့ ဘီးတပ်လှည်းဖြင့်ကြွရောက်၍ ကွယ်လွန်သွားသူများအဖို့ဆုတောင်းပေးခဲ့သည်။၎င်းနောက် သီတင်းသုံးရာ‘စန်တာမားတာ’ကျောင်းတိုက်သို့ပြန်ကြွသွားသည်။ရဟန်းမင်းကြီးသည် နို၀င်ဘာ(၂) ရက်နေ့ညနေပိုင်း၌ ‘ဆန်တာမာရိယာမာဂျိုးရေ’ဘာစီးလီကာဘုရားကျောင်းသို့ကြွရောက်ပြီး နို၀င်ဘာ(၃)ရက် နေ့ ‘ဘာရိန်း’ နိုင်ငံတော်သို့ကြွရောက်မည့်သူ၏ တမန်တော်ခရီးတစ်လျှောက်လုံးကို ‘ရောမမြို့သူမြို့သားတို့အား မှိုင်းမသောသခင်’ပုံတော်ရှေ့၌ သွားရောက်ဆုတောင်းအပ်နှံမည်ဖြစ်သည်။ယခုတစ်ကြိမ်‘ဆန်တာမာရိယာမာဂျိုးရေ’ ဘာစီးလီကာဘုရားကျောင်းကြီးသို့ ကြွရောက်ခြင်းသည်ရဟန်းမင်းကြီးအဖြစ်ရွေးကောက်ခံရပြီးနောက် အကြိမ်(၁၀၀) မြောက်ကြွရောက်ခြင်းဖြစ်သည်။
ဘာသာပြန် - ဖာသာရ် ကလေးမင်းအားတယ်
Crd Photo