Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-01-17 21:12:10

#ကမ္ဘောဒီးယားဆရာတော်က ရဟန်းမင်းကြီး၏ဘေနေဒစ် (၁၆) ၏ခြေရာတော်ကိုလိုက်ကြရန်တိုက်တွန်း#Cambodia: Bishop Olivier urges Catholics to follow the path of Pope Benedict

 

ကမ္ဘောဒီးယားဆရာတော် Olivier Schmmitthaeuslerမိမိ၏ဘာသာတူများအားရဟန်းမင်းကြီးဘေနေဒစ်(၁၆) ၏ယုံကြည်အသက်တာကိုပုံတုယူကြရန် ရဟန်းမင်းကြီးဘေနေဒစ်(၁၆)၏အောက်မေ့ဖွယ်မစ္ဆားတရားပူဇော်ချိန် ၌တိုက်တွန်းခဲ့သည်။မစ္ဆားတရားကို ဇန်နဝါရီလ(၁) ရက်နေ့ ကမ္ဘောဒီးယားနိုင်ငံ၊ Kandal၊ ပြည်နယ်၊ Lvea Em ခရိုင်ရှိ ‘ငြိမ်းချမ်းခြင်း၏သခင်မ’ဘုရားကျောင်းတွင်ပူဇော်ခဲ့သည်။ ချစ်ခြင်းလမ်းစဉ်ကိုလိုက်ကြပါစို့။ ကျွန်ုပ် တို့၏အသက်တာကိုလည်းအခြားသူများ၏အကျိုးအမြတ်အတွက်ပေးလှူကြပါစို့။ ဘုရားသခင်ဆီသို့ တစ်စိုက်မတ်မတ်ဦးတည်လျှောက်လှမ်းခြင်းသည်ပြည့်၀သောပျော်ရွှင်မှုကိုအမှန်တကယ်ပေးသည်။ ရဟန်းမင်းကြီးဘေနေဒစ် (၁၆)၏လမ်းညွှန်ချက်သည် ကက်သလစ်ဘာသာတူများအား အဖွဲ့အစည်းနှင့်ယုံကြည်ခြင်းခိုင်မာစွာရှင်သန်ရန်လမ်းပြခဲ့သည်။အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ချစ်ခြင်းဖြစ်၏။ယုံကြည်ခြင်းသည်ကျွန်ုပ်တို့၏အသက်တာကိုထွန်းလင်းပေးသည်။ကျွန်ုပ်တို့အသက်တာ၏သမ္မာတရားဖြစ်သည်။ယေဇူးသခင်သာလျှင်ကျွန်ုပ်တို့အားကယ်တင်ပေးနိုင်သည်။ ချစ်ခြင်းအစွမ်းသည် ကမ္ဘာပေါ်ရှိမကောင်းမှုနှင့် ရက်စက်မှုများကိုအောင်မြင်နိုင်သည်။ရဟန်းမင်းကြီးဘေနေဒစ်(၁၆) ၏အတွေးအခေါ်များ၊အသက်တာနှင့် လုပ်ဆောင်ချက်များသည်အတိုချုံးအကျဉ်းရုန်းလေးပြော၍မပြီးပေ။အဆိုပါမစ္ဆားတရားပူဇော်ရာ၌ ဂျာမဏီနှင့် ပြင်သစ်နိုင်ငံ၏သံအမတ်များ၊ကမ္ဘောဒီးယားနိုင်ငံ၏ ယဉ်ကျေးမှုနှင့်သာသနာရေး၀န်ကြီး၏အတွင်းရေးမှူးနှင့်ကက်သလစ်ဘာသာတူများစွာပါ၀င်ပူဇော်ခဲ့ကြသည်။ရဟန်မင်းကြီးဘေနေဒစ်(၁၆)က‘ကျွန်ုပ်တို့၏ ကမ္ဘာကြီးအားပြန်လည်ရှင်သန်လာစေလိုလျှင်လည်းကောင်း၊ကမ္ဘာကြီးကိုကယ်တင်စေလိုလျှင်လည်းကောင်း နည်းလမ်းတစ်ခုတည်းသာရှိသည်။ဘုရားသခင်ကိုဦးစွာရှာတွေ့ရမည်’ဟုရဟန်းမင်းကြီး၏စကားကို ကိုးကားခဲ့သည်။ထို့အတူသူတို့သည် ဘုရားသခင်ကိုနှလုံသားထဲသို့ကြိုဆိုတတ်ရမည်။ဘုရားသခင်၏ချစ်ခြင်းကို‌အခြားသူများနှင့်‌ဝေမျှတတ်လျှင်စစ်မှန်သောပျော်ရွှင်ခြင်းလမ်းကြောင်း၌လျှောက်လှမ်းနိုင်ဖြစ်သည်။ဆရာတော်သည်ရဟန်း မင်းကြီဘေနေဒစ်(၁၆)ထံမှအထူးလက်ဆောင်ရခဲ့ဖူးသည်။သူ့အား ဖနွမ်းပင်၏လက်ထောက်ဆရာတော်အဖြစ်(၂၀၀၉)ခုနှစ်ကခန့်အပ်ခဲ့ပြီးသာသနာပိုင်အဖြစ် (၂၀၁၀) တွင်ရှေးယခင်ကရှိခဲ့သည်။ဗတီကန် အစည်းအ‌ဝေးကြီး ကြေငြာခဲ့သည့်(၅၀)နှစ်ပြည့်နှစ်ပတ်လည်နေ့နှင့်‘စီစီစီ’ ဟုလူသိများပြီး နောက်ဆုံးပုံနှိပ်ထား သောဘုရားစကားစာအုပ် (Catechism of the Catholic Church) ပုံနှိပ်ထုတ်‌ဝေသည့်နှစ်(၂၀) ပြည့်နှစ်ပတ်လည် အတွက် (၂၀၁၃) ခုနှစ်က ကမ္ဘောဒီးယားကက်သလစ်သာသနာသည်ရဟန်းမင်း ကြီးဘေနေဒစ်(၁၆)အနားမယူမီသူထံမှဗွီဒီယို သတင်း စကားကိုလက်ခံရရှိခဲ့သည်။
Credit photo

RVA

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။