တရားဟောသူတော်စင်များ (ဒိုမီနီကန်) အသင်းဂိုဏ်းမှ ဘရာသာရ် ၆ ပါးတို့ ပထမကတိသစ္စာပြု(2023)
28.1.1023 - တရားဟောသူတော်စင်များ(ဒိုမီနီကန်)အသင်းဂိုဏ်းမှဘရာသာရ် ၆ ပါးတို့ ပထမကတိသစ္စာပြုခြင်း၊ဤနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ခင်းမှာ ရဟန္တာကြီးစိန့်သောမတ်စ်အကွိုနက်စ်ရဲ့ ပွဲတော်နှင့်အတူ တရားဟောသူတော်စင်များ(ဒိုမီနီကန်)အသင်းဂိုဏ်းရဲ့ ဘရာသာရ် ၆ ပါးတို့ဟာ ၎င်းတို့ရဲ့ ပမထကတိသစ္စာ ပြုခြင်းကို ရွှေပြည်သာမြို့နယ်ရှိ စိန့်ဂျဲမားဂါလ်ဂါနီ ကက်သလစ်ဘုရားကျောင်းမှာပြုလုပ်ခဲ့ကြပါတယ်။ကိုရင်လောင်း (Novitiate Year) ကာလ ပြီးမြောက်ပြီးဒိုမီနီကန်အသင်းဂိုဏ်းဝင်အဖြစ် တရားဝင် ကတိသစ္စာပြုခြင်းလည်းဖြစ်ပါတယ်။အမိကက်သလစ်သာသနာတော်ကြီးနှင့် ဒိုမီနီကန်အသင်းဂိုဏ်းကြီးအတွက် မိမိတို့ကိုယ်ကို ဆက်ကပ်လိုက်ကြောင်း အသင်းဂိုဏ်းရဲ့ သာသနာနယ်အကြီးအကဲ (Provincial)ဆီမှာ သစ္စာဆိုခဲ့ကြပါတယ်။သာသနာနယ်အကြီးအကဲရဲ့ ဩဝါဒထဲမှာ မိန့်ဆိုခဲ့သလို၊ ကတိသစ္စာဆိုတဲ့အခါသူတို့လက်တွေကို အကြီးအကဲလက်ထဲမှာ ထည့်ဆိုရပါတယ်။ လက်ပဲထည့်ရုံမဟုတ်ဘဲ နှလုံးသားကိုပါထည့်ပြီး သာသနာနဲ့ လူတွေကို ဆက်ကပ်ကြမယ်လို့ မျှော်လင့်ပါတယ်။ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဘုရားသခင်းအားကျေးဇူးတင်ပါသည်။
(ဒိုမီနီကန်ကိုယ်တော်)