St.Josephine Margaret Bakhita
‘ကျွန်မလေးအဖြစ်မှ’
ခရစ်တော်ရဲ့သမီးတော်လေးဘာခိတာအမြဲပြုံးပျော်တတ်သောဆူဒါန်သူလေး၁၈၆၉ ခုအာဖရိကတိုက်ရှိဆူဒါန်မြို့၌ချမ်းသာလူဂုဏ်တန် မိသားစုမှ မွေးဖွားလာသားသမီး ၇ ဦးနက်မှ စတုတ္ထမြောက်သမီးရတနာသူမဘဝချမ်းမြေ့ပျော်ရွှင်ပြည့်ဝစံစား
၁၈၇၄ခုနှစ် တနေ့မှာ သူမဘဝကံဆိုးမိုးမှောင်ကျလာသူမရဲ့အစ်မပြန်ပေးဆွဲခြင်းခံခဲ့ရသူမအသက်၇နှစ်မှာ သူမလည်းပဲအာရပ်လူမျိုးနှစ်ဦးရဲ့ ပြန်ပေးဆွဲခြင်းခံရရှာသူဌေးတစ်ဦးရဲ့ကျွန်အဖြစ် ရောင်းချခံရကာထွက်ပြေးရန်ကြိုးစားသော်လည်းသိုးကျောင်းသားတစ်ဦးရဲ့ ဖမ်းဆီးခြင်းခံရ၍ကျွန်ဝယ်သူဌေး အခြားတစ်ယောက်ထံ ရောင်းစားခံရရက်စက်ကြမ်းကြုတ်ရိုက်နှက်ခံရ၍သွေးများယိုဆီး သတိမေ့မြော မြေပေါ်လဲကျခဲ့ရရှာတဖန်တူရကီစစ်သူကြီးထံရောင်းစားခံရစစ်သူကြီးဇနီးရဲနှိပ်စက်မှုကိုအလူးအလဲပြန်ခံသူမခန္ဓာကိုယ်ဝယ် ဓါးချက်ဒဏ်ရာ ၁၁၄ ချက်ထိုဒဏ်ရာ၌ခွဲစိတ်ဆားသိပ် ကင်ကြ၍ဒဏ်ရာဟနေရန်ရည်ရွယ်လုပ်ဆောင်ကြကာသွေးများအံ့မခမ်း ထွက်၍တစ်လအကြာပြင်းထန် ဝေဒနာခံစားရပြန်ညှင်းပန်းနှိပ်စက်ခံရသော်ငြားအသက်မသေအသက်ရှင်သောအသက်တာကားဘုရားရှင်ကသူမအားပို၍ကောင်းသောအသက်တာဖန်တီးပေးရန်ရှိပြီလားဟုဆင်ခြင်သုံးသပ်စရာ၁၈၈၂ခုစစ်ပွဲကြီးဖြစ်လာ၍ ခါတွမ်မြို့သို့ စစ်သူကြီးမိသားစုနဲ့ကျွန် ၁၀ ဦး ထွက်ပြေးတိမ်းရှောင်အီတာလီယံကွန်ဆူလူမျိုးမစ္စတာကလီစတိုလေညာနီမိသားစုထံတဖန်ရောင်းစားခံရသော်လည်းထိုမိသားစုကနွေးထွေးပျူငှာဆက်ဆံပြုမူခါတွမ်မြို့၌၂နှစ်အကြာ သူပုန်တပ်များချီတက်လာသို့ဖြစ်ပါ၍မစ္စတာကလီစတို မိသားစုအားအီတလီပြန်လာရန်အမိန့်စာကျလာသူတို့နဲ့အတူလိုက်ခွင့်ပြုရန် သူမတောင်းခံလိုက်ခွင့်ရ၍သူမ အီတလီရောက်လာကလီစတိုသူငယ်ချင်းမီကေးလီအိမ် ပြန်နေရကာမီကေးလီသမီးမင်းမီးနာအတွက်ကလေးထိန်းအဖြစ်သူတို့နဲ့အတူနေထိုင်စဉ် မီကေးလီနဲ့သူ့ဇနီး စီးပွားရေးလုပ်ငန်းတစ်ခုဖြင့် အာဖရိကသို့သွားရ၍မင်းမီးနာနဲ့သူမအား ဗင်းနစ်မြို့ရှိ ကနိုးရှင်းစစ္စတာရ်ဘုရားစာသင်တန်းကျောင်း၌ အပ်ထားခဲ့ပြီးသင်တန်းကျောင်း၌ ဘုရားတရား စာရေးစာဖတ်ပညာဆည်းပူးလေ့လာခွင့် ရခဲ့ရှာတစ်နှစ်ကြာသော်မင်းမီးနာရဲ့မိဘတို့သူတို့သမီးနဲ့အတူ သူမအား အာဖရိကသို့ခေါ်ရန်ရောက်ရှိလာကာကက်သလစ်ဝင်ရန်သူမဆုံးဖြတ်ထား၍ထိုကျောင်း၌ ဆက်လက်နေခွင့်တောင်းခံသောအခါဇနီးဖြစ်သူက သူမအပေါ်စိတ်ဆိုးသော်လည်းအီတလီနိုင်ငံဥပဒေတရားအရ လွတ်လပ်သူအဖြစ်
ဘုရင့်အရာရှိတစ်ဦးအားဖြင့်ထောက်ခံမှုရရှိကာ၁၈၉၀ဇန္နဝါရီ ၉ရက်နေ့ဝယ် ဆေးကြောမင်္ဂလာခံယူသူမအမည်ဂျိူစဖင်းမာဂရက် ဘာခိတာဘာခိတာရဲ့အဓိပ္ပါယ်ကား ကံကောင်းခြင်းဖြစ်၍တစ်နေ့တည်းဝယ် ပထမ ကိုယ်တော်မြတ်မင်္ဂလာခရစ္စမားမင်္ဂလာတို့ကို ဗင်းနစ်မြို့ရှိ ကာဒီနယ်ထံမှခံယူစက္ကရမင်းမင်္ဂလာခံယူပြီး "ကျွန်မ" မဟုတ်တော့ဘဲဘုရားရှင်ရဲ့သမီးတော်လေးဖြစ်လာကာကနိုးရှင်းကျောင်း၌လေးနှစ်တာ ကူညီပေးခဲ့ရင်းသူမနှလုံးသား၌ လေးနက်သော ဆန္ဒတစ်ခုနေရာယူထိုဆန္ဒမှာ"ငါသည်ခရစ်တော်တွက်အသက်ရှင်မည်""မွေးရပ်မြေကို အလည်တစ်ခေါက် ပြန်၍ဘုရားရဲ့ချစ်ခြင်းမေတ္တာတော်အကြောင်းအားရဝမ်းသာ ပြောချင်ပါတယ်"ဟူသောဆန္ဒ...ဆန္ဒတို့ကတဖြည်းဖြည်းပြင်းပြလာ၍ သတိထားမိထိုဆန္ဒကား သူမအား ခရစ်တော်ရှင်နောက်လိုက်ပြီးသီလရှင်တစ်ပါးအဖြစ်ဘဝတစ်ခုလုံး အပ်နှံရန်သခင့်ခေါ်သံကို နားလည်သဘောပေါက် လာကာကနိုးရှင်းသီလရှင် ဖြစ်သင်ကျောင်း၌ ဝင်ရောက်ကာ၁၈၉၃ဒီဇင်္ဘာ ၇ ရက်နေ့ Noviceတစ်ပါးဖြစ်လာ၁၈၉၆ဒီဇင်္ဘာ ၈ ရက်နေ့ ရာသက်ပန်သစ္စာပြုကာသူမရဲ့ပထမစေလွတ်ခြင်းခံရသောနေရာ ချီအိုသူမဘဝမှာရိုသားကြိုးစား နှိမ့်ချ ကျရာတာဝန်အသီးသီးအား ပျော်ရွှင်ဝမ်းမြောက်ခြင်းဖြင့် အစေခံအသက်အရွယ်ရ၍အိုမင်းကာကျမ္မာရေးချို့တဲ့လာကားတိုင်ထက်ကခရစ်တော်သခင်အား ငေးကြည့်ရင်းဆုတောင်းခြင်း အသက်တာဖြင့် အချိန်ကုန်ကာ၁၉၄၇ဖေဖော်ဝါရီ ၈ ရက် ခရစ်တော်သခင်ထံ၌ငြိမ်းသက်စွာဖြင့်အနားယူခဲ့သူ ဆူဒါန်သူလေးဘာခိတာကျွန်မ ဘဝမှဘုရားရှင်ရဲ့ သမီးတော်ဖြစ်လာမေတ္တာ၊ အကြင်နာ၊ ခွင့်လွတ်၊ နှိမ့်ချ ပါရမီတို့ရဲ့ စံနမူနာသူမအားနှိပ်စက်သူတို့ကို တွေ့မည်ဆိုပါကသူတို့ရှေ့ဒူးထောက်ကာ သူတို့လက်များနမ်းရှုပ်ခဲ့မှာပါအဖြစ်ရပ်ဆိုးကြီးမဖြစ်လာပါကခရစ်ယာန်တစ်ဦးသီလရှင်တစ်ပါးဖြစ်လာမည်မဟုတ်အကောင်းမြင်မွန်မြတ်စိတ်ဓါတ် နှလုံးလှပိုင်ရှင်ဖြစ်၍၁၉၉၂ခုနှစ် မေ ၁၇ ရက်နေ့ ပုပ်ဒုတိယမြောက်ဂျွန်ပေါလ်မှပထမအဆင့်သူတော်မြတ်အဖြစ် ကြေငြာ၍၁၉၉၃ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ပုပ်မှသူမရုပ်ကလပ်အား ဆူဒါန်နိုင်ငံသို့ပင့်ဆောင်၍၂၀၀၀ခုနှစ် အောက်တိုဘာ၁ရက် ရဟန္တာအဖြစ်ကြေငြာခဲ့သည်။
Celeste MSP