Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-02-18 23:09:01

The joy of God and of the poor is our strength', Cambodian Caritas members told

ဘုရားသခင်နှင့်ချို့တဲ့နွမ်းပါးသူတို့၏ပျော်ရွှင်ခြင်းသည်ကျွန်ုပ်တို့၏အားအင်ဖြစ်သည်’ဟုကမ္ဘောဒီးယားကာရီတာ့စ်အဖွဲ့ကပြောကြားကာရီတာစ့်ကမ္ဘောဒီးယားအဖွဲ့၀င်များအနေဖြင့် ၎င်းတို့အစေခံနေမှုအပေါ်ဆန်းစစ်ရန်နှင့် ဤအမှုတော်ကိုထမ်းဆောင်နိုင်ရန်ခွန်အားပေးသည့်ဘုရားသခင်ကိုကျေးဇူးတင်ရန်၊အဘယ်ကြောင့်ဆိုသော် အလုပ်အကျွေးပြုခြင်းသည် နည်းပညာမျှမဟုတ်ပေ။ကာရီတာစ့်ကမ္ဘောဒီးယား၏ဥက္ကဌလည်ဖြစ်ပြီး Battambang သာသနာ၏တာ၀န်ခံလည်း ဖြစ်သောဆရာတော် Enrique Figaredo က၀န်ထမ်းများ၏ဥပုသ်အစ၌၌ထည့်သွင်းဟောကြားခဲ့သည်။ကမ္ဘောဒီးယားနိုင်ငံတစ်၀န်း၌အမှုထမ်းနေသော၀န်ထမ်း(၂၀၀)ခန့်အား(ဖေဖေါ်ဝါရီ ၁၄ –၁၆)အထိ ဥပုသ်(၃)ရက်တာကို မြို့တော် Phnom Penh နှင့်ကီလိုမီတာ(၂၃၁)ဝေး‌သော Siem Reap တွင်စောင့်ကြမည်ဖြစ်သည်။ယခုဥပုသ်သည်(၂၉) ကြိမ်မြောက်နှစ်ပတ်လည် ဝတ်စောင့်ခြင်းဖြစ်သည်။ဥပုသ်၏ဆောင်ပုဒ်မှာ‘Caritas at the heart of the Church’(ကာရီတာစ့် သာသနာတော်ကြီး၏ဗဟိုချက်မ) ဖြစ်သည်။ဤအဖွဲ့၌ပါ၀င်ကြသော ကာယ၊ ဉာဏ်ဏ၀န်ထမ်းများအားလုံးသည်တာ၀န်ကြီးကြောင်းသို့သော်ထိုနည်းပညာများထက်ကျော်လွန်၍ပြုပြင်ပြောင်းလဲရမည်ဖြစ်ကြောင်း၊ ဘုရားသခင်ထံမှစိတ်ဓာတ် နှင့်ခွန်အား၊အတူတကွအားပြည့်ဖြိုးရန်ဆုတောင်းရမည်ဖြစ်ကြောင်းဟောကြားခဲ့သည်။ကိုးဗစ် (၁၉) ကပ်ဆိုးအလွန်၌ ကမ္ဘောဒီးယားနိုင်ငံသည်စီးပွားရေး၌ပို၍တိုးတက်အောင်လမ်း ကြောင်းဖွင့်ပေးလာသည်။ သို့သော် ကိုးဗစ် (၁၉) ကြောင့်ယိုင်နှဲ့သွားခဲ့ကြသည်မှာ ပိုများသည်။ အထူးသဖြင့်ချို့တဲ့နွမ်းပါးသူများဖြစ်ကြသည်။ချို့တဲ့နွမ်းပါးသူများအား ပို၍ဂရုစိုက်ပေးကြရန်၊အဘယ်ကြောင့်ဆိုသော်၎င်းတို့၌နည်းပညာလည်းမရှိ၊ပညာလည်းမတတ်၊ အခွင့်လန်းများလည်းမဲ့၊ လူမှုရေး၌လည်းမတရားမှုများကိုခါးစီးခံခဲ့ရသည်။ ပြည့်စုံကုံလုံသော အထက်တန်းလွှာအများပိုင်းက ၎င်းတို့အားတန်ဖိုးမထား မျက်ကွယ်ပြုထားသည်။ဤအချက်များကိုဥပုသ်ကာလ၌သေချာစွာဆန်းစစ်စေလိုကြောင်း၊၎င်းတို့အတွက်ကာရီတာစ့် ကမ္ဘောဒီးယားအနေဖြင့်အဘယ်ကဲ့သို့အကူအညီ ဖြစ်နိုင်ကြောင်း၊လာတင်းစကား လုံးဖြစ်သော‘Caritas’ ၏အနက်ကား ‘charity’(ကရုဏာ)ဖြစ်ကြောင်း၊ကာရီတာ့စ်သည် နိုင်ငံတကာအဆင့် ကက်သလစ်သာသနာတော်ကြီး၏ကရုဏာရေး လုပ်ငန်းကြီးဖြစ်ကြောင်း၊ ကာရီတာ့စ် ကမ္ဘော ဒီးယားသည်ကက်သလစ်သာသနာအနေဖြင့်လူမှု ကယ်ဆယ်‌‌ရေးလုပ်ငန်း၌ထဲထဲ၀င်၀င်ပါ၀င်လုပ်ဆောင်ပေးသောအဖွဲ့အစည်းကြီးဖြစ်ကြောင်း လည်းပြောကြားခဲ့သည်။ဤအဖွဲ့အစည်းကို ပြင်သစ်သာသနာပြုဆရာတော် Yves Ramousse မှ(၁၉၇၀)ခုနှစ်တွင်တည်ထောင်ခဲ့သည်။ တည်ထောင်ရခြင်း၏ရည်ရွယ်ချက်မှာ ထိုကာလ၌စစ်ပွဲ၏သားကောင်များစွာအားကူညီစောင့်ရှောက်ရန်ဖြစ်သည်။ နောက်ပိုင်းမှသာ‘ကာရီတာ့စ်’ အမည်တပ်ခဲ့သည်။(၁၉၇၃)ခုနှစ် မှသာ‘နိုင်ငံတကာ ကာရီတာစ့်’ ဟုတရား၀င် သတ်မှတ်ပြောင်းလဲခဲ့သည်။(၁၉၇၃ – ၁၉၇၉) အထိ ကမ္ဘောဒီးယားနိုင်ငံသည် ခမာနီစနစ်အောက်၌ရှိနေခဲ့သည်။ ထိုစနစ် သည် ၎င်းတို့၏လမ်းစဉ်နှင့်မကိုက်ညီဟုဆိုကာမြင်မြင်သမျှဖျက်ဆီးခဲ့သည်။နိုင်ငံသားပေါင်း(၂)သန်း ခန့်အထိသတ်ဖြတ်ခဲ့သည်။ကာရီတာ့စ်နှင့်ကမ္ဘောဒီးယားသာသနာသည်ဤဆိုးဝါးလှသောစနစ်၌များစွာခါးစီးခံခဲ့ရသည်။ပြည်တိုင်းစစ်ပြီးဆုံးသွားပြီးမှသာ ကာရီတာ့စ်သည်သူ၏လူသားချင်းကူညီယိုင်းပင်းသည့်လုပ်ငန်းကို(၁၉၉၀)ခုနှစ် တွင်ပြန်လည် စတင်ခဲ့ရာမှယနေ့ထိတိုင်သက်တမ်းရှိလာခြင်းဖြစ်သည်။ကာရီတာ့စ် ကမ္ဘောဒီးယားသည် နိုင်ငံ၏ခရိုင် (၇)ခုတွင်အသက်မွေး၀မ်းကျောင်းအတွက်အစားအစာလုံခြုံမှုရှိရေး၊ကျန်းမာရေးအစီအစဉ်၊သဘာ၀ဘေးအန္တရာယ်ဆိုင်ရာအစီအစဉ်၊ လွိင်ခွဲခြားမှု၊လူကုန်ကူးမှု၊ ကလေးသူငယ်နှင့် ဆယ်ကျော်သက်ကျန်းမာရေး၊ရာသီဥတုပြောင်းလဲလာမှုအပေါ်သဟဇာတရှိစွာနေထိုင်နိုင်ရေး၊အသက်မွေး၀မ်းကျောင်းပညာပေးခြင်း၊မျက်စိကျန်းမာရေး၊လူငယ်ပြုစုပျိုးထောင်ရေး စသောအစီအစဉ်များကိုလုပ်ဆောင်ပေးလျှက်ရှိသည်။ RVA
Credit Photo

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။