Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-03-06 07:31:57

ဝါတွင်းကာလ မဏ္ဍိုင်ကြီး၃ရပ်

ဆုတောင်းခြင်း၊ ဝါရှောင်ခြင်း နှင့် အလှူဒါနပြုခြင်းတွေက ဘာဖြစ်လို့ ဝါတွင်းကာလအတွင်းမှာအရေးကြီးရတာလဲ။

Scott Smith ဝါတွင်းမှာဘာကိုစွန့်လွတ်လိုက်ဖို့သင်စဉ်းစားနေလဲ။ ဝါတွင်းကာလမှာ ဘာကြောင့်ကျွန်ုပ်တို့ဝါရှောင်အစာရှောင်ကြတာလဲဆိုတာကိုသင်တွေးတောနေသလား။ဘာဖြစ်လို့ကက်သလစ်တွေက ဝါတွင်းကာလမှာ(၁)ဆုတောင်းခြင်း(၂) ဝါရှောင်ခြင်း(၃)အလှူဒါနပြုခြင်း တို့ကိုလုပ်ဆောင်ကြရသလဲ။ကက်သလစ် ဝါရှောင်ခြင်းထုံးတမ်းစဉ်လာကဘာလဲ။အဲ့ဒီထုံတမ်းစဉ်လာကဘယ်ကဖြစ်ပေါ်လာတာလဲ။"အကယ်၍ ထိုမေးခွန်းတွေကိုသာမန်ကက်သလစ်တစ်ယောက်ကိုမေးကြည့်မယ်ဆိုရင် သူက ကျမ်းချက်တွေကို အခန်းကြီးဘယ်လောက်အခန်းငယ်ဘယ်လောက်ဆိုတာကိုအတိအကျတော့မပြောနိုင်ပေမဲ့ ရှင်မာတေဦးကျမ်းစာတော်မြတ်ထဲကအတိုင်းလိုပြန်ဖြေပါလိမ့်မယ်။ ထိုအကြာင်းအရာတွေကို(မာတေဦး၆း၁မှ၁၈)ကိုဖတ်ရှုကြည့်ရင်သိပါလိမ့်မယ်။ ထုံတမ်းစဉ်လာတွေက ကျမ်းစာတော်မြတ်ထဲမှာအခြပြုထားတယ်ဆိုတာ ကက်သလစ်တိုင်းနီးပါး သိမှတ်ကြမယ်ဆိုတာကျွန်တော်ထင်မိပါတယ်။ဒါပေမဲ့ဒီထက်မကပါဘူး ဆုတောင်းခြင်း၊ဝါရှောင်ခြင်းနှင့် အလှူဒါနပြုခြင်း (၃)မျိုးဟာကျမ်းစာတော်မြတ်တစ်ခုလုံး၌ ဝှက်ဖဲအဖြစ်အမြဲတမ်းမြုပ်ကွယ်လျက်ရှိနေပါတယ်။နောက်ပြီး ဆုတောင်းခြင်း၊ဝါရှောင်ခြင်းနှင့်အလှူဒါနပြုခြင်းတွေက သခင်ယေဇူး၏ တောကန္တရ၌ စုံစမ်းနှောင့်ယှက်ခြင်း (၃) မျိုးခံရခြင်းနဲ့ဆက်စပ်နေတယ်ဆိုတာသင်သိလာတဲ့အပြင်ဒီအခြေခံအကြောင်းအရင်းအားလုံးဟာသင်ကိုအံအားသင့်စေပါလိမ့်မယ်။အဲ့ဒီ မဏ္ဍိုင်(၃)ခုဟာ သခင်ခရစ်တော်၏ သဲကန္တရထဲမှာရက်ပေါင်း၄၀တရားကျင့်ချိန်၌ကြုံတွေးရသောနှောင့်ယှက်ခြင်း (၃)မျိုးနှင့်ဆက်စပ်နေသလို ဧဒင်ဥယျဉ်ထဲ၌ ဧဝကြုံတွေ့ခဲ့ရသောနှောင့်ယှက်ခြင်း(၃)မျိုး အပြင်သခင်ယေဇူး၏ ဒုတိယအကြိမ်ဂျက်ဆေမာနီ ဟုခေါ်သောသံလွင်တောင်ပေါ်၌ ဆုတောင်းစဉ်က ကြုံရသောနှောင့်ယှက်နှင့်ပါဆက်နွယ်လျက်ရှိလို့ပါပဲ။ဒေါက်တာဘရန့်ပီတာ ၏ သမ္မာကျမ်းစာတော်မြတ်ကိုအခြေခံထားသော ပြာခံပွဲဗုဓ္ဒဟူးနေ့နှင့်ဝါရှောင်ခြင်းကာလ ဆိုင်ရာ အကြာင်းကို ပြောပြထားတဲ့" နေရာတိုင်းမှာရှိနေတယ်ဒါပေမဲ့ဘာ့ကြောင့်လဲ" ( They are everywhere! But why?)ဆိုတဲ့ဆောင်းပါးရဲ့အစနိဒါန်း မှာပင် မဏ္ဍိုင်ကြီး၃ရပ်ဖြစ်တဲ့ ဆုတောင်းခြင်း၊ဝါရှောင်ခြင်းနှင့်အလှူဒါနပြုခြင်း တို့သည် သမ္မာကျမ်းစာတော်မြတ်တစ်ခုလုံး၌ ဆက်စပ်နေသာမြှုပ်ကွက် အဖြစ်ပေါ်လွင်အောင် ကောက်နှုတ်တင်ပြထားသည်ကိုလေ့လာကြပါစို့။အပြစ်(၃)မျိုးနှင့်၄င်းကိုကုသခြင်း(၃)မျိုးအောက်ခြေကျကျပြောရရင် သခင်ခရစ်တော်နှင့် ဧဝတို့ ကြုံတွေ့ခဲ့ရသော နှောင့်ယှက်ခြင်း၃မျိုးကို"သုံးမြွှာတဏှာကိလေသာ"လိုအမည်ပေးထားပါတယ်။ထိုအပြစ်၏ရောဂါကို ဝါတွင်းကာလကျင့်ကြံခြင်း၃ခု ဖြစ်တဲ့ ဆုတောင်းခြင်း၊ ဝါရှောင်ခြင်း နှင့် အလှူဒါနပြုခြင်း အမြိုက်ဆေးတို့ဖြင့် ကုသရပါတယ်။သုံးမြွှာတဏှာကိလေသာကိုရှင်ယောဟန်ပထမစာစောင်တွင်ဖေါ်ပြထားသည်မှာ"လောကတွင် ရှိသောအရာများဖြစ်ကြသည့် ကာယဖြင့် တပ်မက်စွဲလန်း ခြင်း၊မျက်စိဖြင့် မြင်၍ လိုချင်တပ်မက်ခြင်း နှင့် ဥစ္စာပိုင်ဆိုင်ခြင်း ၌ ဂုဏ်ယူဝါကြွားခြင်း"တို့ဖြစ်ကြသည်။(၁ယော၂း၁၆)ထို့ကြောင့်ကိလေသာအပြစ်၃မျိုး၏အနာအဆာများမှာ၁။အသွေးသားတပ်မက်ခြင်းကိုယ်ကာယနှင့်ဆိုင်ရာ လိုအင်ဆန္ဒတွေဖြစ်တဲ့အိပ်၊စား၊ကာမ တို့၌ တပ်မက်စွဲလမ်းခြင်းများ၂။စက္ခုအာရုံတပ်မက်ခြင်းမျက်စိဖြင့်မြင်တွေ့ရသောအရာများဖြစ်သည့်ငွေကြေး၊ဥစ္စာပစ္စည်း အလှအပထည်ဝါမှုတို့ကိုလိုချင်တပ်မက်ခြင်းများ၃။ပကာသနတပ်မက်ခြင်းထင်ပေါ်ကျော်ကြားလို၍ အာဏာရူး၊ပေါ်ပင်ဂုဏ်မောက်ခြင်းများဖြစ်ကြသည်။ဘာဖြစ်လို့ ဒီ အပြစ်တွေဟာ ကျွန်ုပ်တို့ရဲ့အားနည်းချက်များဖြစ်ရပြီးနတ်ဆိုး၏တိုက်ခိုက်ခြင်းကိုခံရကာကျွန်ုပ်တို့ကို နက်နက်ရှိုင်းရှိုင်းဆိုးကျိုးပေးရတာလဲ။ ဘာဖြစ်လို့ လူတိုင်းအဲ့လိုပုံစံအတိုင်းဖြစ်ရတာလဲ။(ဆုတောင်းခြင်း၊ဝါရှောင်ခြင်း နှင့်အလှူဒါနပြုခြင်းတို့သည်အပြစ်ရင်းနှင့်ဆက်စပ်နေခြင်း)အာဒံနှင့်ဧဝမှဆင်းသက်လာတဲ့အပြစ်ရင်းရဲ့ပုံစံကိုလေ့လာကြည့်လျှင်လည်းနတ်ဆိုးကတစ်ပုံဆန်တည်းတိုက်ခိုက်တာကိုတွေ့ရပါမယ်။ကမ္ဘာဦးကျမ်းအခန်းကြီး၃အငယ်၆ ၌ "မိန်း​မ သည် အ​ပင် ၏ တင့်​တယ် ခြင်း၊အ​သီး၏စား​ချင့်​စ​ဖွယ်​ကောင်းခြင်း ကို​မြင်​ရ၏။( စက္ခုတဏှာ)ထို့​ပြင် ပ​ညာ​ဉာဏ်​ရှိလျှင်အံ့​ဘွယ်​ကောင်း​လိမ့်​မည်​(ပကာသနတဏှာ)ဟုစိတ်​ထင်လျက် အ​သီး​ကို​ဆွတ်၍ စား​လေ၏။( သွေးသားတဏှာ)သူ၏ ခင်​ပွန်း​အား​လည်း​ပေး​သ​ဖြင့်​သူ​လည်း စား၏။"(ကမ္ဘာဦး၃း၆)သုံးမြွှာတဏှာကိလေသာကို အံ့သြထင်ရှားစွာတွေ့မြင်နေရပါသည်။ကျမ်းချက်ကိုဖတ်ပြီး ဧဝကိုအပြစ်တင်ဖို့မဝေဖန်ခင်မှာ အာဒံဟာဧဝဘေးနားမှာ သူမအပြစ်မကျူးလွန်ခင်ကတည်းက ရှိနေတယ်ဆိုတာ မေ့ထားမသင့်ပါဘူး။ကျမ်းချက်ကိုဖတ်ပြီးအမျိုးသမီးကြောင့်အပြစ်ရင်းဖြစ်ရတာလို့ ကောက်ချက်ချသူ အမျိုးသားတို့ သတိထားရမှာက ဧဝသည် နတ်ဆိုးမြွေနဂါးကြီး၏နှောင့်ယှက်ခြင်းကြောင့်ဘုရားသခင်ပညတ်ထားတဲ့အရာကို နာမခံဘဲ အသီးကိုခူးယူတဲ့အချိန်မှာ အာဒံဟာ သူမရဲ့ဘေးနားမှာရပ်နေပြီး သူမကိုအပြစ်ထဲမကျအောင်ကာကွယ် စောင့်ရှောက်ရမည့်အစား သူရဲပေါကြောင်ကာ သတိမရှိ နှုတ်ဆိတ်နေခြင်းဖြင့် သုံးမြွှာတဏှာကိလေသာကို ကျူးလွန်သည့်အပြင် အမျိုးသမီးကိုကာကွယ်စောင့်ရှောက်ရမည့်ကိုပင်ပျက်ကွက်သော အပြစ်ကိုပါထပ်ရသည်ကို အမျိုးသာထုကြီးသင်ခန်းစာယူသင့်ပါသည်။ယ္ခုခောတ် နည်းပညာတိုးတက်လာသည်နှင့်အမျှ အမျိုးသားများအတွက် အထူး စတုတ္ထမြောက် မဏ္ဍိုင်အဖြင့် ဝါတွင်းကာလ၌ ကျင့်စောင့်တည်ရမည့်အချက်မှာ အမျိုးသမီးများအားအကြမ်းမဖက်ဘဲကာကွယ်စောင့် ကာ အထူးသဖြင့် အမျိုးသမီးများအား လိင်အမြတ်ထုတ်ကာ လူသုံးကုန်ပစ္စည်းကဲ့သို့ ီးပွားရှာသောအပြာ ညစ်ညမ်း ဓါတ်ပုံ၊ဗီဒီယိုများ ကိုကြည့်ရှူခြင်း၊ပြည့်တန်ဆာများနှင့်ပျော်ပါးခြင်းတို့မှရှောင်ကြဉ်ရန်ပင်ဖြစ်သည်။သခင်ယေဇူးသည် ရက်ပေါင်း၄၀တိုင်တိုင် တောကန္တရထဲ၌ စုံစမ်းခြင်းခံစဉ်တွင် သုံးမြွှာတဏှာကိလေသာကို ဘယ်လိုအောင်မြင်ခဲ့သလဲ။၁။သွေးသားတတ်မက်ခြင်းအစာရှောင်ခြင်း။"ဝိညာဉ်တော်သည် ယေဇူးကို စာတန်နတ်ဆိုး၏ နှောင့်ယှက်ခြင်း ခံရစေရန် တောကန္တာရသို့ ခေါ်ဆောင် သွားတော်မူ၏။ကိုယ်တော်သည်လည်း နေ့လေးဆယ်နှင့်ညလေးဆယ်ပတ်လုံး အစာရှောင်တော်မူပြီးနောက်ဆာလောင်မွတ်သိပ်နေလေ၏။"(မာတေဦး၄း၁မှ၂)နှောင့်ယှက်ခြင်း။"နှောင့်ယှက်သော သူသည်အထံတော်သို့ ချဉ်းကပ်၍ သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲများ ကို ပေါင်မုန့် ဖြစ်စေရန် အမိန့်ရှိတော်မူပါဟုကိုယ်တော်အားလျှောက်လေ၏။"(မာတေဦး၄း၃)တုံ့ပြန်ခြင်း။ "ကိုယ်တော်ကလူ သည် အစားအစာအား ဖြင့် သာအသက်ရှင်သည် မဟုတ်၊ဘုရားသခင်၏ နှုတ်တော်ထွက်စကားရှိသမျှ ဖြင့်လည်း အသက်ရှင်ရကြောင်းကို ကျမ်းစာတော်မြတ် ၌ ရေးထားသည် ဟုဖြေကြား တော်မူ၏။"(မာတေဦး၄း၄)၂။ စက္ခုအာရုံတပ်မက်ခြင်း ဂျူးလူမျိုးတို့၏ အထွတ်အမြတ်ထားရာ နေရာ သန့်ရှင်းသောဗိမာန်တော်သည် ဘုရားသခင်အား ရှိခိုးကိုးကွယ်ရာ မြင့်မြတ်သောနေရာဖြစ်ပြီး နတ်ဆိုးသည် ယေဇူးအား အံ့ဖွယ်ရာကိုပြသကာ လူတို့ကို ယုံကြည်လာစေပြီး ကိုယ်တော်သည်ကယ်တင်ရှင် မက်ဆီးယား ဖြစ်ကြောင်းကြွေးကြော်စေခြင်းဖြင့် ကိုယ်တော်သည်ဒုက္ခစရိယာခံ၍လက်ဝါးကားတိုင်တင်မခံရဘဲ ဘုရားသခင်၏အမှုတော်ကိုပြီးမြောက်ရန်သွေးဆောင်ဖြားယောင်းခြင်းရူပါရုံပေးခဲ့သည်။နှောင့်ယှက်ခြင်း။ "နတ်ဆိုးသည် ကိုယ်တော်အား သန့်ရှင်းသောမြို့တော်သို့ ခေါ်ဆောင်သွားပြီးလျှင် ဗိမာန်တော်၏ အထွတ်၌ ထားလျက်၊သင်သည် ဘုရားသခင်၏ သားတော်မှန် လျှင် သင့်ကိုယ်ကိုအောက် သို့ပစ်ချပါလော့။အကြောင်းမူကားကျမ်းစာတော်မြတ် ၌ ရေးထား သည်မှာကိုယ်တော်သည် သင့်ကိုစောင့်ရှောက်ရန် ကောင်းကင်တမန်တော်တို့အား မိန့်မှာထား တော်မူသောကြောင့်သင် ၏ခြေကိုကျောက်ခဲတစ်လုံးနှင့် မျှမထိခိုက်စေခြင်းငှာသူတို့ သည် သင့်ကို သူတို့ ၏ လက်များ ဖြင့် ချီမကြ လိမ့်မည်ဟု ဆိုပြန် ၏။"(မာတေဦး၄း၅မှ၆)တုံ့ပြန်ခြင်း။"ယေဇူးက သူ့အားသင်၏ အရှင်ထာဝရ ဘုရားသခင် ကို စုံစမ်း ခြင်း မပြုရဟူ ၍ လည်း ကျမ်းစာတော်မြတ်တွင် ရေးထားသည် ဟုမိန့်တော်မူ၏။"( မာတေဦး၄း၇)အထက်ကနတ်ဆိုးအသုံးပြုခဲ့သောကျမ်းချက်သည် ဆာလံ၉၁ ဖြစ်ပြီး မကောင်းဆိုးဝါးနှင်ထုတ်သောရှေ့ကျတဲ့ ဆာလံဆုတောင်းခြင်းထဲမှ အပုဒ်တစ်ပုဒ်သာဖြစ်တယ်။"အကြောင်းမူကား သင်သွားလေရာရာ ၌ သင့်ကိုစောင့်ရှောက်စေရန် ကိုယ်တော်သည် မိမိ၏ ကောင်းကင်တမန်တော်များ အား အမိန့်ပေးတော်မူလိမ့်မည်။သူတို့ သည်သင် ၏ခြေကိုကျောက် နှင့် မထိခိုက်စေခြင်းငှာ သင့်ကို မိမိတို့၏ လက်များဖြင့် ချီပင့်ထားကြလိမ့်မည်။"(ဆာလံ၉၁း၁၁မှ၁၂)ဒါပေမဲ့နတ်ဆိုးသည် ဆာလံ၉၁း၁၃ကိုချန်ထားခဲ့ လေသည်။"သင်သည် ခြင်္သေ့ နှင့်မြွေဟောက်တို့အပေါ်လျှောက်လှမ်းသွား ၍ ခြင်္သေ့ပျို နှင့် မြွေနဂါး တို့ ကို နင်းချေလိမ့်မည်။" အဘယ်ကြောင့်ဆိုသော် ယေဇူးသည် မြွေနဂါးဖြစ်သောနတ်ဆိုး၏ဦးခေါင်းကိုနင်းချေမည့်သူဖြစ်သောကြောင့်ဖြစ်သည်။ "လူသည် သင်၏ ဦး​ခေါင်း ကို​ချေ​လိမ့်​မည်။သင်သည် လည်းသူ၏ ဖ​နောင့်​ကို ပေါက်​လိမ့်​မည်''ဟု​မိန့်​တော်​မူ၏။"(ကမ္ဘာဦး၃း၁၅)၃။ ပကာသနတပ်မက်ခြင်းနှောင့်ယှက်ခြင်း။"နတ်ဆိုးသည် ကိုယ်တော့်ကို အလွန်မြင့်မားသော တောင်ပေါ် သို့ ခေါ် ဆောင် သွားပြန် ၍ လောက တိုင်း နိုင်ငံ အပေါင်း နှင့် ၎င်းတို့ ၏ ဘုန်းစည်းစိမ် တို့ ကို ပြသ လျက်၊သင်သည် ပျပ်ဝပ်၍ ငါ့ကိုရှိခိုး လျှင် ဤအရာအားလုံးကို သင့်အားငါပေးမည်ဟု ကိုယ်တော်အားပြောလေ၏။"(မာတေဦး၄း၈မှ၉)သခင်ယေဇူး၏လောက၌အမှုတော်ဆောင်ခြင်းတာဝန်က လူသားများကိုဘုရားသခင်ထံသို့ ပြန်လည်ရောက်ရှိစေသောကင်ကောင်နှင့်ဆိုင်ရာ ထာဝရသုခချမ်းသာရရန်ဖြစ်ပြီးအကယ်၍ယေဇူးသည် နတ်ဆိုးကိုရှိခိုးပါမူ လောကကိုသာအစိုးရသော သူဖြစ်ပြီးလက်ဝါးကားတိုင်ပေါ်တွင်အသေခံရတော့မည်မဟုတ်ပေ။တုံ့ပြန်ခြင်း။"ယေဇူး က ဆုတ်လော့စာတန်၊ကျမ်းစာတော်မြတ် ၌ ရေးထားသည်ကား သင်သည်သင်၏ အရှင် ထာဝရ ဘုရားသခင်ကိုရှိခိုး ကိုးကွယ်ရမည်၊ကိုယ်တော် တစ်ပါးတည်းကိုသာ အစေခံရမည်ဟူ ၍ ဖြစ် ၏ ဟု သူ့အား မိန့် တော်မူ ၏။"(မာတေဦး၄း၁၀)(သုံးမြွှာတဏှာကိလေသာအနာရောဂါကိုကုသပျောက်ကင်းစေနိုင်သော သုံးမျိုးစပ်အမြိုက်ဆေး)၁။ဆုတောင်းခြင်း။ကျွန်ုပ်တို့သည်ဆုတောင်းခြင်းအားဖြင့် ပကာသနတပ်မက်ခြင်း ကို အောင်မြင်စေပါသည်။(ပျပ်ဝပ်၍ ကိုးကွယ်ခြင်း)ဆုတောင်းခြင်းသည် ဦးချိုးမာန်လျှော့ ရှိခိုးကိုးကွယ်ခြင်းဖြစ်ပြီး မိမိ၏မာနကိုလျှော့ကာ နှိမ့်ချခြင်းဖြင့် မိမိဘဝအားဘုရားသခင်ထံပုံအပ်ထားခြင်းဖြစ်သည်။ပကာသနတပ်မက်ခြင်းသည် ဉာဏ်ကြီးရှင်ဖြစ်ချင်သော၊လူတစ်ကာထက်သာလွန်ထက်မြတ်သောသူဖြစ်ချင်သော ဆန္ဒကိုဖြစ်ပေါ်စေသည်။မိမိကိုယ်ကို ဘုရားသခင်ကဲ့သို့ဖြစ်ချင်ပြီးအရာအားလုံးကိုထိန်းချုပ်ဖန်တီးလိုချင်ဖြစ်သည်။ထို့ကြောင့်မိမိကိုယ်ကို ဘုရားဖြစ်ခြင်းထက် ဘုရားသခင်ကိုဦးချမာန်လျှော့ကိုးကွယ်ရခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်မှောက်၌ မိမိကိုယ်ကိုနှိမ့်ချခြင်းဖြင့် ဆုတောင်းကာ ဘုရားသခင်၏ ဉာဏ်ပညာအလင်းကျေးဇူးကိုကြားနာတောင်းခံခြင်းဖြစ်ပြီး မိမိတို့၏ ဉာဏ်ကိုအားမကိုးခြင်းဖြစ်သည်။၂။ဝါရှောင်ခြင်း။ကျွန်ုပ်တို့သည်ဝါရှောင်ခြင်းဖြင့် သွေးသားတပ်မက်ခြင်းကိုအောင်မြင်စေပါသည်။ (လူသည်နေ့စဉ်မပျက်လိုအပ်သောအရာအစားတို့ဖြင့်သာအသက်ရှင်သည်မဟုတ်)အကယ်၍သင်သည် အသောက်အစားကျူးခြင်းဖြစ်အပြစ်ကြီးထဲကိုကျနိုင်သည့်သူဖြစ်လျှင် အစာရှောင်ပါ။ အကယ်၍သင်သည် ပျင်းရိခြင်းဖြင့်အပြစ်ကြီးထဲကျရောက်နိုင်သူဖြစ်ပါက အိပ်စက်ခြင်း၊အလုပ်မရှိအကိုင်မရှိနေခြင်းနှင့်အပျော်အပါးလိုက်စားခြင်းကိုရှောင်ပါ။သင့်ကိုချည်နှောင်နေတဲ့မကောင်းတဲ့အကျင့်တွေမှ သခင်ယေဇူးကိုသာအာကိုးပြီး ချိုးပျက်နိုင်အောင်ကျင့်ကြံပါ။၃။ အလှူဒါနပြုခြင်း။ကျွန်ုပ်တို့သည် အလှူဒါနပြုခြင်းဖြင့် စက္ခုအာရုံတပ်မက်ခြင်းကိုအောင်မြင်စေပါသည်။(သန့်ရှင်းသောဗိမာန်တော် ၏ အထွတ်)ကျွန်ုပ်တို့သည်မျက်စိအမြင်အာရုံအားဖြင့်များစွာလိုချင်တပ်မက်မှုများခံစားရသည်ကိုတွေ့ကြုံကြရသည်။ဥပမာ ငွေကြေး၊တိုက်တာ၊ ဇိမ်ခံပစ္စည်းများကိုမြင်ရ၍လိုချင်ခြင်း၊မိမိကိုယ်ကိုမှန်ထဲကြည့်၍မြင်ရကာ အလှအပကို မက်မောခြင်း၊မကောင်းသောညစ်ညမ်း စာပေရုပ်ရှင်များကိုမြင်ရခြင်းဖြင့် ကာမတဏှာတိုးခြင်း၊လိင်အသားပေးဝတ်စားဆင်ရင်နေထိုင်ပြုမူများကိုမြင်ရ၍ ကာမတက်ကြွခြင်းတို့ကိုဖြစ်ပေါ်စေပါသည်။သင်၏စက္ခုအာရုံကို သခင်ယေဇူးထံကိုသာပို့ထားပါ။သင်မျက်စိအာရုံက သင်ကိုသာယာစေသည့်နှောင့်ယှက်ခြင်းဖြစ်ပေါ်လာလျှင် လက်ဝါးကားတိုင်ကိုမြင်ကြည့်ပါ။ကျွန်ုပ်တို့ အလှူဒါနပြု၍ ဆင်းရဲသားများကိုငွေကြေးထောက်ပံ့ခြင်းသည်(၁)ကျွန်ုပ်တို့အား ငွေကြေးဥစ္စာပစ္စည်းများကိုကိုးကွယ်နေသူမဖြစ်အောင်သင်ကြားပေးသည်။(၂)လိုအပ်နေသူကို ကူညီရာရောက်စေပါသည်။ကျွန်ုပ်တို့ဆီမှာရှိတဲ့အရာ အထူးသဖြင့်ကျွန်ုပ်တို့ဝယ်ယူထားခဲ့ပြီး အသုံးမပြုတော့သည် အဝတ်အစားအသုံးအဆောင်ပစ္စည်း အကောင်းများကို လိုအပ်သူများကို ပြန်လည်ပေးကမ်းခြင်းဖြင့်ဝါတွင်းကာလကို ထယ်ဝါစွာမြင်တွေ့နိုင်အောင်အလှဆင်ပါ။

✍</div>
    	
    </div><!-- end of dviewnew -->
    
 <fieldset>
	<legend>
		<b class=NEWS AND EVENTS

2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။