Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-03-19 23:21:06

‘ဘုရားသခင်သည်ကျွန်ုပ်အားကယ်တင်ခဲ့သည်။ အမိမယ်တော်လည်းကျွန်ုပ်အားပစ်မထားခဲ့’ ဟုတူရကီငလျင်ဒုက္ခသည်တစ်ဦးပြောကြား

Survivor of Turkey earthquake: ‘God protected me and the Virgin Mary did not leave me

အမှန်မှာ Bassel Habkouk သည်လက်ဘနွန်မှကက်သလစ်ဘာသာတူတစ်ဦးဖြစ်ပြီး ကလေးနှစ်ဦး၏ဖခင်ဖြစ်သည်။သူသည် ဖေဖေါ်ဝါရီလ(၆)ရက်က တူရကီသို့အလည်ရောက်နေခြင်းဖြစ်သည်။သူရောက်ပြီးများမကြာမီပြင်းအား(၇.၈)ငလျင်သည်တူရကီနိုင်ငံနှင့်အိမ်နီးချင်းဆီးရီးယားကိုလည်းလှုပ်ခတ်သွားခဲ့ပြီးလူပေါင်း (၅၀၀၀၀)ကျော်အသက်ဆုံးရှုံးခဲ့ရသည်။ထိခိုက်ဒဏ်ရာများစွာလည်းရရှိခဲ့သကဲ့သို့လူပေါင်းထောင်ကျော်လည်းပျောက်ဆုံးလျှက်ရှိသည်။သူသည်လည်းပြိုလဲနေသောအဆောက်အဦးများအောက်၌ (၅၂)နာရီကြာပိတ်မိနေခဲ့သည်။Bassel Habkoukသည်သေဘေးမှအဘယ်သို့လွှတ်မြောက်လာခဲ့သည်ကိုCNA သတင်းကိုအာရာဘီဖြင့်ထုတ်လွှင့်သောACI MENA သို့အောက်ပါအတိုင်းဖြေကြားခဲ့သည်။သူသည်နှစ်ရက်ကျော်ကြာပိတ်မိနေခဲ့စဉ်အဘယ်သို့နေထိုင်ခဲ့သနည်း။ငလျင်လှုပ်ခတ်သည့်အချိန်၌ Habkouk နှင့်သူ၏သူငယ်ချင်း Elias Al-Haddadတို့သည်အပြင်၌ရောက်ရှိနေခဲ့သည်။ထိုစဉ်အဆောက်အဦးများမှလွှင့်စင်လာသောအပျက်အဆီးများလွှင့်စင်ကျလာရာမှမြေပေါ်သို့၀ပ်ချလိုက်ကြသည်။သူငယ်ချင်းဖြစ်သူ Elias Al-Haddadကသူ့အားကယ်ရန်အကူအညီတောင်းခံနေသံကိုကြားရသော်လည်းHabkouk သည်လည်းမလှုပ်မရှုက်နိုင်ဖြစ်နေခဲ့သည်။(၆)နာရီခန့်အကြာသူငယ်ချင်းဖြစ်သူ၏အသံကိုမကြားရတော့ကြောင်း ပြန်ပြောပြသည်။နောက်မှသိလိုက်ရသည်မှာသူငယ်ချင်းဖြစ်သူသည်အသက်ရှင်ကျန်မနေတော့ပေ။သူသည်(၂)မီတာနှင့်(၄၀)စင်တီမီတာရှိသောအတုံးတစ်တုံးသည်သူ့အားပိတ်ကာထားသည်။ထိုသို့ရုန်းကန်နေစဉ်၌ပင်အဘယ်ကလာသည်မသိသောလေအေးတိုးခတ်လာသည်ကိုသတိထားလိုက်မိသည်။ဆောင်ထားသောစားစရာပါနေသော်လည်း အတောအတွင်း၌ရေငတ်ခြင်း၊ဆာလောင်ခြင်းအလျင်းမသိ။ထို(၅၂) နှစ်နာရီအတွင်းသူ့အတွက်အလွန်ခက်ခဲခဲ့သောအချိန်ကား ကယ်ဆယ်ရေးအဖွဲ့မှလာရောက်ကယ်ဆည်သောဒုတိယနေ့၌ပင်ဖြစ်ပါသည်။တစ်မီတာခန့်ရှည်လျားသောပိုက်တစ်ချောင်းကိုတွေ့လိုက်ရသည်။ထိုပိုက်ချောင်ဖြင့်အနီးအနားရိုက်ခတ်၍ရသောအရာများအား အဆက်မပြတ်ရိုက်ခတ်၍ကယ်ဆယ်ရေးလုပ်သားများသတိပြုမိစေရန်ကြိုးစား၍အချက်ပြခဲ့သည်။သူရှိသည့်နေရာကို သိရှိသွားသောအခါသူ့ထက်အရင်သူနှင့်မလှမ်းမကမ်း၌ဒဏ်ရာဖြင့်ဖြစ်နေသောသူကို ဦးစွာကယ်ယူဆယ်ထုတ်သွားခဲ့သည်။တူရကီကယ်ဆယ်ရေးလုပ်သားများသည် အဆိုပါဒဏ်ရာရလူနာအားကယ်ထုတ်ရန်(၅)နာရီကြာမျှကြိုးစားရာနောက်နေ့နံနက်(၂)ရီမှကယ်ထုတ်နိုင်ခဲ့သည်။ထို့နောက်ကယ်ဆယ်ရေးလုပ်သားများသည်ပြန်သွားခဲ့ကြသည်။Habkoukမှာမူတူရကီကယ်ဆယ်ရေးလုပ်သားများသည်တူရကီလူမျိုးမဟုတ်၍ သူ့အားပစ်ထားပြီဟုတွေး၍စိုးရိမ်နေခဲ့သည်။နံနက်စောစော(၂ မှ ၇)နာရီအထိHabkouk သည်တဖန်တစ်ဦးတည်းရှိနေခဲ့သည်။ထိုစဉ်အသက်ရှင်ပြီးလွှတ်မြောက်နိုင်မည့်နည်းလမ်းကိုစတင်တွေးတောနေမိပါတော့သည်။မယ်တော်နှင့်စိတ်ပုတီးHabkoukအနေဖြင့်ငလျင်စတင်လှုပ်ခတ်ပြီးပြိုလဲကျလာသည့်အဆောက်အဦးအပျက်အစီးများကြားလဲကျသွားသောအခါသူ၏နှုတ်မှထွက်လာသောစကားကား‘O MARY’(အိုမယ်တော်)ဟုရေရွတ်ဆုတောင်းလိုက်ကြောင်း၊ငလျင်လှုပ်နေတဲ့တောက်လျှောက်စက္ကန့်(၄၀)ခန့်ကြာချိန်မယ်တော့်နာမတော်ကိုရွတ်နေမိကြောင်း၊ငလျင်ရပ်တန့်သွားသောအခါအပျက်အစီးများအောက်၌မှောက်လျှက်အနေအထားဖြင့်စိတ်ပုတီးစတင်စိပ်ခဲ့ကြောင်း၊ဘုရားသခင်သည် အမှန်တကယ်ကာကွယ်ပေးခဲ့သည်။အမိမယ်တော်သည်ကျွန်ုပ်အားပစ်မထားခဲ့ပါဟုဖြေကြားခဲ့သည်။ဆုတောင်းခြင်းသည်သူ့အားဆက်လက်ရှင်သန်နိုင်ရန်၊သူသည်မသေရ။ကယ်ဆယ်ရေးလုပ်သားတို့မှလာရောက်ကယ်တင်မည်ကိုမျှော်လင့်ချက်ဆက်လက်ထားရှိနိုင်ရန်အင်အားများရရှိခဲ့သည်။ပြိုလဲပိတ်ညှပ်နေသောအပျက်အစီးများကြား၌(၅၂)နာရီနေခဲ့ပြီးနောက်ဖေဖေါ်ဝါရီ(၈)ရက်နေ့၊နံနက်(၇)နာရီ၌ ကယ်ဆယ်ရေးလုပ်သားများမှသူ့အားအောင်မြင်စွာကယ်ထုတ်နိုင်ခဲ့သည်။Mantaraမယ်တော်အားဓိဌာန်ပြုအခက်အခဲကြုံလာသည့်အခါတိုင်းသူ၏မိသားစုသည်အမိမယ်တော်ထံအားကိုးတောင်းလျှောက်ခြင်းသည်ယခုတစ်ကြိမ်သည်ပထမဦးဆုံးမဟုတ်။သူငယ်စဉ်တောင်ကျေးကလေးဘ၀ကပင်ဖြစ်သည်။သူ့အနေဖြင့်ရွာမှအလေ့အထအတိုင်းပြုစုပျိုးထောင်းခံခဲ့ရသည်ကက်သလစ်သာသနာတော်ကြီး၏သန့်ရှင်းသောရက်ကြီးအခါကြီးများနေ့ကိုသင်ကြားခံခဲ့ရသည်။ဥပမာအားဖြင့်ခရစ္စမတ်နေ့၊ပါစကားနေ့၊အမိမယ်တော်မွေနေ့စသောနေ့ကြီးများကဲ့သို့ဖြစ်ပါသည်။သူသည်ဘုရားသခင်ကိုယုံကြည်သူဖြစ်သည်။ထို့အတူ သူ၏ဘ၀၌ဘုရားမယ်တော်၏ကြား၀င်ဆုတောင်းပေးခြင်းကိုလည်းခံယူသည်။ သူ၏ရွာသားများသည် ၎င်းတို့ရွာမှထွက်ခွာသွားတိုင်းခရူးစူးအမှတ်အသားကိုတို့ပြီး ‘အိုဘုရားမယ်တော်မယ်တော့်အပေါ်ကျွန်ုပ်တို့၏မျှော်လင့်ချက်ကိုထားရှိပါသည်’ ဟုရွတ်ဆို၍ ရွာသားများသည်မယ်တော့်ထံပူဇော်အပ်နှံခြင်း၊၎င်းတို့ခက်ခဲသောအခြေအနေ၌မယ်တော်၏စောင်မခြင်းကိုခံရသောအခါကျေးဇူးဆပ်တင်ခြင်းများကိုလည်းပြုလေ့ရှိသည်။သူ၏မိခင်ဖြစ်သူလည်းဘာသာတရားအလွန်ကိုင်းရှိင်းသူဖြစ်သကဲ့သို့ ရဟန္တာများအားလည်းကြည်ညိုအားကိုးသူဖြစ်သည်။သူ၏မိခင်သည် Mantaraမယ်တော်ဂူထံသွားရောက်၍ သူ၏သားသမီးများအားစောင့်ရှောက်ရန်အပ်နှံပူဇော်ဆုတောင်းလေ့ရှိသည်။တူရကီ၌ငလျင်လှုပ်ခတ်သွားချိန်ကြောင်းကြားသိရချိန်၌သူ၏ သားလည်းတူရကီသို့ရောက်ရှိနေ ချိန်ဖြစ်ရာသားဖြစ်သူသည်မသေမပျောက်ဘဲအသက်ရှင်လျှက်ပြန်ရောက်ရှိလာပါကရွာမှသည်မယ်တော့်ဂူထိတိုင်ခြေဗလာဖြင့်လမ်းလျှောက်ပူဇော်တက်ရောက်၍ကျေးဇူးတင်ဆပ်မည်ဟုဓိဌာန်ပြုခဲ့သည်။ဓိဌာန်ပြုထားသည့်အတိုင်းပင်သားဖြစ်သူပြန်ရောက်လာသောအခါဖြည့်ဆည်းခဲ့သည်။သူသည်မိခင်နိုင်ငံသို့အသက်ရှင်လျှက်ပြန်လည်ရောက်ရှိလာခဲ့ခြင်းအပေါ်ဖော်မပြတတ်အောင်ပျော်လျှက်ရှိသည်။သူ၏အိမ်အပြန်လမ်း၌ခေါင်းလောင်းများထိုး၍ပျော်ရွှင်၀မ်းမြောက်စွာကြိုဆိုခဲ့ကြသည်။ရွာသားတို့၏ ကြည်နူးပီတိသည် ဘာသာမတူသော်လည်းဖော်မပြနိုင်အောင်ပင်ဖြစ်ခဲ့ရသည်။

 

Credit Photo and News to ACI MENA, CNA’s Arabi

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။