ရဟန်းမင်းကြီးဖရန်စစ်သည် လျောင်းနေသောစိန့်ဂျိုးဇက်၏ဆင်းတုတော်ကိုအာဂျင်တီးနားသို့ပို့ပေး
ရဟန်းမင်းကြီးဖရန်စစ်သည် စိန့်ဂျိုးဇက်အားအထူးသဒ္ဓါကြည်ညိုခြင်းကြီးသောရဟန်းမင်းကြီးဖြစ်သည်။ဤဆင်းတုတော်ကိုသူ၏ရုံးခန်း၌လည်းထားရှိကြည်ညိုသည်။ဆင်းတုတော်၏အောက်၌လည်းရဟန်းမင်းကြီး၏ရည်ရွယ်ချက်များကိုရေးသားပူဇော်ထားသောဆုတောင်းမေတ္တာတိုလေးကိုလည်း ထားရှိထားသည်။ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့်အဘယ်ကြောင့်စိန့်ဂျိုးဇက်အားသဒ္ဓါကြည်ညိုခြင်းရှိရသည့်အကြောင်းကိုလည်း ဖိလစ်ပိုင်နိုင်ငံ၌မစ္ဆားပူဇော်စဉ်ရှင်းပြခဲ့သည်။အဘယ်ကြောင့်သဒ္ဓါကြည်ညိုရသနည်းဟူမူကား စိန့်ဂျိုးဇက်သည် စကားနည်းသူ၊ ဆိတ်ငြိမ်စွာနေတတ်သူ၊ ခွန်အားကြီးသူဖြစ်သည်။ ရဟန်မင်းကြီးက သူ၏ရုံးခန်း၌ စိန့်ဂျိုးဇက်ကိုထားရှိရသည့်အကြောင်းအရင်းမှာစိန့်ဂျိုးဇက်သည်ကျိန်နေသော်လည်းသာသနာတော်ကြီးကိုစောင့်ရှောက်ပေးလျက်ရှိသည်ဟု(ဇန်နဝါရီလ ၁၆၊ ၂၀၁၅)မိန့်ကြားခဲ့သည်။ရဟန်းမင်းကြီးဖရန်စစ်သည်လျောင်းစက်နေသောစိန့်ဂျိုးဇက်၏ဆင်းတုတော်ကိုအာဂျင်တီးနားနိုင်ငံရှိသူပထမကိုယ်တော်မြတ်နှင့်ခရစ္စမားအားပေးခြင်းစက္ကရာမင်တူးခံယူခဲ့သည့်ဘုရားကျောင်း၊ထိုဘုရားကြောင်း၌ပင်ရဟန်းဘိသိက်ခံယူပြီးနောက်ပထမမစ္ဆားတရားပူဇော်ခဲ့သောဘုရားကျောင်းသို့ပေးပို့လှူဒါန်းခဲ့သည်။ဗာတီကန်မှလျောင်းစက်နေသောစိန့်ဂျိုးဇက်ဆင်းတုတော်ကိုရဟန်းမင်းကြီးဖရန်စစ်မှလက်မှတ်ထိုးစေပြီးနောက်ပေးပို့ခဲ့သည်။အာဂျင်တီးနားမှအဆိုပါလက်ဆောင်ကိုလက်ခံရရှိသောဘာသာတူများမှာ၀မ်းသာအားရလက်ခံ၍ စီတန်းလှည့်လည်၍ကြိုဆိုခဲ့ကြသည်။ရဟန်းမင်းကြီးဖရန်စစ်၏ရည်ရွယ်အတိုင်းလည်းဆုတောင်းပေးခဲ့ကြသကဲ့သို့ဆက်လက်၍လည်းဆုတောင်းပေးကြမည်ဖြစ်သည်။
Credit News EWTN
ဘာသာပြန် - ဖာသာရ်ကလေးမင်အိန်ဂျယ်