Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-10-29 22:39:38

၂၃ အောက်တိုဘာ ၂၀၂၃၊ ရောမမြို့၊ စိန်ပီတာဘာစီလီကာ၌မိန့်ကြားခဲ့သော ကာဒီနယ်ချားလ်စ်ဘို၏ သြဝါဒ

"အတူတကွ ခရီးပြုနေသော မျှော်လင့်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့်တရားမျှတခြင်းဆီသို့"တက်လှမ်းရမည့်ခရီးရှည်ကာဒီနယ် ချားလ်စ်ဘိုရန်ကုန်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်၊ မြန်မာနိုင်ငံအာရှတိုက် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဌစိန်ပီတာ ဘာစီလီကာ၊ ၂၃ အောက်တိုဘာ ၂၀၂၃ချစ်လှစွာသော မိတ်ဆွေအပေါင်းတို့၊သခင်ခရစ်တော်၏ ငြိမ်းချမ်းခြင်းသည် သင်တို့နှင့်ရှိပါစေ။ကျွန်ုပ်တို့ရဲ့ ရှေးဘိုးဘေးများဖြစ်ကြတဲ့ အာဒံနဲ့ဧဝတို့ဟာ တစ်ချိန်က သိရှိခံစားခဲ့ကြရတဲ့နှစ်သိမ့်မှုနဲ့ ကျေးဇူးတော်များကို ဥပေက္ခာပြုပြီး အမိုက်မှောင်ဖုံးလွှမ်းတဲ့လမ်းကိုရွေးချယ်ခဲ့ကြတဲ့ အကြောင်း သမ္မာကျမ်းစာတော်မြတ်မှာ ကျွန်ပ်တို့တွေ့ရပါတယ်။အဲဒီအချိန်ကစပြီးလူသားမျိုးနွယ် တွေဟာ အဓိပ္ပါယ်မယိမ်းယိုင်တဲ့ ဝိညာဉ်ရေးရာရှာဖွေမှုတစ်ခုကို တစိုက်မက်မကလုပ်ဆောင် ခဲ့ကြတယ်။ထွက်မြောက်ရာကျမ်းထဲကခရီးစဉ်တစ်ခုမှာအဖိနှိပ်ခံနေရသူတွေကို လွတ်မြောက် စေသူအဖြစ် မိုးဇယ်အမည်ရှိသောသိုးထိန်းကို ခန့်အပ်ပြီး ဖာရောဘုရင်ရဲ့ မာနကို ရင်ဆိုင်ဖို့ ဘုရား သခင်ကို ပုံဖော်ထားခဲ့ပါတယ်။ဒီအခိုက်အတန့်မှာ ဘုရားရှင်ဟာ သမ္မာကျမ်းစာတော်က ထပ်တလဲလဲ ဖော်ပြနေတဲ့ပါစကားနက်နဲရာတွေကို အစပြုခဲ့ပြီး ကျိုးပဲ့ကြေမွနေတဲလူသားများနဲ့အတူ ကိုယ်တော်တိုင်အတူတကွ ပါရှိနေခဲ့ပါတယ်။ ဒီသတင်းစကားဟာ ရှင်းနေပါတယ်။ ဘုရားသခင်ဟာ သူ့ရဲ့လူတွေ ကို ဘယ်သောအခါမှ မစွန့်ပစ်ပါဘူး။ယုံကြည်ခြင်း၏ဖခင်ဖြစ်တဲ့ အာဗြဟံဟာ ဘယ်နေရာမှန်း မသိတဲ့အရပ်ကိုခေါ်တော်မူခြင်း ခံရပါတယ်။ ပထမကျမ်းစာမှာ ကြားနာခဲ့ကြရတဲ့အတိုင်း စိန့်ပေါလ်ကရောမမြို့သားတို့ထံ ပေးသောစာ မှာ အာဗြဟံကို စံနမူနာအဖြစ် တင်ပြခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့ဘဝအသက်တာနဲ့ ယုံကြည်ခြင်းအတွက် အမျိုးမျိုးသော ခရီးများကို စတင်တဲ့အခါ၊ မသေချာမရေရာတဲ့ ခရီးလမ်းကြောင်း ဦးတည်ရာကို မကြာခဏ တွေ့နေရပေမဲ့မယိမ်းယိုင်တဲ့ယုံကြည်ခြင်းနဲ့ မသိသေးတဲ့အရာတွေအတွက် စွန့်စားလျှောက် လှမ်းဖို့ကျွန်ုပ်တို့ကို ဖိတ်ခေါ်နေပါ တယ်။ အာဗြဟံရဲ့ ယုံကြည်ခြင်းဟာ သူ့ကို ဖြောင့်မတ်စေသလိုကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းဟာလည်း ကျွန်ုပ်တို့ကို ဖြောင့်မတ်ရာသို့ ရောက်စေတယ်။အဲဒီယုံကြည်ခြင်း ကတော့ ဘုရားသခင်ဟာ သူရဲ့ကတိတော်တွေကို ကျွန်ပ်တို့အတွက်အမြဲဖြည့်ဆည်းပေးတယ်ဆိုတဲ့ ယုံကြည်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဓမ္မညီလာခံ (synodal)ခရီးဟာ ပုံသေသင်္ချာညီမျှခြင်းများနဲ့ ကြိုတင်အစီအစဉ်ချထားတဲ့ အာကာသသိပ္ပံဆိုင်ရာခရီး(space odyssey) မဟုတ်ပါဘူး။ တကယ်တမ်း တော့ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကိုခေါ်တော်မူတဲ့အခါ ကိုယ်တော်တိုင် ကျွန်ုပ်တို့ရဲ့ ဦးဆောင်သူ၊ ကျွန်ုပ်တို့ရဲ့လမ်းပြမြေပုံနဲ့ကျွန်ုပ်တို့ရဲ့ လက်တွဲဖော် ဖြစ်လာပါတယ်။ယုံကြည်ခြင်းဆိုတာ ဘဝရဲ့ အမှောင်မိုက်ဆုံးနဲ့ အရှုပ်ထွေးဆုံး အခိုက်အတန့်တွေကိုထွန်းလင်းတောက်ပလာစေ ဖို့အတွက် အရိပ်များကို ထိုးဖောက်ဝင်ရောက်တဲ့အလင်းတန်းလိုမျိုးဘုရားသခင်ရဲ့ကျေးဇူးတော်တွေကို ကျွန်ုပ်တို့ သိမြင်လာစေပါတယ်။ ကျွန်ုပ်တို့ဟာအာဗြဟံလိုမျိုးပဲ ဘုရားသခင်ဟာ ဘယ်သောအခါမျှ မကျရှုံး‌ကြောင်းကို လက်ခံယုံကြည်ပြီးဓမ္မညီလာခံလမ်းစဉ်ကို (synodal journey) ပုံဖော်ခြင်းအားဖြင့် သာသနာတော်အားဖြောင့်မတ်စေဖို့ ခေါ်တော်မူခြင်း ခံရပါ တယ်။ဒီခရီးရှည်ကြီးမှာ ကျွန်ုပ်တို့နဲ့အတူ သံသယတွေ၊ စိုးရိမ်ပူပန်မှုတွေ ရှိနေပေမဲ့ ကျွန်ုပ်တို့အားလုံးအတွက် လွတ်မြောက်စေသူနဲ့ စံနမူနာအဖြစ် ဘုရားသခင်ရွေးချယ်ထားတော်မူတဲ့မိုးဇယ် ကဲ့သို့သော ပုဂ္ဂိုလ်များထံမှ အတုယူနိုင်ပါတယ်။ ကျွန်ုပ်တို့ရည်မှန်းထားတဲ့ပန်းတိုင်သို့မရောက်နိုင် သေးပေမဲ့ ဒီခရီးမှာ ပါဝင်ရခြင်းကိုက ကောင်းချီးမင်္ဂလာတစ်ခုပဲဖြစ်ပါတယ်။အနောက်အာရှနဲ့ ကမ္ဘာ တဝှမ်းက အခြားသောဒေသတွေမှာ မကြာသေးမီ ကဖြစ်ပွားခဲ့တဲ့ အရာတွေကို မြင်တွေ့ခဲ့ရတဲ့အတိုင်း ကမ္ဘာအနှံ့ ဖြစ်ပွားနေတဲ့မငြိမ်မသက်မှုတွေကြားထဲကနေပဲ ဒီဓမ္မညီလာခံခရီးစဥ်ဟာသာသနာတော်ကအစပြုပြီးလူသားမျိုးနွယ် အားလုံးအတွက်မျိုးဆက်တစ်ခုဆီကိုမျှော်လင့်ချက်ရှည်ကြီးနဲ့ ချီတက်နေတာကို ကျွန်ုပ်တို့နားလည်ပါတယ်။ယနေ့ဧဝံဂေလိကျမ်းစာတော်မြတ်က လူတွေရဲ့ ဆင်းရဲဒုက္ခနဲ့ ပဋိပက္ခတွေရဲ့ပင်မရင်းမြစ်ဖြစ်တဲ့မိမိကိုယ်ကိဦးစားပေး ဗဟိုပြုတတ်သော အတ္တဝါဒ မိဘရင်းအပြစ်အကြောင်း ဖော်ပြထားပြီး လူ့နှလုံးသားအတွင်း၌လောဘဇောအဖြစ်ကိန်းအောင်းနေကြောင်း မီးမှောင်းထိုးပြနေပါတယ်။ လောဘကြီးတဲ့ မြေပိုင်ရှင်တစ်ဦးရဲ့အသောမတတ်သောလိုချင်တပ်မက်မှုများဟာ မိမိကိုယ့်ကိုယ်ဖျက်ဆီးနေကြောင်းကိုသခင်ခရစ်တော်ကပုံဥပမာနဲ့ ဖော်ပြထားပါတယ်။ဘုရားသခင်ဟာ ကျွန်ုပ်တို့တစ်ဦးစီနဲ့ကျွန်ုပ်တို့ရဲ့သာသနာတော်အတွက်အစီအစဉ်ရှိပြီး၊ ကျွန်ုပ်တို့ရဲ့ ဘ၀ခရီးနဲ့ အစီအစဉ်တွေဟာလည်း ဘုရားရှင်ရဲ့ အလိုတော်နဲ့အညီ ဖြစ်နေရမယ်။ ချမ်းသာကြွယ်၀တဲ့မြေပိုင်ရှင်နဲ့သူအလွန် အကျွံစုဆောင်းထားတဲ့သိုလှောင်ရုံပုံဥပမာကဘာနဲ့တူသလဲဆိုရင် စစ်ပွဲများနဲ့လက်နက်လုပ်ငန်းများကြောင့် ချမ်းသာကြွယ်ဝမှုတစ်ဖက်မှာရှိနေချိန်သန်းနဲ့ချီသောဆင်းရဲဒုက္ခများလည်း ရှိနေကြောင်း ယနေ့ကမ္ဘာကြီးအတွက်သက်သေသာဓကဖြစ်နေပါတယ် စိန့်ပေါလ်ဟာ ရိုးရှင်းတဲ့ဖြေဆေး (antidote) ကို ပထမကျမ်းမှာ ဖော်ပြပေးထားပါတယ်။လူသားတွေအတွက် မျှော်လင့်ချက်နဲ့ ကုသခြင်းဆိုင်ရာကိုလိုလားနေသော ဘုရားသခင်ကိုယုံကြည်ပါ။သင်တို့ရဲ့အိပ်မက်ကို ဘုရားသခင်ရဲ့ အစီအစဥ်နဲ့အတူအမြဲနှိုင်းယှဉ်ပါ။”ဒီသတင်းစကားဟာယနေ့ ဧဝံဂေလိတရားတော်ကို ထင်ဟပ် နေစေပါတယ်။ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က မကြာသေးမီကသူ့ရဲ့အထင်ကရစာချွန်တော်များထဲမှာ အလေးပေးဖော်ပြခဲ့တဲ့အတိုင်း လူသားတို့ရဲ့လောဘဟာကျွန်ပ်တို့ကမ္ဘာမြေကြီးပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေကိုနက်ရှိုင်းစွာစွဲနေစေပြီးသန်းနဲ့ချီတဲ့လူသားတို့ရဲ့ဂုဏ်သိက္ခာဟာ ဖယ်ရှားခံခဲ့ရပါတယ်။ဒီစာချွန်တော်တွေဟာလူသားများနဲ့ကမ္ဘာမြေကို ကယ်တင်ဖို့ ပြန်လည်သင့်မြတ်ရေး အချက်သုံးချက်ကိုတောင်းဆိုနေပါတယ်။အဲဒီအချက် ၃ ချက်ကတော့ ဘုရားသခင်နှင့် ပြန်လည် သင့်မြတ်ကျေအေးခြင်း(Evangelii Gaudium)၊ သဘာဝနှင့် ပြန်လည်သင့်မြတ်ကျေအေးခြင်း (Laudato Si)၊ နှင့် အချင်းချင်းပြန်လည်သင့်မြတ်ကျေအေးခြင်း (Fratelli Tutti) တို့ဖြစ်ကြပါတယ်။ ကျွန်ုပ်တို့ရဲ့ဓမ္မညီလာခံခရီးဟာ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုတို့၌ ကမ္ဘာကြီးကို ကုသပေးဖို့နဲ့ပြန်လည်သင့်မြတ် ကျေအေးစေဖို့ပဲဖြစ်ပါတယ်။ လူသားမျိုးနွယ်ကိုကယ်တင်ဖို့နဲ့မျှော်လင့်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့၊ တရားမျှတမှုကမ္ဘာကို ဖန်တီးဖို့ တစ်ခုတည်းသောနည်းလမ်းမှာလူသားတွေရဲ့ ကမ္ဘာလုံးဆိုင်ရာလူသားအားလုံး အတူတကွခရီးပြုကြမှသာ (စည်းလုံးညီညွတ်မှုမှသာ)ဖြစ်နိုင်ပါလိမ့်မယ်။အစ်ကိုဖြစ်သူနဲ့ အမွေကိစ္စအငြင်းပွားမှုကို ဖြေရှင်းပေးဖို့သခင်ခရစ်တော်၏အကူအညီကို တောင်းခံ ခဲ့တဲ့အမျိုးသားတစ်ဦးအကြောင်းကိုဧဝံဂေလိကျမ်းစာတော်မြတ်ထဲက ပုံဥပမာက ပုံဖော်ထားပါတယ်။ ဒီဓမ္မညီလာခံအတွင်း၊ကျွန်ုပ်တို့ရဲ့ စိုးရိမ်ပူပန်မှုတစ်ခုကတော့ နောင်လာ နောက်သားတွေ အတွက် ချန်ထားခဲ့ရမယ့်အမွေအနှစ်ပဲဖြစ်ပါတယ်။ နောင်မျိုးဆက်သစ်လူငယ်များရဲ့ ရပိုင်ခွင့် အမွေအနှစ်တွေဖြစ်တဲ့ပြည့်ဝစုံလင်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ပိုမိုငြိမ်းချမ်းတဲ့ကမ္ဘာကြီးကို နောင်လာနောက်သားလူငယ်တွေဆီကနေ ချေးငှါးအသုံးပြုခဲ့တာကြောင့် အန္တရာယ်ကျရောက် နေပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုဟာ လူ့အဖွဲ့အစည်းများနဲ့ သန်းပေါင်းများစွာသော အသက်မွေး ဝမ်းကျောင်းများကိုဖျက်ဆီးနေခဲ့ပြီး နောင်မျိုးဆက်တွေကို ခြိမ်းခြောက်လျက် ရှိနေပါတယ်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က မျိုးဆက်သစ်များအတွက် တရားမျှတသော သဘောထားအယူအဆကို အာရုံစိုက်လျက် ရှိပါတယ်။အာရှတိုက်ရဲ့ ဆရာတော်ကြီးများအနေနဲ့ ကျွန်ုပ်တို့ဟာ ရာသီဥတုကြောင့် ဖြစ်ပေါ်လာတဲ့သဘာဝ ဘေးအန္တရာယ်များကြောင့် ကျွန်ုပ်တို့ရဲ့ ဒေသအပေါ် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို ကောင်းစွာ သတိပြုမိကြပါတယ်။ ကျွန်ုပ်တို့မှာသိသာထင်ရှားတဲ့ လူဦးရေရှိသည့် ဌာနေခရစ်ယာန် အသိုင်းအဝိုင်းများအခြေချရာဒေသတွေရှိပါတယ်။ အဲဒီဒေသတွေဟာ အထူးသဖြင့် တောင်တရုတ် ပင်လယ်၊အိန္ဒိယအလယ်ပိုင်း၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့ ဖြစ်ကြပါတယ်။ ဒီလူမှုအဖွဲ့အစည်းအသိုင်းအဝိုင်းများဟာ သဘာဝတရားကို ကာကွယ်စောင့်ရှောက်သူများဖြစ်ကြသော်လည်းဘဲယခုခေတ်ကာလရဲ့အယူဝါဒများ၊ ကိုလိုနီပြုခြင်းနဲ့ သယံဇာတ အမြတ်ထုတ်ခံရခြင်းတို့ကိုလည်းခံစား နေကြရပါတယ်။ အာရှတိုက်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် FABC ဟာ အဖွဲ့ရဲ့နှစ်ငါးဆယ် မြောက်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့်၊ ဒီဒေသတွေမှာရှိနေတဲ့ကျွန်ုပ်တို့ကမ္ဘာမြေရဲ့ အဆုတ်များ ဖြစ်ကြတဲ့ သစ်တောများ အစုအဝေးလိုက်ပျက်စီးခြင်းနဲ့ဌာနေတိုင်းရင်းသား လူမျိုးများ အပေါ်အကြမ်းဖက်မှုများတိုးပွားလာခြင်းတို့အပေါ်ကို ကမ္ဘာ့ကသတိပြုမိစေဖို့ ကျွန်ပ်တို့ကြိုးစားခဲ့ကြ ပါတယ်။အာရှတိုက်ဟာ ကမ္ဘာ့ဘာသာတရားကြီးများ မွေးဖွားရာ အရပ်ဖြစ်ပြီး၊ ခရစ်တော်ရဲ့သတင်းစကား ပထမဆုံး အမြစ်စွဲခဲ့တဲ့ဒေသလည်း ဖြစ်ပါတယ်။ အာရှတိုက်သာသနာတော်ဟာသမိုင်း တစ်လျှောက်မှာ စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရသော်လည်း တက်ကြွပြီး နုပျိုနေဆဲဖြစ်ပါတယ်။ အာရှတိုက်ရှိ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်း ခရီးစဥ်ဟာ အခက်အခဲရှိသော်လည်းဒီဓမ္မညီလာခံ အစည်အဝေးက တမန်တော်များ ဧဝံဂေလိတရားဟောပြော တဲ့နေ့တွေဆီပြန်သွားဖို့ ကျွန်ုပ်တို့ကို ခွန်အားပေးလျက် ရှိပါသည်။ ကမ္ဘာလုံးဆိုင်ရာ သာသနာတော်ရဲ့ဓမ္မညီလာခံမှ အားပေးစေ့ဆော်မှု ကြောင့် “အကောင်းမြင်ခြင်းဖြင့် 21 ရာစုသည်သခင်ခရစ်တော်အတွက်” ဆိုတဲ့ အာရှတိုက်အတွက် တောင်းဆိုချက်ကိုကျွန်ပ်တို့လက်ခံပါတယ်။အာရှတိုက်မှာ ဘယ်အရပ်ဒေသကမှ ခရစ်ယာန်ယုံကြည်ခြင်းခရီးအပေါ်ကိုမြန်မာနိုင်ငံထက် ပိုပြီး စိန်ခေါ်တဲ့နေရာမရှိပါဘူး။လက်ရှိမှာ သဘာဝဘေးအန္တရာယ်များနဲ့လူတို့ဖန်တီးတဲ့ အကျပ် အတည်းများကြောင့် ကွဲပြားလျက်ရှိပြီး ကျွန်ုပ်တို့ရဲ့သိုးစုငယ်လေးဟာဘက်ပေါင်းစုံမှ အကျပ်အတည်း များနဲ့ ကြီးမားသောဒုက္ခများကို ခံစားနေကြရပါတယ်။ကျွန်ုပ်တို့ရဲ့ လူများဟာ ထွက်ခွာ(Exodus) နေကြရပါတယ်။ နေအိမ်များလည်းပျောက်ကွယ်သွားပါပြီ။ ခရစ်ယာန်ဘုရားကျောင်းများလည်းပဲ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့လောင်ကျွမ်းနေရပါပြီ။ ကားတိုင်လမ်းဟာလည်း အာရှတိုက်ရဲ့ နေရာအတော်များများမှာနာကျင်ဖွယ်ရာတစ်ခု ဖြစ်နေပါတယ်။ဒါပေမဲ့လည်း လက်ဝါးကပ်တိုင်လမ်းတစ်လျှောက်မှာ သခင်ယေဇူးနောက်လိုက်ခဲ့တဲ့သစ္စာရှိ အမျိုးသမီးများလိုပဲ မြန်မာနိုင်ငံနဲ့ အာရှတိုက်ကသာသနာတော်ဟာပြန်လည်သင့်မြတ်ကျေအေးရေးဆိုတဲ့ မျှော်လင့်ချက်ပေါ်မှာရင်းနှီးမြှုပ်နှံထားပါတအဲဒီအမျိုးသမီးတွေယုံကြည်ခဲ့သလို ဒဏ်ရာများအားလုံးကုသခံရပြီး ပျောက်ကင်းသွားမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့အတူ၊ မျှော်လင့်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် တရားမျှတခြင်းတို့ရဲ့အရုဏ်ဦးဟာ ကာလကြာရှည်စွာ နာကျင်ခံစားနေရတဲ့ နိုင်ငံအပေါ် ထွန်းလင်းလာမယ်လို့ယုံကြည်ရင်းကျွန်ုပ်တို့ရဲ့ မျက်ရည်များနဲ့ပြည့်နေသောအတူတကွ ခရီးပြုခြင်းကိုဆက်သွားပါမယ်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ရဲ့ ဦးဆောင်လမ်းညွှန်မှုအောက်မှာ ကက်သလစ်သာသနာတော်ဟာ လူသားမျိုးနွယ် မိသားစုတစ်စုလုံး၊ ကျွန်ုပ်တို့ကမ္ဘာနဲ့ ကျွန်ုပ်တို့ရဲ့ကမ္ဘာဂြိုဟ်ကို ကုစားပေးပြီး နောက်ဆုံးမှာ ကျွန်ုပ်တို့ကို ကောင်းကင်သစ်နဲ့ မြေကြီးအသစ်ဆီသို့ပို့ဆောင်ပေးပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်။အာရှတိုက်မှပြည်သူများကိုယ်စားကျွန်ုပ်တို့ဟာ သင်တို့တစ်ဦးချင်းစီတိုင်းကိုပျော်ရွှင်ဖွယ်ကောင်းသောရှေ့ခရီးလမ်းကို စိတ်အားထက်သန်စွာအရောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဘာသာပြန်-ဆရာ ဦးဖရန်စစ်အောင်မင်းနောင်

 

Photo Crd

Posted by Sr. Benedetta Myat Hnin Nwe(ISR)

NEWS AND EVENTS
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။