Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-12-15 10:18:23

  ‘သခင့် ပျိုးဥယျာဥ်ထဲက ခြေလှမ်းလေး’

ပျိုးဥယျာဥ်ထဲကသစ်ပင်၊ပန်းပင်များတွေဟာမြေသြဇာ၊အစာအဟာရထည့်ကာတူးဆွ၊ရေလောင်းပြုစုပျိုးထောင်ပေးရခြင်းက သဘာဝပါ။သဘာဝဓါတ်ကြီးလေးပါသည်လည်းလူ၊သတ္တဝါ၊သစ်ပင်ပန်းမာလ်တွေအတွက် မရှိမဖြစ်လိုအပ်သောအရာတွေဖြစ်တယ်။ ဤကဲ့သို့ပြုစုပျိုးထောင်ပေးရခြင်းဟာ ရှင်သန်ကြီးထွားလာဖို့၊သီးပွင့်ဝေဆာလာဖို့၊လူ၊သတ္တဝါတွေအားလုံးအတွက် အကျိုးပြုခွန်အားဖြစ်စေဖို့ဖြစ်ပါတယ်။ထိုနည်းတူကျွန်ုပ်တို့တတွေလည်းပဲ ငယ်စဥ်ကမိဘများမွေးဖွားသန့်စင်ပေးခဲ့ပြီးပြုစုပျိုး‌ထောင်ပေးကာ ရှင်သန်ကြီးထွားတိုးတက်အောင်မြင်လာခဲ့ကြတယ်။ဒါတွေဟာ ယုံကြည်စိတ်ချရပြီးလုံခြုံမှုပြည့်ဝတဲ့ပျိုးဥယျာဥ် မိဘရင်ခွင်အရိပ်အောက်ကဖြစ်ပါတယ်။ထပ်ဆင့်ပြီးခရစ်တော်၏ခေါ်သံနောက်သို့ ဘဝတစ်သက်စာလျှောက်လှမ်းနိုင်ဖို့ရန်သခင့်ပျိုးဥယျာဥ်ထဲကခြေလှမ်းလေးဖြင့်ခရီးဆက်ရမှာဖြစ်တဲ့အတွက်အာဗြာဟံ၏ယုံကြည်ခြင်းကဲ့သို့ ဘုရားသခင်ကို လုံးလုံးလျားလျားယုံကြည်ကိုးစားအပ်နှံထားပြီး သဘာဝဓါတ်ကြီးလေးပါးလိုပင် ဥယျာဥ်မှူး၏ ပြုပြင် လမ်းညွှန်အကြံပေးခြင်း၊ကာယ၊ဝိညာဥ်လိုလပ်ချက်များဖြည့်စွက်ပေးခြင်းများကို ယုံကြည်လက်ခံကာရဲဝံ့စွာခြေလှမ်း အစမှခြေလှမ်းအဆုံးထိ ဆက်သွားရမှာဖြစ်ပါတယ်။ သခင့်ပျိုးဥယျာဥ်ထဲကခြေလှမ်းလေး မှ ဘုရားတရားကိုင်းရှိုင်းခြင်း၊ယုံကြည်ခြင်း၊ဖြူစင်၊ရိုးသား၊ပွင့်လင်း၊နာခံခြင်းနှင့်နှိမ့်ချစွာပုံမှန် လျှောက်လှမ်းခြင်းအားဖြင့်အနာဂတ်အသင်းတော် သာသနာအတွက်၊အများပြည်သူအကျိုးအတွက်၊ဘုရားသခင်၏ဘုန်းတော်ဂုဏ်တော် နိုင်ငံတော်တိုးတက်ရေးအတွက်၊မိမိနှင့်နီးစပ်သောသူများအတွက် မားမားမတ်မတ်ရပ်တည်နိုင်သော ခြေလှမ်းများဖြစ်ပြီးဘဝအောင်မြင်ခြင်းပန်းတိုင်ဆီသို့ မလွဲဧကန်အမှန် ရောက်ရှိနိုင်မယ်။ သခင့်ပျိုးဥယျာဥ်ထဲက စတင်ခဲ့သောခြေလှမ်းများဟာသံတယစိတ်များ၊ဦးတည်ရာမဲ့ခြင်း၊တောင်မြောက်သို့ရောက်ကာ ယိုင်ဒီးယိုင်တိုင် ဖြစ်ခဲ့ပါလျှင်အောင်မြင်ခြင်းပန်းတိုင်ဆီသို့ရောက်နိုင်ဖို့မသေချာပါ။ ဆက်လှမ်းနေရင်းနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ စုံစမ်းနှောက်ယှက်ခြင်း၊အခက်ခဲတွေဟာအောင်မြင်ခြင်းအတွက်ပုစ္ဆာတစ်ပုဒ်ဖြစ်ပါတယ်။ ဘုရားရှင်ထံခွန်အားယူကာမိခင်မယ်တော်မာရီးယား၏ကြားဝင်ဆုပန်ခြင်းကို တောင်းခံပြီးခရီးဆက်ပါ။ မယ်တော်နဲ့ခရီးပြုခြင်းသည်ဘဝအားဆေးတစ်ခွက်ဖြစ်ပါတယ်။ အားမလျှော့ပဲဇွဲရှိရှိ ဆုတောင်းပါ။ဆက်သွားပါ။အရာရာတိုင်းမှာဘုရား ကူညီဖေးမကာအောင်မြင်မှုရရှိမယ်။ယုံကြည်စိတ်ချစွာလှမ်းခဲ့သောခြေလှမ်းတိုင်း၏တန်ဖိုးအကျိုးရလဒ်သည် ဘဝရှေ့ရေးအတွက်အသီးအပွင့်ဖူးပွင့်ဝေဆာခြင်းနှင့်အတူသာသနာ့လယ်ကွင်းမှာ ပေးအပ်သမျှတာဝန်များကို မိမိကိုယ်ကိုယုံကြည်စွာနဲ့ပျော်ပျော် ရွှင်ရွှင် ဆက်ကပ်ထမ်းရွက်နိုင်မည်ဖြစ်ပါတယ်။ 

ဒက်ဇူးမယ် (ISR)

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။