သူတော်မြတ် ကားလို၏ သင်္ချိုင်းဂူအား အမြဲတန်းဖွင့်လှစ်ထားရန်ကြေငြာခြင်း
ဗွီဒီယိုမက်ဆေ့ခ်ျတစ်ခုတွင် အက်စီစီမှ ဂိုဏ်းအုပ်ဆရာတော်ကြီး ဒိုမီနီကိုဆိုရင့်တိုနိုက သူတော်မြတ် Carlo Acutis ၏ ဂူသင်္ချိုင်းကို ဤတစ်ကြိမ်တွင် အမြဲတန်းဖွင့်လှစ်ထားမည် ဟုကြေငြာခဲ့သည်။ သင်္ချိုင်းဂူကို ပထမဆုံး ၂၀၂၀၊ အောက်တိုဘာ ၁ ရက်နေ့တွင် သူတော်မြတ် ကားလိုအား လာရောက်ဖူးမြော် နိုင်ကြရန်အတွက် ဖွင့်လှစ်ခဲ့ပြီး၊ အောက်တိုဘာ ၁၉ ရက်တွင်ပြန်ပိတ်ခဲ့သည်။ အခမ်းအနားအပြီး၊ Carlo Acutis ၏သင်္ချိုင်းဂူကို မပိတ်မီ ဆရာတော်ကြီး Sorrentino က ပြောသည်မှာ “သူဟာ ကျွန်ုပ်တို့ကို အံ့သြဖွယ်ရာ၊ မစဥ်းစားတတ်လောက်အောင်၊ မယုံနိုင်လောက်အောင်၊ လှပတဲ့နေ့ရက်များထဲ ရှင်သန်ဖို့ ဖန်တီးပေးခဲ့တယ်။ အနာဂတ်မှာ ကျေးဇူးတော် အသီးအပွင့်များကို သယ်ဆောင်လာဖို့ ယခုအချိန်ဟာ တကယ့်ကျေးဇူးတော်အချိန် ဖြစ်တယ်။ ယုံကြည်သူများအတွက် တကယ့်ပေါင်းစပ်ခြင်းဆိုတာ ကျွန်ုပ်တို့ထဲက ကားလိုရဲ့ သူတော်စင်အဖြစ် အမှတ်လက္ခဏာဖြစ်တယ်။ ဒီလို ရောဂါကူးစက်ပျံ့နှံ့တဲ့ အချိန်မှာ သင်္ချိုင်းဂူကို ဖွင့်ထားရန်မဖြစ်နိုင်ပါ။ ဘေးကင်းလုံခြုံမှုရှိရန်အတွက် ၎င်းကိုပိတ်ထားဖို့ ကျွန်ုပ်တို့တိုက်တွန်းခဲ့တယ်။ အခြေအနေကောင်းမွန်လာသည်နှင့် သင်္ချိုင်းဂူကို အမြဲတန်းပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။” ဟု ဆရာတော် Sorrentino ကပြောကြားခဲ့သည်။
ထိုစဥ်အတောအတွင်း၌ ဘာသာသူများနှင့် ပုံမှန်လာရောက်သူများအတွက် သင်္ချိုင်းဂူကို ဖွင့်ထားဆဲဖြစ်သည်။ ပြီးခဲ့သည့်နှစ်၊ သင်္ချိုင်းဂူဖွင့်လှစ်ခဲ့သည့်အချိန်ကာလအတွင်း သူတော်မြတ် ကားလိုအား လာရောက် သဒ္ဓါကြည်ညိုဆုတောင်းသူများ ၄၁၀၀၀ ကျော်ခန့် ရှိခဲ့သည်။ အများပြည်သူများ ကြည်ညိုလေးမြတ်မှုအတွက် သင်္ချိုင်းဂူကို အပြီးအပိုင်ပြန်ဖွင့်သည်နှင့်တပြိုင်နက် လာရောက်ကြမည့်လူဦးရေများ ပိုမိုတိုးလာလိမ့်မည်ဟုမျှော်လင့်ရသည်။
#Crd to Tropa ni Carlo Acutis
#Sr. Petronilla (SFX)