Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-09-27 04:47:02
#The young priest who rescued people during WWII declared Venerable
#ဒုတိယကမ္ဘာစစ်ကာလက လူများ၏အသက်ကိုကယ်တင်ခဲ့သောရဟန်းပျိုကြည်ညိုလေးစားရသူအဖြစ်ကြေညာခံရ
အမိကက်သလစ်သာသနာတော်ကြီး၌ ရဟန္တာတစ်ပါးတင်မြောက်နိုင်ရန်အတွက် အဆင့် (၄) ဆင့်ရှိသည်။
(၁) ဘုရားသခင်၏အစေခံအဖြစ်ကြေညာခြင်း (the Servant of God)
(၂) ကြည်ညိုလေးစားရသူအဖြစ်ကြေညာခြင်း (the Venerable)
(၃) သူတော်မြတ်အဖြစ်ကြေညာခြင်း (Blessed)
(၄) ရဟန္တာအဖြစ်ကြေညာခြင်း (Saint) တို့ဖြစ်သည်။
မကြာမီက ‘ကြည်ညိုလေးစားရသူ’ အဖြစ်ကြောခံလိုက်ရသောရဟန်းပျိုမှာ Bernnard of the Mother of Beautiful ဖြစ်ပါသည်။ သူသည် ဒုတိယကမ္ဘာစစ်အတွင်း၌ တိတ်ဆိတ်စွာဖြင့်သူရဲကောင်းမှတ်တမ်း၀င်ခဲ့ယူများအနက် တစ်ဦးဖြစ်သည်။ သူပျံလွန်ချိန်၌ သက်တော် (၃၀) သာရှိသေးပြီး၊ ပိုလန်နိုင်ငံ၌ပျံလွန်ခဲ့သည်။ သူသည် ‘ယေဇူးသခင်၏ ဒဏ်ရာတော်’ (the Passion) အသင်း၀င်ဘုန်းတော်ကြီးဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကာလ၌ သူသည်ပိုလန်နိုင်ငံ၌သိုသို သိပ်သိပ်သီတင်းသုံးနေခဲ့ရသူဖြစ်သည်။
သူ့အား ရဟန္တာတင်မြောက်နိုင်ရေးအတွက် သတင်းအချက်အလက်များစုဆောင်းတင်ပြရေးတာ၀န်ကိုယူထား သော ၄င်း၏အသင်း၀င်ဘုန်းတော်ကြီး Cristiano Massiomo Parisi မှစုဆောင်းရရှိသောအချက်အလက်များအနက် ဤ ရဟန်းပျိုသည် ဒုတိယကမ္ဘာစစ်ကာလက ဗုံးဆံ၊ ကျည်မှန်၊ အဆောက်အဦးများပြိုကျပျက်စီးမူများကြား အသက်ရှင်သန် ကျန်ရစ်သူများကို အခြေအနေအရ ပေါက်တူး၊ ပေါက်ပြား၊ တူရွင်းများမပါဘဲနှင့်လည်း လက်ချောင်းများဖြင့်အပျက်အစီး ကြားတူးဖော်ရှာဖွေခဲ့သူဖြစ်သည်။ သေဆုံးသွားကြသူများကိုလည်း ခရစ်ယာန်တို့၏ဓလေ့အတိုင်း ဂုဏ်သိက္ခာရှိရှိမြှုပ်နှံ သဂြိုလ်ပေးခဲ့သည်။ အသေဘဲဒဏ်ရာများဖြင့်ရှင်သန်ကျန်ရစ်သူများကိုမူ ကိုယ်တိုင်ထမ်း၍ဆေးရုံသို့ပို့ဆောင်ပေးခဲ့ သည်။ ထိုမျှသာမဟုတ်။ သူသီတင်းသုံးသော ကျောင်းအနီးအနားရှိ ဆေးရုံများ ဗုံးဖောက်ခွဲခံရသောအခါမျိုး၌လည်း သူ ၏ဘုန်းကြီးကျောင်းကိုဆေးရုံအဖြစ် လူနာများကိုစောင့်ရှေဦက်ကုသပေးခဲ့သည်။
သူသည် ၀ိညာဉ်ရေးဆိုင်ရာစာပေများကိုလည်းရေးသားခဲ့သူဖြစ်သည်။ ၀ိညာဉ်ရေးစာပေများရေးသားသည် ဟုဆိုရာ၌ စာမျက်နှာများစွာပါသော စာအုပ်ထူထူထဲထဲများကိုရေးသားခဲ့ခြင်းထက် တစ်နေ့တာအတွင်း ၀ိညာဉ်ရေးအ တွေးကောင်းများပေါ်လာသောအခါ စာရွက်အပိုင်းအစများပေါ်တွင်ချက်ချင်းချရေးမှတ်ထားတတ်သည်။ ထိုစာရွက်အ ပိုင်းအစကို မစ္ဆားပလ္လင်ခြေရင်း၌သွားချထားလေ့ရှိသည်။ ထိုစာရွက်အပိုင်းအစကို တစ်နေ့တာ၏တစ်ချိန်ချိန်၌ ကြုံ ကြိုက်သောဘာသာတူတစ်ဦးဦးကထိုစာရွက်အပိုင်းအစကိုယူ၍ မှတ်သားထားလေ့ရှိသည်။ အံ့အားသင့်စရာကောင်း သည်မှာ သူချရေးလိုက်သောအကြောင်းအရာတိုင်းသည် ထိုစာရွက်အပိုင်းအစကိုတွေ့သွားသောသူအတွက် သမင်ရည် ရွယ်ရေးသားသကဲ့သို့ တိုက်ရိုက်သက်ဆိုင်နေပါသည်။ သူသက်ရှိထင်ရှားရှိနေစဉ်ကပင်လျှင် ၄င်းတို့၏အသင်း၀င်ထဲမှ ရဟန္တာဖြစ်သွားခဲ့သော ‘စိန့်ဂါဘရီအဲလ်’ (Gabriel of Our Lady of Sorrows) နှင့်တူသည်ဟုသတ်မှတ်ခဲ့ကြသည်။ အဆိုပါ ရဟန္တာသည် လူငယ်တို့ကိုမှိုင်းမသောရဟန္တာဖြစ်သည်။ စိန့်ဂါဘရီအဲလ်သည်လည်းကောင်း၊ ကြည်ညိုခံရသူအဖြစ် သတ် မှတ်ခံရသူတို့နှစ်ပါးလုံးသည် အလွန်လေးစားဖွယ်ကောင်းပြီး၊ အလွန်ရည်မွန်သိမ်မွေ့ကြသည်။ ဤအရည်အချင်းနှစ်ခု သည် အသင်းအဖွဲ့နှင့်နေထိုင်ရာတွင်အလွန်အရေးကြီးသောအချက်ဖြစ်သည်။ ဤအရည်အချင်းများသည် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့်ချစ်ခြင်းပါရမီကိုအားကောင်းလာစေသည်။ ဤအရည်အချင်းများကို ၄င်းတို့နှစ်ပါးလုံးကျင့်ကြံရှင်သန်ခဲ့ ကြသည်။ ရဟန်းမင်းကြီးက သူ့အားကြည်ညိုခံထိုက်သူအဖြစ် မကြာမီကကြေညာလိုက်ခြင်းဖြင့် ပိုလန်နိုင်ငံမှ ‘Passionists’ အသင်း၏ပထမဦးဆုံးရဟန္တာဖြစ်လာပြီး၊ အသင်းတစ်ခုလုံး၏ (၂၄) ပါးမြောက် ကြည်ညိုခံထိုက်သူဖြစ်လာ သည်။ ‘Passionists’ အသင်းတစ်ခုလုံးအနေဖြင့် ရဟန္တာ (၇) ပါး၊ ကြည်ညိုခံထိုက်သူ (၂၄) ပါး၊ ဘုရားသခင်၏အစေခံ (၉) ပါးရှိပြီဖြစ်သည်။
#ဖာသာရ် ကလေးမင်းအားတယ်
Photo Crd..
NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။