Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-05 01:00:02
Mother who chose adoption over abortion is reunited with her son after 33 years
မိမိရင်သွေးအား သန္ဓေသားဘ၀ကဖျက်ချရန်ထက် မွေးဖွားရန်ရွေးချယ်ခဲ့သောမိခင်
#Fr.ClementAte
အချိန်အားဖြင့် (၃၃) နှစ်ကြာခဲ့ပါပြီ။ မိခင်တစ်ဦးသည် မိမိ၏ရင်သွေးကို သန္ဓေသားဘ၀ကဖျက်ချရန် ဖိအား များရှိခဲ့သော်လည်း မွေးရန်ကိုသာရဲ၀ပြတ်သားစွာရွေးချယ်ခဲ့သည့်မိခင်မှာ Melanie Pressley ဖြစ်သည်။ ထိုအဖြစ်ကြုံ ခဲ့ရချိန်၌ Melanie Pressley သည် အသက် (၁၈) နှစ်သာရှိသေးသည်။ သူ၏အနာဂါတ်ကား မသေချာမရေရာခဲ့။ သူ၏ အနာဂါတ်မသေချာသည်ထက် သူလွယ်ထားရသော ဘာမျှမသိသေးသောရင်သွေး၏ အနာဂါတ်ကားပို၍ပင်မသေချာ ပေ။ ထိုအခြေအနေ၌ အကူအညီအနည်းငယ်ပင်ရလိုက်ခြင်း၊ လက်တစ်ဖက်ဆန့်ထုတ်၍ကူညီထူမပေးခြင်းပင်လျင် ဖော်မပြ၊ မေ့မရနိုင်သောအကူအညီပင်ဖြစ်ပေမည်ဟုခံစားခဲ့ရသည်။
သူသည်အသက်အရွယ် ငယ်ရွယ်နုနယ်လွန်းခြင်း၊ မည်သည့်အတွေ့အကြုံမျှမရှိခြင်း စသည်တို့ကြောင့်တစ်ဦး တည်းခံထမ်းခံစားခဲ့ရသည်။ ထိုပြဿနာကိုဖြေရှင်းရန်အတွက် သူ၏ချစ်သူမှာ အခြားသောနည်းလမ်းကိုတွေးတော ခြင်းထက် အလွယ်လမ်းဖြစ်သည့်သန္ဓေဖျက်ချရန်သာဖိအားပေးနေခဲ့သည်။ Melanie Pressley သည် ဘာမျှမသိနားမ လည်သော်လည်း သန္ဓေသားကိုဖျက်ချခြင်းသည် အသက်ကိုသတ်ဖြတ်ခြင်းဖြစ်သည်ကိုမူ အလိုလိုသိနေခဲ့သည်။ ချစ် သူအဘယ်သို့ဖိအားပေးတိုက်တွန်းနေစေကာမူ အဘယ်သူ၏အကြံပေးမူ၊ အားပေးမူမပါဘဲလျှက် သန္ဓေသားကိုဖျက် ချမည်ထက် မွေးဖွားရန်သာပိုင်းဖြတ်ထားသည်။
အလွန်ပြင်းထန်သော လွန်ဆွဲပွဲ၏အဆုံး၌ Melanie Pressley သည် သားလေးတစ်ယောက်ကိုမွေးဖွားခဲ့သည်။ ထို့နောက် မွေးစားမည့်သူရှိကမွေးစားစေရန် စီစဉ်ခဲ့သည်။ ထိုအစီအစဉ်အတွက် သူ၏မိသားစု၀င်များကလည်းကူညီ ပေးခဲ့သည်။ နောက်ဆုံး၌ သားမီးမွေးစားလိုသူများအား ချိပ်စက်ပေးသော၀န်ဆောင်မူပေးသည့်အဖွဲ့၏အကူအညီ ဖြင့် သားဖြစ်သူ၏အနာဂါတ်သည် လုံခြုံသွားပါတော့သည်။ ထိုအဖြစ်အပျက်ကား (၁၉၈၈) ခုနှစ်က ဖြစ်ပျက်ခဲံသည်။
Melanie Pressley သည် သူ၏သားကိုအမည်ပင်မပေးဘဲ မွေးစားမည့်မိဘများအားပေးအပ်ခဲ့သည်။ အဘယ် ကြောင့်ဆိုသော် မွေးစားမည့်မိဘများအနေဖြင့် ၄င်းတို့၏မျိုးဆက်အဖြစ် အမျိုး၏အမည်ကိုပေးစေလို၍ဖြစ်ကြောင်း ရှင်းပြပါသည်။ အဘယ်ကြောင့်ဆိုသော် မိခင်ဖြစ်သောသူ့အနေဖြင့် အားလုံးထက်အရေးကြီးသော အသက်ကိုပေးခဲ့ပြီ ဖြစ်ကြောင်း၊ ထို့အတူ မိဘအရင်းနှင့်မွေးစားမိဘတို့၏ချစ်ခြင်းမေတ္တာကိုခံစားခွင့်ရစေခဲ့ပြီဖြစ်သည်။
မွေးဖွားပြီးနောက် သူနာပြုဆရာမက သူ့အား သားဖြစ်သူ၏လက်ကို ခဏတာထိတွေ့ကိုင်တွယ်ခွင့်ပြုခဲ့ သည်။ ဥပဒေအရ ဤသို့ပြုလုပ်ခွင့်မရှိသော်လည်း မိခင်ဖြစ်သူအား နောက်ဆုံးအခွင့်အရေးအဖြစ် ဥပဒေဘောင်ကို ကျော်လွန်၍ခွင့်ပြုခဲ့သည်။ မိခင်ဖြစ်သူက သားဖြစ်သူ၏လက်ကို ပထမဆုံးအကြိမ် ကိုင်တွယ်နေသည့်ပုံကို Melanie Pressley ၏အစ်မဖြစ်သူက ဓာတ်ပုံရိုက်ယူထားလိုက်သည်။ ထိုမှတ်တမ်းဓာတ်ပုံသည် သူ့အတွက် အိမ်ထောင်ကျ၍ သားသမီး (၃) ယောက်ထွန်းကားသည်အထိ အမှတ်တရဖြစ်နေခဲ့သည်။ အခြေအနေကြောင့် သူ၏သားဦးကိုကိုယ် တိုင်မွေးဖွားခဲ့သော်လည်း ကိုယ်တိုင်ပြုစုပျိုးထောင်ခွင့်မရခဲ့သော်လည်း ထိုမိခင်နှင့်သားသံယောဇဉ်နှောင်ကြိုးသည် ဘ၀တစ်လျှောက်၌မြဲခိုင်နေခဲ့သည်။
ထိုသံယောဇဉ်နှောင်ကြိုးသည် (၃၃) နှစ်တိုင်သည်အထိမြဲခိုင်လျှက်ရှိနေခဲ့သည်။ ယခုသူ၏သားကား Greg Vossler အမည်ဖြင့် လူပျိုကြီးဖြစ်နေပြီ။ သူသည် (၉/၁၀) လကစ၍ မွေးစားခံခဲ့ရကြောင်းကိုမူသိနေသည်။ သားဖြစ် သူသည် အဘယ်ကြောင့်သူ၏မိဘနှစ်ပါးသည် သူ့အားအခြားသူများအားပေး၍မွေးစားစေခဲ့သည် စသောမေးခွန်များ ကိုမမေးချင်ပေ။ ပျော်ပျော်သာနေသည်။ သူ့ဘ၀ကိုသူတစ်စုံတစ်ရာပြောလိုလျှင် သူကဲ့သို့သော အောင်မြင်ကျော် ကြားသူတစ်ယောက်မှမရှိသေး။ ဘုရင် (သို့) ဘုရင်မလည်းသူနှင့်တူသူတစ်ယောက်မျှမရှိသေး’ ဟုနောက်နောက် ပြောင်ပြောင်ပြောဆိုလက်ခံလေ့ရှိသည်ဟုတွေ့ဆုံမေးမြန်းမူ၌ဖြေဆိုခဲ့သည်။ တစ်နေ့သ၌ အိမ်ထောင်ရက်သားကျ၍ ဖခင်ဖြစ်လာသောအခါ သူ၏အတိတ်ကိုပြန်လည်အမှတ်ရစေရန်ရည်ရွယ်၍ အတိတ်ကိုခြေရာပြန်ခံရန်ဆုံးဖြတ်ခဲ့ သည်။ ထိုသံယောဇဉ်ကြိုးသည် နှစ်ကာလကြာမြင့်ခဲ့ပြီဖြစ်၍ လုံး၀ပြန်ဆက်မရအောင်ပြတ်တောက်သွားလေပြီလား။ သို့မဟုတ် သံယောဇဉ်ကြိုစ၏အဆုံး တစ်ဦးယောက်များရှိနေလေမလား။ သူလည်းမှန်းဆမရ။ သို့ဖြင့် သူသည် မျိုး ရိုးဗီဇစစ်နိုင်သောကိရိယာကို၀ယ်၍စစ်ဆေးကြည့်လိုက်သည်။ ထို့အတူပင် ဇာတ်မတိုက်၊ စကားကြုံမပါးဘဲတိုက် ဆိုင်ပုံမှာ ယခုနှစ် မေလကသူ၏မိခင်အရင်းဖြစ်သူ Melanie သည်လည်း သူ့လက်ရှိအိမ်ထောင်နှင့်ရသောသမီးဖြစ်သူ က မွေးနေ့လက်ဆောင်အဖြစ်၀ယ်ပေး၍စစ်ဆေးခဲ့သည်။ ၄င်းတို့သားအမိစစ်ဆေးခဲ့သည်တံဆိပ်မှာ အတူတူဖြစ်ခဲ့သည်။
ကုမဏီအားကျေးဇူးတင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မျိုးဗီဇကိုစစ်ဆေးနိုင်ပြီး၊ မိမိတို့၏ဆွေးမျိုးသား ချင်းများ၊ မျိုးနွယ်စုများ၏နောက်ကြောင်းကိုလည်းပြန်လည်ဖော်နိုင်သည်။ နောက်ဆုံး၌ သားအမိနှစ်ဦးပြန်လည်ဆုံ ဆည်းနိုင်ငံခဲ့သည်။ ပထမ၌ လူချင်းဆုံဖြစ်ခဲ့သည်မဟုတ်။ လူမူကွန်ရက်မှစာများ‌ရေးသား၍ ဦးစွာဆုံဆည်းခဲ့သည်။ ယခုနှစ်နွေရာသီမှသာ (၃၃) နှစ်ကြာကွဲကွာနေခဲ့သော သားအမိပြန်လည်ဆုံဆည်းခဲ့ပြီး၊ မ၀နိုင်အောင်တင်းကြပ်စွာ ဖက်ရမ်းထွေးပွေ့ထားခဲ့ကြသည်။ လူမူကွန်ရက်မှစတင်သိကျွမ်းချိန်က မိခင်ဖြစ်သူသည် သူ၏သားဖြစ်မှန်းမသေချာ ၍ စကားကိုဆင်ခြင်ပြောဆိုခဲ့သည်။ မျိုးရိုးဗီဇတူသောကြောင့် ‘ငါတို့သည် အမျိုးများဖြစ်နိုင်သည်’ ဟုလည်းကောင်း၊ အကြောင်းအရာ၊ အချက်အလက်များဖလှယ်ရာမှ သူ၏သားဖြစ်သည်ကိုသေချာသလောက်ရှိသွားသောအခါ ‘ကျွန်ုပ် သည်သင်၏မွေးမိခင်ဖြစ်နိုင်သည်’ ဟုပြောခဲ့သည်။ ထိုအခါ သားဖြစ်သူ၏အမျိုးသမီးသည် ၄င်းတို့မိသားစု၏ဓာတ်ပုံ ကို (၃၃) နှစ်ကြာမှရိုက်ကူးခဲ့သည်။
ကျွန်ုပ်တို့၏ ခန္ဓာသည် သက်ရှိအမှတ်တရဖြစ်သည်။ ကျွန်တော်တို့သည် အခြားသူများနှင့်မတူသော ခရိုမိုဆုံး များ၏အပွားများဖြစ်ကြသည်။ ကျွန်ုပ်တို့၏ခန္ဓာသည် ကံကောင်းခြင်းသက်သက်၏ရလာဒ်မဟုတ်။ နွယ်ယှက်နေ သောကယ်တင်ခြင်း၏သမိုင်းကြောင်းဖြစ်သည်။ ဤသမိုင်းကြောင်းကို အဆုံးထိပြန်ရစ်မည်ဆိုပါက အသက်ကိုအ လွန်အင်မတန်ချစ်သောအချစ်ဦးဆီသို့ပြန်ရောက်သွားမည်ဖြစ်ကြောင်းပြောကြာခဲ့သည်။
ဖာသာရ် ကလေးမင်းအားတယ်
Photo Crd...
NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။