Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-21 12:58:06
ရဟန်းမင်းကြီးဖရန်စစ်မှ ဆရာတော်အသစ်တစ်ပါးအား သိက္ခာထပ်ပေးရင်း အခြားဆရာတော်များအားလည်း ဆုတောင်းခြင်းအတွက် မိမိတို့အချိန်ကိုပိုပေးကြရန်တိုက်တွန်း
Pope Francis ordains Guido Marini, asks bishops to spend more time in prayer
ရဟန်းမင်းကြီးမှ ဆရာတော်သိက္ခာထပ်ပေးလိုက်သူမှာ သူ၏၀တ်ပြုခြင်းအခမ်းအနားများတွင် ဦးဆောင်စီစဉ်သူ Guido Marini ဖြစ်သည်။ သူ၏သိက္ခာထပ်သည့်၀တ်ပြုခြင်းအခမ်းအနားကို စိန့်ပီတာဘုရားကျောင်းတော်ကြီး၌ကျင်းပခဲ့ သည်။ ၀တ်ပြုခြင်းအခမ်းအနားသည် အလွန်စည်းကားခဲ့သည်။ ဆရာတော်သစ်များအား သိက္ခာမထပ်မီ ၎င်းတို့အားသိက္ခာတင်ခြင်းနှင့်အတူ ပူးတွဲပါလာသော၀တ္တရားများကိုရှင်းပြခဲ့သည်။
ရဟန်းမင်းကြီးက ‘မကြာခဏကြားရသောပြောစကားမှာ လုပ်စရာများစွာရှိ၍ ဆုတောင်းရန်အချိန်ပင်မရှိဖြစ်ရ သည်’ ဟုဖြစ်ကြောင်း၊ ထိုသို့ဖြစ်လာလျှင် ထိုအလုပ်များကိုရပ်နားထားလိုက်ပါ။ တမန်တော်ဝထ္ထုကျမ်း၌ တပည့်တော်ကြီးများ ဦးပဇင်းအမှုတော်ကို သတ်မှတ်လိုက်သည်ကို သင်တို့သတိယလိုက်ပါ။ ထိုသို့သတ်မှတ်ရခြင်းကို တမန်တော်ကြီး ရှင်ပေတရုက အဘယ်သို့မိန့်ကြားခဲ့သနည်း။ ပြန်လည်ကြားယောင်ပါ။ (တမန်တော်၀တ္ထု ၆) ကျွန်ုပ်တို့ (ဆရာတော်များ) များ၏အဓိက အမူတော်မှာ ‘ဆုတောင်းခြင်းနှင့်နှုတ်ကပါတ်တော်ဟောပြောခြင်း’ ဖြစ်သည်။ ဆရာတော်များ၏ ပထမဦး ဆုံးအမူတော်မှာ ‘ဆုတောင်းခြင်း’ ဖြစ်သည်။ ဆုတောင်းခြင်း ဟုဆိုရာ၌ ကြက်တူရွေးများကဲ့သို့ ဘာမျှမစဉ်းစား၊ နားမလည်ဘဲ အပြန်ပြန်အလှန်လှန်ရွတ်ခြင်းမျိုးမဖြစ်ရ။ အတွင်းစိတ်နှလုံးသားဖြင့် ဆုတောင်းရမည်။ ဆုတောင်းရန်အချိန်မရှိ။ အချိန်မပေးနိုင်ဟု ဘယ်သောအခါမျှမပြောမိစေနှင့်။ ဆုတောင်းခြင်းကို အချိန်ပေးရန် အရေးကြီးသည်ဟုသင်တို့ထင်မှတ်သော အစီအစဉ်များကိုရွေ့ဆိုင်းပါ။ သို့မဟုတ် ဖျက်လိုက်ပါ။ ဆရာတော်တို့၏ဘ၀၌ ဆုတောင်းခြင်းလောက်အရေးကြီးသော အမှုမရှိတော့ပါ’ ဟုမိန့်ကြားခဲ့သည်။
ထို့နောက် ဆရာတော်သိက္ခာထပ်သည့်အခမ်းအနားကိုကျင်းပရာ ထိုအခမ်းအနားအတွင်းပြုလုပ်သော အမေး အဖြေ၌လည်း ‘သင်တို့သည် သင်တို့၏သိုးစုများအဖို့နှင့်သင်တို့၏ရဟန်းချုပ်အမှုတော်ကို ကျေပြွန်ထိရောက်စွာထမ်း ဆောင်နိုင်ရန် အားလုံးစုံကိုတတ်နိုင်တော်မူသော ဘုရားသခင်ထံ စဉ်ဆက်မပြတ် ဆုတောင်းဆုတောင်းပါမည်လော’ ဟုမေးမြန်းခဲ့ပြီး၊ သိက္ခာထပ်မင်္ဂလာခံယူမည့် ဆရာတော်လောင်းများက ‘ပြုလုပ်ပါမည်’ ဟုပြန်လည်ဖြေကြားခဲ့သည်။ ထို့ နောက် ဆရာတော်လောင်းများက ၀မ်းလျားမှောက်လိုက်ပြီး၊ လူထုပရိသတ်များက ရဟန္တာအပေါင်းတို့၏ လိတာနီကိုသီ ဆိုကာ ဆရာတော်သစ်များ၏အမူတော်ကို ကောင်းစွာထမ်းဆောင်နိုင်ရန် ဆုတောင်းခြင်းကို တောင်းခံပေးသည်။ သိက္ခာ ထပ်ခြင်း၏နောက်ဆုံးအပိုင်းဖြစ်သော ဖွင့်ထားသည့် ဧဝံဂေလိကျမ်းစာကို ရဟန်းမင်းကြီးကပင့်မြောက်၍ ဆရာတော် လောင်းတို့၏ ဦးခေါင်းပေါ်တင်ကာ ဆုတောင်းလျက် တာ၀န်ပေးလိုက်သည်။ ထိုအနက်အဓိပ္ပါယ်မှာ ဆရာတော်များသည် နှုတ်တော်ထွက်စကားကို ကြေညာဟောပြောရမည့် အမှုတော်ကိုပေးအပ်ခြင်း ခံရခြင်းဖြစ်သည်။
သိက္ခာထပ်ခြင်းအပြီး၌ ဆရာတော်အသစ် Guido Marini မှကျေးဇူးတင်စကား မိန့်ကြားရာတွင် ‘စိန့်ဂျွန် မေရီ ဗီအားနေအား လူများဖူးလိုက်ရသောအခါ လူတို့၏စိတ်၌ ဘုရားသခင်ကို လူသားထဲ၌မြင်တွေ့လိုက်ရသည် ‘ ဟုခံစားခဲ့ကြရသကဲ့သို့ ကျွန်ုပ်တို့နှင့် တွေ့ဆုံမည့် သူများသည်လည်း မိမိတို့၏ဆရာတော်များကို မြင်တွေ့ရခြင်းသည် ကောင်းသောသိုးထိန်းကို မြင်တွေ့ရသည်သို့နှယ်ဖြစ်စေရန် ကြိုးစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူနှင့်အတူ ဆရာတော်သိက္ခာထပ်ခြင်းကို ခံယူသော Andres Ferrada Moreira သည် ဗာတီကန်အမှုတော်ထမ်းနေသည်မှာ နှစ်နှစ်ရှိပြီဖြစ်သည်။ Guido Marini မှာ သူ့ထက်စော၍ (၂၀၀၇) ခုနှစ်၊ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) လက်ထက်ကပင်အမှုတော်ထမ်းနေခဲ့ သူဖြစ်သည်။
ဖာသာရ်ကလေးမင်းအားတယ်..
Photo Crd...
NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။