Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-23 20:59:11
ပုပ်ရဟန်းမင်းကြီးဖြစ်ရန် လွယ်ကူသည် မဟုတ်သောကြောင့် "သူအတွက်ဆုတောင်းပေးရန်" သီလရှင်များအား ပုပ်ရဟန်းမင်းကြီး ဖရန်စစ် တိုက်တွန်း။
Pope Francis asks religious sisters to pray for him: 'It is not easy to be the pope

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် သောကြာနေ့က ခရစ်ယာန်တို့အားမိုင်းမတော်မူသော သခင်မ၏သမီးများအသင်းဂိုဏ်းဖြစ်သော ဆလေးရှင်းစစ္စတာရ်များထံသို့ သွားရောက်လည်ပတ်ခဲ့ပြီး သူ့အတွက် ဆုတောင်းပေးရန် တောင်းဆိုခဲ့သည်။ "သင်တို့၏လုပ်ဆောင်ချက်များအားလုံးအတွက် သင်တို့အားကျေးဇူးတင်ပါတယ်။ ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်သည် သင်တို့နှင့် ကမ္ဘာပေါ်ရှိ သင်တို့၏ညီအစ်မသီလရှင်များအားလုံးကို ကောင်းချီးပေးမည်” ဟု ပုပ်ရဟန်းမင်းကြီး Francis က Salesian သီလရှင်များအား အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ ထို့အတူပင် “ပုပ်ရဟန်းမင်းကြီးဖြစ်ဖို့ရန် မလွယ်ကူသောကြောင့် အကျွန်ုပ်အတွက် ဆုတောင်းပေးပါ။” ဟုတောင်းဆိုခဲ့သည်။

Salesian သီလရှင်များအား “သခင်ယေဇူးကို သိမြင်နားလည်အောင် အစဥ်အမြဲ လမ်းပြပို့ဆောင်ပေးသော မယ်တော်သခင်မ”အား ပုံတုယူလိုက်ကျင့်ကြရန်အတွက် တိုက်တွန်းခဲ့သည်။ “သန့်ရှင်းသောဝိညာဉ်တော်အပေါ် ပွင့်လင်းမှုရှိခြင်းသည် သင်တို့ပြုထားသော ကတိကဝတ်များနှင့် လူငယ်များ၊ ဆင်းရဲသားများအတွက် ဆက်ကပ်လုပ်ဆောင်လျက်ရှိသော သင်တို့၏မျိုးဆက်များ တည်ကြည်ခိုင်မြဲစေရန် ကူညီပေးသည်” ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားခဲ့သည်။

ဆလေးရှင်းသီလရှင်များ အသင်းဂိုဏ်းသည် ၁၈၇၂ ခုနှစ်တွင် စိန့်ဂျွန်ဘော့စကိုနှင့် ရဟန္တာမ မေရီဒိုမေနီကား မာဇရဲလိုတို့ တည်ထောင်ခဲ့သော အသင်းဂိုဏ်းဖြစ်ပြီး နိုင်ငံပေါင်း ၉၇ နိုင်ငံတွင် သီလရှင်အပါးပေါင်း ၁၁,၀၀၀ ခန့် ရှိသည့် ကမ္ဘာ့အကြီးဆုံး သာသနာပြုအသင်းဂိုဏ်း ဖြစ်လာခဲ့သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က သီလရှင်လေးများအား သက်ကြီးရွယ်အိုများနှင့် လုံးဝခွဲခြားမှုမရှိစေရေးအတွက် လုပ်ဆောင်ကြရန် အားပေးတိုက်တွန်းခဲ့သည်။
“အသက်ကြီးတဲ့သူတွေဟာ တစ်ခါတရံမှာ နည်းနည်းလေး စိတ်ကောက်စိတ်တိုတတ်ကြသည် ဖြစ်၍ ကျွန်ုပ်တို့လည်း အသက်ကြီးလာသည့်အခါ အပြစ်အနာအဆာများ ပိုမိုမြင်တွေ့နိုင်သော်လည်း ၎င်းတို့တွင် ဘဝအတွေ့အကြုံနှင့် ဉာဏ်ပညာများ လည်းကြီးလေသည်။ အသက်ကြီးရင့်လာသည်နှင့် အသိညာဏ်ပါလာသည်။” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။
“သာမန်ဘဝလူများကဲ့သို့ မစွမ်းဆောင်နိုင်တော့သည့် သက်ကြီးရွယ်အိုများအတွက် အိမ်တွေရှိမည်၊ သူတို့သည် အိပ်ယာထဲတွင် ရှိနေမည်ဖြစ်သော်လည်း သူတို့ထံသွားရောက်လည်ပတ်ရန်နှင့် သူတို့အားအချိန်ပေးရန် လုပ်ဆောင်ကြရပေမည်။ အမှန်ပင် သက်ကြီးရွယ်အိုများသည် အဖိုးတန်သမိုင်းဝင် ရတနာများဖြစ်သည်ဟု ဆက်လက်ပြောကြားခဲ့သည်။
ပုပ်ရဟန်းမင်းကြီး Francis သည် ၎င်း၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ “The Story of a Soul” တွင် မှတ်တမ်းတင်ထားသည့် စိန့် Therese of Lisieux ၏ ဘဝပုံပြင်ကို မျှဝေခဲ့သည်။
သူက ပြောသည်မှာ “လမ်းမလျှောက်နိုင်သည့် သီလရှင်အိုကြီးတစ်ဦးကို အဖော်ပြုပေးသော သူငယ်တော် ယေဇူးလေးရဲ့ စိန့် Therese ၏ ဘဝအတွေ့အကြုံများသည် ကျွန်ုပ်အား အထောက်အကူများစွာ ရစေလေသည်။
“အာရုံကြောအားနည်းသည့် အဘွားကြီးသည် အရာအားလုံးကို မကျေမနပ်ဖြစ်နေသော်လည်း St. Therese သည် သူမအား ချစ်ခြင်းမေတ္တာဖြင့် ကြည့်နေခဲ့လေသည်။” ဟု ပြောကြားခဲ့သည်။
“တစ်ခါတွင် သူမသည် ကိုယ်တော်မြတ်ဆောင်မှ သူမ၏ဂေဟာသို့ လမ်းလျှောက်ရင်း အပြင်မှ ဆူညံသံများကိုကြားရလေသည်။ အနီးအနားတွင် ပါတီတစ်ခုရှိနေသည်။ Therese လေးကလည်း “ထိုအရာအတွက် ငါဘယ်တော့မှ အလဲအလှယ်လုပ်မှာ မဟုတ်ဘူး” ဟုပြောခဲ့သည်။ သူမ၏ ခေါ်တော်မူခြင်း ဘဝအသက်တာ၏ ကြီးမြတ်မှုကို သူမနားလည်လေသည်။
Salesian ညီအစ်မများသည် စက်တင်ဘာ (၁၁) ရက်မှ အောက်တိုဘာ (၂၄) ရက်နေ့အထိ ရောမမြို့တွင် ၎င်းတို့၏ ၂၄ ကြိမ်မြောက် အထွေထွေညီလာခံကို ကျင်းပခဲ့သည်။ “ခေတ်ပြိုင်ကမ္ဘာ၏ နှလုံးသားတွင် ဘဝအသက်ကို မွေးဖွားပေးသော အဖွဲ့အစည်းများ” ဟူသော ဆောင်ပုဒ်ကိုအဓိကထားကာ ကျင်းပခဲ့သည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က သန့်ရှင်းသော ဝိညာဉ်တော်၏ ထိုးထွင်းသိမြင်၊ အလင်းပေးသည့် လမ်းကြောင်းအတိုင်း လောကအတွင်း လိုအပ်ချက်များကို သတိပြုနိုင်စေရန်အတွက် ကညာစင် မယ်တော်သခင်မနှင့်အတူ စိတ်အားထက်သန်စွာ ရှေ့ဆက်သွားကြရန် တိုက်တွန်းမိန့်ကြားခဲ့သည်။
သီလရှင်များအား “ဘုရားသခင်၏ကျေးဇူးတော် နှိုးဆော်ချက်များကို ကြိုဆိုလက်ခံရန် နှလုံးသားကိုဖွင့်ထားပါ။ သခင်ဘုရားကို အမြဲချစ်ခင်သော နှလုံးသားထားရှိကြရန်” ကိုလည်း တောင်းဆိုခဲ့လေသည်။

ဘာသာပြန်- ပက်ထရိုနီးလာ
Source from Catholic News Agency
Photos Crd….

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။