#အီတလီမှ ခရစ်ယာန်သွေးလှူရှင်အသင်းက ရဟန်းမင်းကြီးဖရန်စစ်အား အသင်း၀င်အဖြစ်ဂုဏ်ပြုလက်မှတ်ချီးမြှင့်
Pilgrims enlist Pope Francis' help to encourage blood donations
ဤဘုရားဖူးအဖွဲ့သည် ရဟန်းမင်းကြီးဖရန်စစ်အားဖူးခွင့်ရရန် အီတလီတောင်ပိုင်းမှရောမမြို့သို့ရောက်ရှိလာခြင်းဖြစ်သည်။ ရဟန်းမင်းကြီးအား အထူးလက်ဆောင်တစ်ခုကိုလည်းပေးရန်စီစဉ်ထားသည်။ ၄င်းတို့အဖွဲ့ကို ‘Fratres San Cassiano’ ဟုခေါ်သည်။ ဤအဖွဲ့၏ဥက္ကဌဖြစ်သူ Maria Chiara Loti က ‘ရဟန်းမင်းကြီး၏ ဘုရားဖူးများနှင့် တွေ့ဆုံပွဲသို့ရောက်ရှိလာရခြင်းမှာ ရဟန်းမင်းကြီးအား ဂုဏ်ပြုမှတ်တမ်းတစ်စောင်ပေးရန်ဖြစ်ကြောင်း၊ ထိုဂုဏ်ပြုမှတ်တမ်းလွှာသည် ‘Fratres San Cassiano’ ၏အဖွဲ့၀င်အဖြစ်သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ဤအဖွဲ့သည် ‘သွေးလှူရှင်’ အသင်းဖြစ်ကြောင်း၊ ၄င်းတို့၏ဒေသထွက် အထူးလက်ဆောင်ကိုလည်းပေးခဲ့ကြောင်း၊ သူနှင့်ဆုံဆည်းပြီးစကားပြောဆိုရ၊ ရင်းနှီးစွာ လက်ဆွဲနုတ်ဆက်ရသောကြောင်း အလွန်ဂုဏ်ယူမိကြောင်း၊ ရဟန်းမင်းကြီးနှင့်တွေ့ဆုံစဉ် ‘ကျွန်တော့သွေးကိုဖောက် ယူသွားဖို့ အပ်ရောပါလာသလား’ ဟု သူ၏အကျင့်အတိုင်းပင် အဖွဲ့သားများအားလည်း ရယ်စရာအရွန်းဖောက်ခဲ့ကြောင်း၊ အဖွဲ့သားများကလည်း ‘ပါကြောင်း’ ပြန်ဖြေ၍ပွဲကျသွားခဲ့ရကြောင်း ရဟန်းမင်းကြီးနှင့်တွေ့ဆုံခဲ့ရသည့်အမှတ် တရကိုပြန်လည်ပြောပြပါသည်။
ဆက်လက်၍သူက ‘ကျွန်မတို့သည် သွေးလှူဒါန်းသင့်ကြောင်း၊ သွေးလှူဒါန်းခြင်းသည် အသက်ကိုလှူဒါန်းခြင်းဖြစ်ကြောင်း၊ မည်သည့်မျှော်လင့်ချက်မျှမထားဘဲ လှူဒါန်းခြင်းဖြစ်ကြောင်း၊ ဤအကြောင်းကိုလည်း ရဟန်းမင်းကြီးဖရန်စစ်၏ ယနေ့ထောက်ရူချက်ထဲတွင်လည်းပါသွားကြောင်း’ ဖြင့်သွေးလှူဒါန်းကြရန် အားပေးတိုက်တွန်းခဲ့ပါသေးသည်။ ဤအဖွဲ့သည် ခရစ်ယာန်ကရုဏာရေးအသင်းအဖွဲ့ဖြစ်သည်။ အီတလီတစ်ခွင်၌ သွေးလှူဒါန်း လိုသူများ၊ ကိုယ်အဂ်ါလှူဒါန်းလိုသူများအား စီစဉ်ချိတ်ဆက်ပေးလေ့ရှိသည်။ ရဟန်းမင်းကြီးပင်လျှင် သွေးလှူနေဟန်ရှိသည်။ ရဟန်းမင်းကြီး၏ထောက်ရူချက်ထဲ၌ ရဟန်းမင်းကြီးက ခရစ်ယာန်များသည် အခြားသူများအား လွှတ်လပ်စွာ အစေခံရန်အကြောင်းကိုမိန့်ကြားခဲ့သည်။ ဤရောဂါကပ်ဆိုးကြောင့် သွေးလှူဒါန်းသူဦးရေများစွာကျဆင်းခဲ့သည်။ ယခု အခါရဟန်းမင်းကြီးသည် သွေးလှူဒါန်းခြင်းကိုပြု၍ လူ့အသက်ကိုကယ်တင်ရန် အားပေးတိုက်တွန်းလျှက်ရှိသည်။
ဖာသာရ်ကလေးမင်းအားတယ်
Photo Crd