Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-26 08:22:38
#သတင်းသမားများ၏အပြစ် (၄) ပါးကိုရှောင်ရှားနိုင်ရေး ရဟန်းမင်းကြီး၏လမ်းညွှန်စကား။
Keys to avoiding the 4 sins of journalism according to Pope Francis

နည်းပညာတိုးတက်လာမူသည် လူသားအချင်းချင်းကိုပို၍နီးကပ်စေသည်။ ထို့အတူအခြားမလိုအပ်သော ပြဿနာကိုလက်ယှက်ခေါ်နေပြန်သည်။ ၎င်းတို့အနက် ဆက်သွယ်ရေးအပြစ် (၄) ပါးလည်းပါသည်ဟုရဟန်းမင်းကြီးဖရန်စစ်က မိန့်ကြားထားသည်။ ၎င်းအပြစ် (၄) ပါးကား

၁) မသေချာသော သတင်းများကိုပေးခြင်း၊
၂) သတင်းအမှားများကိုပေးခြင်း၊
၃) သူတစ်ပါး၏ ဂုဏ်ပုဒ်ကိုထိခိုက်နစ်နာအောင် ရေးသားပြောဆိုခြင်း၊
၄) မကောင်းမှုကို အားပေးလှုပ်ဆော်ခြင်းတို့ဖြစ်သည်။
သတင်းသမားတစ်ဦးဖြစ်သော Ary Waldir Ramos က ဤအချက်များကိုသူ၏ ‘Be authentic’ ဟုအမည်ပေးထား သောစာအုပ်ထဲ၌ ပြန်လည်ဆင်ခြင်သုံးသပ်ထားသည်။ သူသည် ဗာတီကန်၏ သတင်းသမားတစ်ဦးဖြစ်သည်။ ထို့ကြောင့် လူထုဆက်သွယ်ရေးကိုပြုလုပ်နေကြသော သူတိုင်းဆောင်ထားသင့်သော ကျင့်၀တ် (၂) ပါးကို မီး‌မောင်းထိုးပြထားသည်။
၎င်းတို့မှာ
(၁) အဘယ်သို့နားစွင့်ရမည့်ကျင့်၀တ်နှင့်
(၂) ကြားသလောက်မျှဖြင့်မဟုတ်ဘဲ နက်နက်ရှိုင်းရှိုင်းနားစွင့်ထောင်ရန်ဖြစ်သည်။
သူက ‘အခြားသူများနှင့်ချိပ်ဆက်သည့်အခါ ဆက်သွယ်ရေးသည် အလွန်အကျိုးထိရောက်စေသည်ကိုသိသည်။ ဆက်သွယ်ရေးသည် နည်းလမ်းတစ်ခုဖြစ်သည်။ အချင်းချင်း၏ မျက်လုံးကိုလေ့လာကြသည်။ ထိုမှအချင်းချင်းနားလည် သွားကြသည်။ အသွင်မတူမူကိုသဘောပေါက်သွားကြသည်။ ကွဲပြားခြားနားနေသည်ကို သတိထားမိသွားကြသည်။ သူ၏ စာအုပ်ထဲ၌ ရဟန်းမင်းကြီးဖရန်စစ်၏ လူများနှင့်ဆက်သွယ်မူပြုသည့်ဟန်ပန်ကိုသုံးသပ်ပြထားသည်။ ရဟန်းမင်းကြီးသည် လူတန်းစားအလွှာအသီသီးမှပုဂ္ဂိုလ်များနှင့်ဆက်သွယ်သည်။ ရဟန်းမင်းကြီးသည် နားထောင်ရာ၌အလွန်ပါရမီထူး ကဲသူဖြစ်သည်။ ‘ကျွန်ုပ်တို့သည် ကြားခံမျှသာဖြစ်သည်။ ပါးချင်သောသတင်းစကားကိုကြားသင့်သောသူများ၊ အမှန်တရားကို ဖွေရှာနေသူများ ကြားစေရန် ၀န်ဆောင်မူပေးခြင်းသာဖြစ်သည်’ ဟုဆိုပါသည်။ သူ၏စာအုပ်ကို ရောမမြို့၌ စတင် မိတ်ဆက်ဖြန့်ချီလိုက်ပြီဖြစ်သည်။ ထိုမိတ်ဆက်သည့်အခမ်းအနား၌ ကာဒီနယ် Mario Grech မှလည်းမှတ်သားဖွယ်စကား ကို အောက်ပါအတိုင်းပြောကြားခဲ့သည်။
‘ခေတ်ကြေးမုံပြင်ကိုပြောရမည်ဆိုပါလျှင် ကက်သလစ်သာသနာတော်ကြီး၏ လိင်မှုဆိုင်ရာအရှုပ်တော်ပုံကြီးအကြောင်းကို ပမာပြပါမည်။ အာခါအားလျှော်စွာ သတင်းများ၌ဖော်ပြရာတွင် ကုသရန်၊ ကာကွယ်ရန်ထက် ပိုမိုနာကျင်အောင်၊ အရှက်ရအောင်၊ စိတ်ပိုင်း၊ ရုပ်ပိုင်းပိုမိုထိခိုက်အောင် အထုပ်ကို အသေးစိတ်ဖြေနေ သကဲ့သို့ဖြစ်နေသည်။ ယခုကဲ့သို့စေ့စပ်သေချာစွာ နားမထောင်ဘဲ ထင်ကြေးဖြင့်ရေးသားဖြန့်‌ဝေခြင်းသည် အမှန်တကယ်ကျူးလွန်ခြင်းထက်ပင်ကြီးမားသော မကောင်းမူကြီးဖြစ်သည်’ ဟု ပြောကြားခဲ့ပါသည်။ စာအုပ်၌ စာရေးသူက ‘နားထောင်ခြင်းသည် သတင်းသမားတို့၏ အသက်ပင်ဖြစ်သည်။ သို့မှသာအမှန်တရားကိုဖော်ထုတ်ပေးရာရောက်မည်။’ ‘သတင်းသမားများအနေဖြင့် ပေါ်ပင်မလုပ်ဘဲ အမှန်တကယ်ထိရောက်စွာ သတင်းပေးနိုင်ရန်မှာ မိမိ၏အလုပ်အပေါ် အလေးထားဆောင်ရွက်မှု၊ စိတ်နစ်၍လုပ်ဆောင်ရန်လိုအပ်သည်’ ဟု စပိန်သတင်းသမား Eva Fernández ကပြောကြား ခဲ့သည်။
ဖာသာရ်ကလေးမင်းအားတယ်

Photos Crd..

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။