Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-27 02:19:40

#နိုင်ငံရေး၌ ထဲထဲ၀င်၀င်လုပ်ဆောင်လွန်းသောကက်သလစ်ဘုန်းတော်ကြီးအား ရာသက်ပန်အမူတော်ဆောင်နိုင်ခွင့် မှရပ်ဆိုင်းလိုက်
Priest gets ‘irreversible’ suspension for entering politics

ဖိလစ်ပိုင်နိုင်ငံ၊ Bicol ခရိုင်မှ ကက်သဒေသလစ်ဘုန်းတော်ကြီးတစ်ပါးသည် ရာသက်ပန်အမူတော်ဆောင် နိုင်ခွင့်ကိုရပ်ဆိုင်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အရပ်ဖက်လုပ်ငန်းများ၌ ရာထူးလက်ခံ၍ထဲထဲ၀င်၀င် လုပ်ကိုင်နေသောကြောင့်ဖြစ်သည်။ အဆိုပါဘုန်းတော်ကြီးမှာ Granwell Pitapit ဖြစ်သည်။ သူသည် Libmanan သာသနာ၏လူမူရေးအမူတော်ကိုထမ်းဆောင်နေခဲ့သူဖြစ်သည်။ သာသနာတော်ကြီး၏ စည်းမျဉ်းစည်းကမ်းအရ ကက်သလစ်ရဟန်းတစ်ပါးသည် နိုင်ငံရေး၌ ရာထူးရာခံရယူ၍လုပ်ပိုင်ခွင့်မရှိပေ။ ဆရာတော် Jose Rojas ၏ ပြောပြချက်အရ သာသနာ၏ ကာနွန်ဥပဒေသည် ယခုဘုန်းတော်ကြီး၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ရှင်း လင်းစွာဖော်ပြထားပြီးဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အဆိုပါဘုန်းတော်ကြီးသည် လာမည့် (၂၀၂၂) ၌ Libmanan ၏အကြီးမားဆုံးမြို့ဖြစ်သော Camarines Sur မြို့၏မြို့တော်၀န်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ယခုသို့ ထာ၀ရရဟန်းဖြစ်သော ကက်သလစ်ရဟန်းတစ်ပါးအား အမူတော်ထမ်းခြင်းကို ရာသက်ပန်ရပ် ဆိုင်းလိုက်ခြင်းသည် နောက်နောင်၌လည်း ရဟန်းအမူတော်ကို ပြန်လည်ထမ်းဆောင်နိုင်ခွင့်ကို တစ်ပါတည်း ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ဤကြေညာချက်ကို အောက်တိုဘာ (၂၂) ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကြေညာချက်ထဲ၌ ဤဘုန်းတော်ကြီးနှင့်ပတ်သက်၍ နောက်နောင်ဖြစ်ပေါ်လာမည့် မည်သည့်အမူကိစ္စမဆို သာသနာနှင့်မဆိုင်တော့ကြောင်း၊ သာသနာအားလည်း ကိုယ်စားမပြုတော့ကြောင်းထည့်သွင်းဖော်ပြထားသည်။ ထို့အတူ ယခင်သူထမ်းဆောင်ခဲ့သော လူမူရေးဆိုင်ရာအမူတော်များကိုလည်း ဆက်လက်ထမ်းဆောင်တော့မည် မဟုတ်ကြောင်း၊ သာသနာ၏ အမည်ကိုလည်း မည်သည့်အကြောင်းအတွက်မျှနှင့် သုံးပိုင်ခွင့်မရှိတော့ကြောင်း၊ ထို့အတူ သာသနာ၏လမ်းညွှန်မူဖြင့်လုပ်ဆောင်နေသော ချို့တဲ့နွမ်းပါးသူများ၏ ဘ၀မြှင့်တင်ရေးအစီအစဉ်များနှင့် လည်းပတ်သက်ခြင်းမရှိတော့ပေ။ ယခုကဲ့သို့ ရဟန်းနှင့်ဆိုင်သော အမှုတော်ရပ်ဆိုင်းခြင်းသည် ရဟန်းတစ်ပါး၏ ကတိသစ္စာများအနက် ငယ်ဖြူကတိသစ္စာကိုရပ်ဆိုင်းခြင်းမဟုတ်ကြောင်း၊ ဤကတိသစ္စာကို တရား၀င်ပယ်ဖျက် နိုင်ရန်မှာ လျှောက်လွှာတင်၍ တောင်းခံရယူရမည်ဖြစ်ကြောင်း ဆရာတော်ကမိန့်ကြားခဲ့သည်။
ယခုအခါ အဆိုပါဘုန်းတော်ကြီးသည် ရဟန်းအမူတော်ဆောင်ရန် ဝတ္တရားမရှိတော့ပေ။ ထို့ကြောင့် လောကီအရေးများ၌ မည်သည့်အဟန့်အတားမျှ မရှိဘဲ ထဲထဲ၀င်၀င်ပါ၀င် လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်း၊ ၎င်းအပြင် အခြားသောကက်သလစ် ဘုန်းတော်ကြီးနှစ်ပါးဖြစ်သောသာသနာမှ Sorsogon ဖာသာရ် Emmanuel Alparce နှင့် Tagum သာသနာမှဖာသာရ် Emerson Luego တို့လည်းရွေးကောက်ပွဲ သို့၀င်ရောက်အရွေးခံမည်ဖြစ်သည်။ ဖာသာရ် Emerson Luego သည် Davao de Oro ပြည်နယ်၏မြို့ တော်၀န်နေရာကို လည်းကောင်း၊ ဖာသာရ် Emmanuel Alparce မှာမူ Albay ခရိုင် Bacacay မြို့၏ အတိုင်ပင်ခံရာထူးအတွက် လည်းကောင်း အသီးသီး၀င် ရွေးကြမည်ဖြစ်သည်။ ၎င်းတို့နှစ်ပါးသည်လည်း ယခင်က ၎င်းတို့မိခင်သာသနာတော်၏ လူမူရေးဆိုင်ရာအမူ တော်ကိုထမ်းဆောင်ခဲ့သူများဖြစ်ကြသည်။
ဖာသာရ်ကလေးမင်းအားတယ်
Photo Crd...
NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။