Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-28 23:02:26
သင်ကျောင်းထဲ၌ ဟိန္ဒူတို့၏ဘာသာရေးဆင်းတုတော်ထားရှိရန်အမိန့်ချမှတ်။
#Catholic school in India ordered to install Hindu idol
လက်ယာယိမ်းဟိန္ဒူ တက်ကြွလှုပ်ရှားသူများက အောက်တိုဘာလ (၂၅) ရက်နေ့က အိန္ဒိယနိုင်ငံအလယ်ပိုင်း Madhya Pradesh ပြည်၌ဖွင့်လှစ်ထားသော ကက်သလစ်စာသင်ကျောင်းများ၌ (၁၅) ရက်အတွင်း ဟိန္ဒူတို့၏ဘာသာ ရေးဆင်းတုတော် Saraswati ကိုထားရှိရမည်ဟုဆုံးဖြတ်ခဲ့သည်။ အဆိုပါဆင်းတုတော်သည် ‘ဉာဏ်ပညာကိုပေးသော ဘုရားမ’ ဖြစ်သည်ဟု ယုံကြည်ကြသည်။
လူဦးရေ (၃၀) ပါသော ကမ္ဘာ့ဟိန္ဒူများကောင်စီနှင့်လက်ယာယိမ်း နိုင်ငံရေးပါတီတစ်ခုဖြစ်သော Bajrang Dal တို့က Satna ခရိုင်တွင်ဖွင့်လှစ်ထားသောကျောင်း၏တာ၀န်ခံဘုန်းတော်ကြီး Augustine Chittuparambil ထံလာ ရောက်တွေ့ဆုံပြီးတောင်းဆိုခဲ့ကြောင်း ဘုန်းတော်ကြီးကပြောပါသည်။အစွန်းရောက်ဟိန္ဒူအဖွဲ့၏ တောင်းဆိုချက်ကို စာနှင့်ပေနှင့်ပေးပို့ခဲ့ပြီး၊ ၎င်းတို့၏တောင်းဆိုချက်ကိုပျက်ကွက်ပါက ကျောင်းသို့ပြန်လာဦးမည်ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ခဲ့သည်ဟုပြောပါသည်။ ၎င်းတို့တောင်းဆိုရသည့်အကြောင်းအရင်းမှာ လက်ရှိကက်သလစ်ကျောင်းသည် အဆိုပါနတ်ဘုရားမ စံခဲ့သောနေရာတွင်တည်ဆောက်ထားကြောင်း၊ သို့သော် စာသင်ကျောင်းမှာ လွန်ခဲ့သော (၄၉) နှစ်ကတည် ဆောက်ခဲ့ကြောင်း၊ ဤကဲ့သို့အဘယ်သူမျှမပြောဆိုခဲ့ဖူးကြောင်း၊ ဤစာသင်ကျောင်းကို Syro-Malabar သာသနာက ကြပ်မတ်လျှက်ရှိကြောင်း၊ Satna မြို့သည် ပြည်နယ်၏မြို့တော်ဖြစ်သော Bhopal ၏ အရှေ့ မြောက်ဘက် ကီလိုမီတာ (၄၅၅) ခန့် ကွာဝေးကြောင်း၊ သို့သော် တာဝန်ခံဘုန်းတော်ကြီးက အစွန်းရောက် ဟိန္ဒူအဖွဲ့များအနေဖြင့် စာသင်ကျောင်းသို့ပြန်ရောက်လာပြီး နှောက်ယှက်ခြိမ်းခြောက်မည်ဆိုပါက တရားဥပဒေနှင့်အညီအကာအကွယ်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သို့သော် စာသင်ကျောင်းကိုပြန်လည် လည်ပတ်ရန်မှာ အချိန်အနည်းငယ်စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း၊ ယခုခြိမ်းခြောက်မှုသည် ယခုနှစ်အတွင်း ဟိန္ဒူအစွန်းရောက် အဖွဲ့တို့၏ ဒုတိယအကြိမ်မြောက် လုပ်ပ်ဖြစ်ကြောင်း၊ ယခုနှစ် ဖေဖေါ်ဝါရီလ (၂၂) ရက်ကလည်း ယခုပြည်နယ်အတွင်း မသန်းစွမ်းသူများအား ကူညီစောင့်ရှောက်ပေးနေသော ဂေဟာမှသီလရှင်တစ်ပါးသည် ခရစ်ယာန်မဟုတ်သော အမျိုးသမီး၀န်ထမ်းတစ်ဦးအား ခရစ်ယာန်ဘာသာသို့ ကူးပြောင်းရန်အတင်းအကြပ်လုပ် ဆောင်ခဲ့သည်ဟုစွပ်စွဲ၍ အမူဖွင့်တိုင်ကြားခဲ့သည်အမူလည်းရှိခဲ့သည်ဟု ဆိုပါသည်။
 
ဖာသာရ်ကလေးမင်းအားတယ်။
Photos Crd...
 
NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။