Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-10-28 23:12:01
#သက်၀င်ယုံကြည်မူမတူသော နိုင်ငံများရှိ ဘာသာများအတူတကွရပ်တည်ကြ။
Religions stand together in world’s most religiously diverse country
တရုတ်ဗုဒ္ဓဘာသာဘုန်းကြီးကြောင်း၊ ခရစ်ယာန်ဘုရားကျောင်းနှင့် Sathya Sai Baba တို့သည် စင်ကာပူနိုင်ငံ၊ Moulmein လမ်း၌ အတူတကွစုပေါင်းဆုတောင်းခဲ့ကြသည်။ (၂၀၁၄) ခုနှစ်၏စစ်တမ်းအရ စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်၌ သက်၀င်ယုံကြည်မှု အသွင်ကူးကွဲပြားမူအများဆုံးနိုင်ငံ တစ်ခုအဖြစ်မှတ်တမ်း၀င်သည်။ အရှေ့တောင်အာရှ နိုင်ငံငယ်လေးသည် သက်၀င်ယုံကြည်မူမတူသော ဘာသာအချင်းချင်း အတူယှဉ်တွဲနေထိုင်နိုင်သော နိုင်ငံအဖြစ် ဆယ်စုနှစ်ပေါင်းများစွာရပ်တည်နိုင်ခဲ့သည်။ စင်ကာပူနိုင်ငံ၌ သက်၀င်ယုံကြည်မှုမတူသော ဘာသာအချင်းချင်း ယှဉ်တွဲနေထိုင် သည့်အဖွဲ့အစည်းကို (၁၉၄၉) ခုနှစ်၌ တည်ထောင်ခဲ့သည်။ ထို့အတူ (၁၉၉၀) ခုနှစ်တွင် တဖန်ပြန်လည်ဖြည့်စွက်ပြင် ဆင်ခဲ့သည်။ လူဦးရေ (၅.၄၅) သန်းရှိသော နိုင်ငံငယ်လေးသည် Baha’i၊ ဗုဒ္ဓ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ Jain၊ ဂျူး၊ မွတ်စလင်၊ Taoist၊ Sikh၊ Zoroastrian ရှိသောနိုင်ငံဖြစ်သည်။
စင်ကာပူအစိုးရ၏ စစ်တမ်းအရ (၂၀၂၀) ခုနှစ် အထိ နေထိုင်လာသည့် သက်တမ်း (၁၅) နှစ်ကြာသော သူများ (၃၁.၁) ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာ၀င်၊ (၈.၈) ရာခိုင်နှုန်းသည် Taoists၊ (၁၈.၉) ရာခိုင်နှုန်းမှာ ခရစ်ယာန်၊ (၁၅.၆) ရာခိုင်နှုန်းမှာ မွတ်စလင်၊ (၅) ရာခိုင်နှုန်းမှာ ဟိန္ဒူဘာသာ၀င်များဖြစ်ကြသည်။ အခြားသော ဘာသာ၀င်မှာ (၀.၆) ရာခိုင်နှုန်း၊ မည်သည့်ဘာသာ၀င်ဟုဖော်ပြမထားသောသူ (၂၀) ရာခိုင်နှုန်းရှိသည်။ ကက်သလစ်ဘာသာ၀င်မှာ (၆.၆) ရာ ခိုင်နှုန်းရှိသည်။
 
ဖာသာရ်ကလေးမင်းအားတယ်
Photo Crd
NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။