Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-11-09 09:53:30
#ရဟန်းမင်းကြီးဖရန်စစ်က ဆိုးလ်နှင့်နိုင်ရိုဘီ ဂိုဏ်းချုပ်သာသနာများအတွက် ဂိုဏ်းချုပ်ဆရာတော်များကိုခန့်အပ်။
Pope Francis appoints new archbishops for Seoul and Nairobi
ပြီးခဲ့သော ကြာသပတေးနေ့က ရဟန်းမင်းကြီးဖရန်စစ်သည် တောင်ကိုးရီးယား၏မြို့တော် ဆိုးလ်နှင့် ကင်ညာ နိုင်ငံ၏မြို့တော် နိုင်ရိုဘီ ဂိုဏ်းချုပ်သာသနာများအတွက် ဂိုဏ်းချုပ်ဆရာတော်များကို ကြေညာခန့်အပ်ခဲ့သည်။
 
ဆိုးလ် ဂိုဏ်းချုပ်သာသနာ၏ ဆရာတော်မှာဆရာတော် Peter Chung Soon-Taick ဖြစ်ပြီး၊ ကာမယ်လိုက်အသင်း မှဖြစ်သည်။ ဆရာတော်သည် ဆိုးလ်ဂိုဏ်းချုပ်သာသနာ၏ လက်ထောက်ဆရာတော်အဖြစ် (၂၀၁၃) ခုနှစ်ကပင် အမူတော်ထမ်းခဲ့သည်။ ဆရာတော်သည် သက်တော် (၆၀) ရှိပြီဖြစ်ပြီး၊ ဇာတိမှာ တောင်ကိုးရီးယား၏ အရှေ့တောင်ဘက်ရှိ Daegu မှဖြစ်သည်။ သူသည် ဓာတုဗေဒ အင်ဂျင်နီယာဘွဲ့ရထားသူဖြစ်သည်။ သူသည် ကာမယ်လိုက်အသင်း၀င် ရဟန်းတစ်ပါးအဖြစ် (၁၉၉၂) နှစ်၌ သိက္ခာထပ်ခဲ့သည်။ သူသည် ရောမ၌ သမ္မာကျမ်းစာ အထူးပြုဘာသာရပ်ကို Pontifical Biblical Institute (Biblicum) တက္ကသိုလ်၌ သမ္မာကျမ်းစာကိုလေ့လာသင်ယူခဲ့သည်။ ကိုးရီးယားနိုင်ငံလုံးဆိုင်ရာ ကာမယ်လိုက်အသင်း၏ ဒေသန္တရအကြီးအကဲအဖြစ်လည်း ရွေးချယ်ခံခဲ့ရသကဲ့သို့၊ (၂၀၀၉ မှ ၂၀၁၃) ခုနှစ်အထိ အ‌ရှေ့ ပိုင်းနှင့်ကမ်းရိုးတန်းဒေသ၏ တာ၀န်ခံအဖြစ်လည်း ရောမရှိအသင်း၏ မိခင်ကျောင်းတော်ကြီး၌ အမူတော်ထမ်းခဲ့ဖူးသည်။
 
ဆိုးလ် ဂိုဏ်းချုပ်သာသနာသည် (၆၇၀၁) မိုင်ကျယ်၀န်းပြီး၊ ဘာသာသူ (၁.၅) သန်းရှိသည်။ ဤကက်သလစ် ဘာသာတူဦးရေသည် (၂၀၁၇) ၏စစ်တမ်းအရ ဆိုးလ်ပြည်နယ်ရှိလူဦးရေ၏ (၁၅) ရခိုင်နှုန်းရှိသည်။ ပြည်နယ်တစ်ခုလုံး၏ လူဦးရေမှာ (၉.၉) ရာခိုင်နှုန်းရှိသည်။ (၂၀၁၇) ခုနှစ်အထိ ဆိုးလ်ဂိုဏ်းချုပ်သာသနာအနေဖြင့် ကက်သလစ်ဘုန်းတော်ကြီး ဦးရေ (၁၀၀၀) သာရှိပြီး၊ (၇၅၆) ပါးမှာ သာသနာပိုင်ရဟန်းများဖြစ်ကြသည်။ အမျိုးသား၊ အမျိုးသမီးသူတော်စင် စုစုပေါင်းမှာ (၂၃၆၇) ပါးရှိသည်။
 
ထို့အတူ ရဟန်းမင်းကြီးဖရန်စစ်က နိုင်ရိုဘီ ဂိုဏ်းချုပ်သာသနာ၏ ဂိုဏ်းချုပ်ဆရာတော်ကိုလည်း ကြေညာခဲ့သည်။ ဆရာတော် Philip A. Anyolo သည် သက်တော် (၆၅) နှစ်ရှိပြီဖြစ်ပြီး၊ Kisumu ဂိုဏ်းချုပ်သာသနာကို (၂၀၁၈) ခုနှစ်ကပင် တာ၀န်ယူ အမှုတော်ထမ်းဆောင်ခဲ့သည်။ ဆရာတော်သည် (၂၀၁၅) ခုနှစ်မှ၍ ကင်ညာနိုင်ငံ၏ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဌအဖြစ်ထမ်းဆောင်ခဲ့သည်။ သူသည် ဂိုဏ်းချုပ် ဆရာတော်ဖြစ်မလာမီက (၂၀၀၃ မှ ၂၀၁၈) အထိ Homa Bay ၏ သာသနာပိုင် ဆရာတော်အဖြစ်လည်းကောင်း၊ (၁၉၉၆ မှ ၂၀၀၃) အထိ Kericho သာသနာ၏ ဆရာတော်အဖြစ်လည်းကောင်း အမူတော်ထမ်းဆောင်ခဲ့သည်။
 
ဆရာတော်သည် Kericho သာသနာ၏ သာသနာပိုင်အဖြစ်ရွေးချယ်ခံရချိန်၌ သက်တော် (၃၉) နှစ်သာရှိသေးသည်။ သူသည် (၁၉၈၃) ခုနှစ်၌ ရဟန်းသိက္ခာထပ်ခဲ့သည်။ နိုင်ရိုဘီ ဂိုဏ်းချုပ် သာသနာသည် (၁၂၆၃) မိုင်ကျယ်၀န်းပြီး၊ (၂၀၁၉) စစ်တမ်းအရ ကက်သလစ်ဘာ သာတူဦးရေမှာ ပြည်နယ်၏လူဦးရေ (၃.၈) သန်းအနက် (၅၀) ရာခိုင်နှုန်းသည် ကက်သလစ်ဘာသာတူများဖြစ်သည်။
 
ဖာသာရ်ကလေးမင်းအားတယ်
 
Photo Crd
NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။