#ဗာတီကန်စာကြည်တိုက်တာ၀န်ခံများသည် ခေတ်နှင့်ညီလျှော်မည့်ပြခန်းအဖြစ်ပြောင်းလဲရန်လုပ်ဆောင်နေ။
#Vatican Library teams up with contemporary artist to launch unique exhibition
ဗာတီကန်စာကြည်တိုက်၌ ခေတ်ကြေးမုံနှင့်ညီလျှော်သော ပြခန်းတစ်ခုကိုအမြဲထားရှိပြသနိုင်ရန် လုပ်ဆောင်နေကြသည်။ ဤစီမံကိန်းကို ဦးဆောင်သူမှာ ရောမမြို့မှပန်းချီပညာရှင် Pietro Ruffo ဖြစ်သည်။ ဤပြခန်း၌ လူမူရေး၊ ယဉ်ကျေးမူ များကိုအခြေခံသည်။ ပြခန်း၏ဆောင်ပုဒ်မှာ ရဟန်းမင်းကြီးဖရန်စစ်၏ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်ဆိုင်သော စာချွန်တော်ဖြစ်သည့် “Laudato si'နှင့်လူသားများ ညီအစ်ကိုရင်းစိတ်ဓာတ်များ မွေးမြူ ရှင်သန်စေရန် အလင်းပြတိုက်တွန်းထားသော “Fratelli tutti” စာချွန်တော်၏ ခေါင်းစဉ်များဖြစ်ကြသည်။
ဤသို့ပြုလုပ်ရခြင်းမှာ ခေတ်သစ်ပန်းချီပညာရှင်များ အားဖိတ်ခေါ်၍ ရဟန်းမင်းကြီး၏ စာချွန်တော်များကို ယဉ်ကျေးမူအခြေခံပြီး၊ ပုံများဖြင့်ဖော်ကျူးနိုင်ရန်ဖြစ်ကြောင်း ကာဒီနယ် Jose Tolentino De Mendonca ကရှင်းပြခဲ့ပါသည်။ ပြခန်းကိုအကန့် (၄) ကန့်ခွဲထားသည်။ Pietro Ruffo ၏ပထဝီနှင့် ကောင်းကင်ယံကို ပုံဖော်သော ပြခန်းဖြင့်စဖွင့်ထားသည်။ ရဟန်းမင်းကြီး စုဆောင်းထားသော ရှားပါးမြေပုံ များကိုကြည့်ရူနိုင်မည်ဖြစ်သည်။ အိန္ဒိယမှ (၁၆) ရာစုမှ အာကာသဆိုင်ရာ ပေလွှာများကိုလည်းတွေ့ရမည်ဖြစ်သည်။ ပြခန်းကို နို၀င်ဘာလ (၅) ရက်နေ့ကဖွင့်လှစ်ခဲ့ပြီး၊ ပထမဦးဆုံး၀င်ရောက်ကြည့်ရူခဲ့သူမှာ ရဟန်းမင်းကြီးဖရန်စစ်ဖြစ်သည်။
ဖာသာရ်ကလေးမင်းအားတယ်
Photo Crd