#ရဟန်းမင်းကြီးဖရန်စစ်သည် လုပ်ကြံခံရသော်လည်းလွှတ်မြောက်ခဲ့သည့် အီရတ်၀န်ကြီးချုပ်အတွက်ဆုတောင်းပေ။း
#Pope Francis prays for Iraqi PM after assassination attempt
အီရတ်၀န်ကြီးချုပ်သည် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ဒရုန်း (၃) စင်းနှင့်လုပ်ကြံရန်ကြိုးစားခံခဲ့ရသော်လည်း လွှတ်မြောက်ခဲ့သည်။ ဤသတင်းကိုကြားကြားချင်း၊ ရဟန်းမင်းကြီးဖရန်စစ်က နိုင်၀င်ဘာလ (၉) ရက်နေ့တွင် သံကြိုးစာပေးပို့၍ ဆုတောင်းပေးကြောင်း၊ အနီးအပါး၌ ရှိနေပါကြောင် းပြောကြားခဲ့သည်။ ထို့အတူ ဤလုပ်ရပ်ကို ယုတ်ညံ့သော အကြမ်းဖက်လုပ်ရပ်ဟုလည်း ထုတ်ဖော်ရှုပ်ချခဲ့သည်။ အမြင့်ဆုံးသောဘုရားသခင်၏ ကောင်းကြီးတော်ကြောင့် အီရတ်ပြည်သူများ ငြိမ်းချမ်းရေးကိုဆွေးနွေးညှိနှိုင်းခြင်း၊ ညီရင်းအစ်ကိုစိတ်ဓာတ်များဖြင့် တည်ဆောက်နိုင်ရန် ဉာဏ်ပညာနှင့်ခွန်အားများရရှိပါစေကြောင်းလည်း ထည့်သွင်းမိန့်ကြားထားသည်။ လုပ်ကြံရန်ကြိုးစားခဲ့သည့်မှာ နို၀င်ဘာလ (၇) ရက်နေ့ကဖြစ်ပြီး၊ ၀န်ကြီးချုပ်သည် ထိခိုက်မူမရှိခဲ့သော်လည်း သူ၏လုံခြုံရေးတပ်သား (၆) ဦးမှာဒဏ်ရာရရှိခဲ့သည်။ ဤလုပ်ကြံမှုသည် အီရန်နိုင်ငံ၌ အောက်တိုဘာလ (၁၀) ရက်နေ့က ကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲရ လာဒ်၌ စစ်တပ်ထောက်ခံသည့်အဖွဲ့ကြောင့် အီရတ်၌တင်းမာမှု ဖြစ်လာခဲ့ရသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် အီရတ်၀န် ကြီးချုပ်နှင့်ပြီးခဲ့သော ဇူလိုင်လကတွေ့ဆုံခဲ့ပြီး၊ အီရတ်နိုင်ငံ၏ နိုင်ငံရေး၊ ယဉ်ကျေးမူ၊ ငြိမ်းချမ်းရေး၊ ပြန်လည်ဖွံ့ဖြိုးတိုး တက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ဖာသာရ်ကလေးမင်းအားတယ်
Photo Crd