Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-11-12 05:26:15
#သက်၀င်ယုံကြည်မူမတူသောဘာသာများအား ထိခိုက်စော်ကားဟောပြောမူများ ချက်ချင်းရပ်ရန် ဘာသာပေါင်းစုံ အဖွဲ့အစည်းမှတောင်းဆို။
#Inter-religious Meeting: Stop preaching disrespectful things about other religions

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘာသာပေါင်းစုံအဖွဲ့က ဘာသာအချင်းချင်းစည်းလုံးမူ၊ ငြိမ်းချမ်းမူနှင့်အတူယှဉ်တွဲနေထိုင် နိုင်ရေးကိုရှေ့ရူ၍ ပြီးခဲ့သောအပတ်က Dhaka မြို့၏ Gulshan ဟိုတယ်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယနေ့ သက်၀င်ယုံကြည်မှု မတူသော ဘာသာရေးခေါင်းဆောင်များ အတူတကွယှဉ်တွဲထိုင်နေကြသည်။ သို့သော် မိမိတို့၏ဘာသာရေး ကျောင်းဆောင်များ၊ ပို့ချချက်များ၌မူ ဘာသာတစ်ခုနှင့်တစ်ခု၏ မကောင်းကြောင်းများကိုပြောဆိုနေကြသည်မှာ အလွန် စိတ်မကောင်းစရာဖြစ်ရကြောင်း၊ ဤသို့ ပြုလုပ်ခြင်းသည် ဘုရားသခင်၏ လမ်းစဉ်ကိုမလိုက်ကြောင်း၊ ဤသို့မဖြစ်သင့်ကြောင်းဖြင့် အင်္ဂလီကန်ဆရာတော် Sourav Pholia က ပြောကြားခဲ့သည်။ ဤအစီအစဉ်ကို Alhaj Syed Nazibul Bashar Maizvandary MP ကစီစဥ်ခဲ့သည်။ ဤအဖွဲ့သည် နိုင်ငံရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ဤအစည်းအဝးသို့ မွတ်စလင်၊ ဟိန္ဒူ၊ ဗုဒ္ဓနှင့် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင် (၂၅၀) တက်ရောက်ခဲ့သည်။  ဘဂ်လားဒေ့ရှ်နိုင်ငံ၌ အချို့သောဘာသာရေးခေါင်းဆောင်များသည် ဘာသာအချင်းချင်း အမုန်းပွားစေသောတရား၊ အခြား ဘာသာနှင့်ပတ်သက်သော အကြောင်းအရာများကိုနှိမ့်ချ၍ မီဒီယာများ၌ပြောဆိုခြင်း၊ သက်၀င်ယုံကြည်မှုနည်းသော ဘာသာ၀င်များအား အင်အားကြီးသောဘာသာမှ လူငယ်များက အနိုင်ကျင့်ဗိုလ်ကျခြင်း၊ တိုက်ခိုက်ရန်မူခြင်းကိုပြုလုပ်လေ့ရှိသည်။ ယခုအစီအစဉ်သည် ငြိမ်းချမ်းရေးနှင့် ဘာသာအချင်းချင်းယှဉ်တွဲနေထိုင်နိုင်ရေးကို ဦးတည်လုပ်ဆောင်ခြင်းဖြစ်သည်။ အစည်းအဝေး၏ ဆောင်ပုဒ်မှာ ‘Interfaith Unity for Peace and Harmony’ (သက်၀င်ယုံကြည်မှု မတူသော ဘာသာအချင်းချင်းတွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းခြင်းနှင့်အတူ ယှဉ်တွဲနေထိုင်ခြင်း) ဖြစ်သည်။ ဘာသာရေးခေါင်း ဆောင်များအနေဖြင့် မိမိတို့ဘာသာတရား၏ သွန်သင်ချက်များကိုသာ သွန်သင်ရန်ဝတ္တရားရှိသည်။ အခြားဘာသာကိုလည်း ရိုသေလေးစားတတ်ရန် သင်ကြားပေးရမည်။ မကြာမီက မီဒီယာတစ်ခု၌ မွတ်စလင်နှင့်ဟိန္ဒူတို့ကြား ဘာသာရေးပဋိပက္ခာများ ဖြစ်ပွားခဲ့ပြီး၊ လူအသက်အပျောက်များလည်းရှိခဲ့သည်။ ယနေ့ခေတ်၌ ဤသို့သောအဖြစ်အပျက်မျိုး မကြာခဏဖြစ် ပွားလျှက်ရှိပြီး၊ အချင်းချင်းကြားရှိ ငြိမ်းချမ်းရေးကိုစိန်ခေါ်နေသည်။ ထို့ကြောင့် ဘာသာရေးခေါင်းဆောင်များအား ဘာသာအချင်းချင်း ငြိမ်းချမ်းရေးရှိရန်နှင့် အတူယှဉ်တွဲနေထိုင်နိုင်ရေးကို တိုးမြှင့်လုပ်ဆောင်ရန်၊ လက်ရှိ၌ နိုင်ငံအတွင်း၌ဖြစ်စေ၊ နိုင်ငံတကာ၌ဖြစ်စေ ဘာသာရေးအချင်းချင်း စည်းလုံးညီညွှတ်ရန်အလွန်အရေးကြီးကြောင်း၊  ဟိန္ဒူ၊ ဗုဒ္ဓ၊ ခရစ်ယာန်အဖွဲ့ ၏ဥက္ကဌ Nirmal Rozario ကတိုက်တွန်းခဲ့သည်။ ဤနိုင်ငံလွှတ်လပ်ရေး ရရှိခဲ့ခြင်းမှာ လူမျိုးတစ်မျိုး၊ ဘာသာတစ်ခု တည်းဖြင့်မဟုတ်ခဲ့ပေ။ သို့သော် ယခုအခါ အင်အားကြီးသော ဘာသာသည် ထိုအာဏာကို တစ်စုတစ်ဖွဲ့တည်းကသာ ချုပ်ကိုင်လိုကြကြောင်းကို ဘာသာရေးခေါင်းဆောင်များက ပြောကြားခဲ့သည်။ ဘာသာပေါင်းစုံ စည်းလုံးညီညွှတ်မှသာလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုငြိမ်းစွ ာတည်ဆောက်နိုင်မည်ဖြစ်သည်ဟု ဆွေးနွေးခဲ့ကြသည်။ ဘဂ်လာဒေ့ရှ်နိုင်ငံအား ငြိမ်းချမ်းသောလူ့ အဖွဲ့အစည်းတစ်ခုဖြစ်ရန်မှာ ယခုကဲ့သို့တွေ့ဆုံပွဲများ၌သာ တစ်ထိုင်တည်း ဆွေးနွေးနေရုံဖြင့်မပြီးကြောင်း၊ ဤနိုင်ငံသည် မွတ်စလင်အင်အားကြီးသော နိုင်ငံဖြစ်ရာ အခြားအင်အားနည်းသော ဘာသာများသည် အခါအားလျှော်စွာ အင်အားကြီးဘာသာတို့၏ ပြုသမျှခံနေရသည့် အဖြစ်မျိုးဖြစ်နေရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ လူ့အခွင့်အရေးအဖွဲ့၏ မှတ်တမ်းအရ (၂၀၁၃) ခု နှစ်မှစ၍ ဟိန္ဒူဘာသာ၀င်များအား တိုက်ခိုက်ခဲ့သည်အမူပေါင်း (၃၆၀၀) ရှိကြောင်း၊  ၎င်းတို့အနက် အမှုပေါင်း (၅၅၀) ခုမှာ အိမ်၊ အဆောက်အုံဖျက်ဆီးမှု၊ အမှုပေါင်း (၄၄၀) မှာဆိုင်များ၊ စီးပွားရေးလုပ်ငန်းများကို ဖျက်ဆီးသည့်အမှုများဖြစ်သည်။ ထို့အတူ အမှုပေါင်း (၁၆၇၀) သည် ဟိန္ဒူဘုရားကျောင်းများ၊ နတ်ဘုရားများ၊ သန့်ရှင်းသောနေရာအဖြစ်သတ်မှတ်ထား သောနေရာများဖျက်ဆီးခဲ့သည်ဟု တင်ပြထားသည်။

ဖာသာရ်ကလေးမင်းအားတယ်
Photo Crd

NEWS AND EVENTS
2024-06-15 00:11:14

ဘာသာစကားများ ဘာသာပြန်သင်တန်း

Camillian Pastoral Care Center, Bangkok, Thailand

 

"Pastoral Literaturer Translation Workshop(2024)
June 4-10, 2024  -   FABC- OSC 
2024-01-07 20:36:18

#86th General Convention of Catholic Religious Conference of Myanmar (5-7.1.2024, CRCM)#မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်သူတော်စင်အသင်းဂိုဏ်းများအကြီးအကဲတို့၏(၈၆)ကြိမ်မြောက် ညီလာခံအစည်းအဝေးနှင့်CRCMတည်ရှိခြင်း နှစ်၅၀ပြည့် ဂျူဗလီကျေးဇူးတင်မစ္ဆာတရား။၅-၇၊ ဇန္နဝါရီလ၊ ၂၀၂၄ ခုနှစ်။