#ကပ်ရောဂါဆိုးကြီးသည် အချင်းချင်းဂရုစိုက်စောင့်ရှောက်တတ်ရန်သင်ကြားပေးသည်’ ဟုရဟန်းမင်းကြီး ဖရန်စစ်မိန့်ကြား။
#Pope Francis: the pandemic calls for a culture of care
ရောမ၌အခြေပြုထားသော OSA လူမှုအဖွဲ့အစည်းတစ်ခုသည် ၎င်းတို့၏လှုပ်ရှားမှုများဖြစ်သည် လိုအပ်သူများ ကိုကူညီခြင်း၊ ပြန်လည်ထူထောင်သည်လုပ်ငန်း၊ ဆေးရုံနှင့်ဆိုင်သော၀န်ဆောင်မှုများ၊ လူမှုရေးကိစ္စများနှင့်ပတ်သက်၍ အများသိရှိ၍ အကူအညီအမှန်တကယ်လိုအပ်လာပါက အကူအညီတောင်းခံတတ်ရန်လည်းရည်ရွယ်ပြီး မဂ္ဂဇင်း ထုတ်ဝေခဲ့သည်။ ၎င်းတို့ကူညီခဲ့သောသူတို့၏ သနားစရာ၊ စိတ်မကောင်းစရာ၊ ပျော်ရွှင်စရာများအကြောင်းကိုထည့် သွင်းဖော်ပြထာသည်။ ဤမဂ္ဂဇင်း၌ ရဟန်းမင်းကြီးဖရန်စစ်လည်းအောက်ပါစာကိုရေးသားခဲ့သည်။ ထိုစာထဲ၌ ရဟန်း မင်းကြီးက ‘အချင်းချင်းစောင့်ရှောက်တတ်တတ်သည့် ယဉ်ကျေးမူကိုတိုးမြင့်လုပ်ဆောင်ကြရန် အားပေးတိုက်တွန်း ထားသည်။
#သိမ်မွေ့ခြင်း
"သိမ်မွေ့ခြင်း" လိုအပ်သည့်အကြောင်းကို မီးမောင်းထိုးပြထားသည်။ သိမ်မွေ့ခြင်းဟုဆိုရာ၌ အနေနီးကပ်နေခြင်းကို ဆိုရုံသာမဟုတ်ကြောင်း၊ လူတို့၏ဘ၀ထဲသို့ ထိရောက်စွာရောက်ရှိရန်လိုသည်။ ဝေမျှခြင်း၊ ဂရုစိုက်ခြင်း၊ ချစ်ခြင်းသည် သိမ်မွေ့ခြင်းဖြစ်သည်မှာ သဘောပေါက်ပြီးဖြစ်ပါသည်။ ကပ်ရောဂါကာလရှည်ကြီးအတောအတွင်း ကျွန်ုပ်တို့ ရလိုက်သော အသိမှာ ကျွန်ုပ်တို့အချင်းချင်း နီးနီးကပ်ကပ်ရှိရန်ဖြစ်သည်။
#ကလေးနှင့်သက်ကြီးရွယ်အိုများကို အာရုံထားခြင်း။
ရဟန်းမင်းကြီးသည် ခါတိုင်းကဲ့သို့ပင် သူပြောသော အကြောင်းအရာများကို ကလေးများနှင့် သက်ကြီးရွယ်အိုဘက်ဆီသို့ ယိမ်းသွားကာ လူမှုအသိုင်းအဝိုင်း၌ ဖယ်ကျဥ်ခံထားရသော လူတန်းစားများဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်လူမှု၀န်းကျင်သည် လုပ်နိုင်ကိုင်နိုင်မှသာ တန်ဖိုးရှိသည် ဟု စံထားသတ်မှတ်ထားသော အသိုင်းအဝိုင်းဖြစ်သည်။ ကလေးများ၊ သက်ကြီးရွယ်အိုများ၏ အသက်တာသည် အသုံးမဝင်သကဲ့သို ထင်မှတ်ကြသည်။ ထို့ကြောင့် ကလေးနှင့် သက်ကြီးရွယ်အိုတို့၏ ကွာဟနေမှုကို ကြားမှ ပေါင်းကူးပေးမည့် ယဥ်ကျေးမှုတစ်ခု လိုအပ်ပါသည်။ အဘယ်သို့ပေါင်းကူးပေးမည်ဆိုသည်မှာ လူသားထုအတွက်စဉ်းစားစရာမေးခွန်းတစ်ခုဖြစ်နေပါသည်။
အပယ်ခံ၊ အမေ့ခံလူသားများအား ဂရုစိုက်သည့်အလေ့အထသို့ပြန်လှည့်သွားမှသာလျှင် အမှန်တကယ်လို အပ်ချက်ကိုလုပ်ဆောင်နိုင်မည်။ တစ်တစ်ခုနှင့်တစ်ခုကား ကွာဟမူ၊ ပဋိပက္ခများမရှိအောင်လုပ်ဆောင်နိုင်မှရမည်။ သို့မှသာ ကျွန်ုပ်တို့သည် အတူတကွရှိနေနိုင်မည်။ ဤသို့ဖြင့် လူငယ်မျိုးဆက်နှင့် သက်ကြီးရွယ်အိုမျိုးဆက်တို့ အတူတကွရှိနေခြင်းသည် လူမှုအသိုင်းအဝိုင်းအား အရည်အသွေးတစ်ခုကို ခံစားစေနိုင်ပါသည်။
#ကြည်ရှုခြင်း၊ နားထောင်ခြင်းနှင့်ဂရုစိုက်ခြင်း။
OSA အဖွဲ့သည် အိမ်တိုင်ရာအရောက်ကူညီပေးသည်။ အမှန်ဆိုသော် ‘အိမ်’ သည်နားခိုရန်နေရာတစ်ခုမျှသာ မဟုတ်ပေ။ လူမူဆက်ဆံရေးကူးလူးဖလှယ်ရာနေရာဖြစ်ပြီး၊ ထိုတရားနည်းလမ်းကျသော လူမူဆက်ဆံရေးမှ အခက်အခဲ၊ စိန်ခေါ်ချက်များကို ကျော်ဖြတ်နိုင်ရန်ခွန်အားများကိုမွေးဖွားပေးသည့် နေရာဖြစ်သည်။ ဤသို့ဆိုခြင်းသည် ကျန်းမာရေး၀န်ဆောင်မှုများသည် အသုံးမတည့်။ အကျိုးမရှိဟုမဆိုလိုပါ။ ကျန်းမာရေးကုထုံးများသည် စိတ်ဓာတ်ရေးရာ ကုထုံးများပြီးနောက် အားကိုးရမည့်နေရာဖြစ်သည်။ ရဟန်းမင်းကြီးသည် OSA အဖွဲ့၏လုပ်ဆောင်မှုကိုချီးကျူးထားသည်။ အဘယ်ကြောင့်ဆိုသော် အကူအညီလိုအပ်သူများ၏ နာကျင်မှုနှင့်ရောဂါများကိုသိရသည်။ အကူအညီပေးမည့် သူများကိုလှိုက်လှဲနွေးထွေးစွာ စောင့်ကြိုနေသည်။ ဝေဒနာကြား၌ လူသားပိုမိုဆန်လာသည်။ ဝေဒနာကြောင့် လူ သည်ပို၍အထီးကျန် ခံစားလာရသောအခါ အဖော်လိုအပ်သည်ကို ပိုမိုသိရှိလာသည်။
ရဟန်းမင်းကြီးကိုယ်တိုင်သည်လည်း များမကြာမီလများက ဆေးရုံတက်၍အူမခွဲစိတ်မှုကိုပြုလုပ်ခဲ့ရသောအတွေ့အကြုံမှ ကျန်းမာရေး၀န်ထမ်းများ အား လူမမာများအား၀န်ဆောင်မှုပေးရာ၌ လိုက်နာအပ်သော အလွန်ရိုးရှင်းသည့် မှတ်သားဖွယ်ရာအချို့ကိုပြောပြထားသည်။ လူနာများကိုမျက်စိဖြင့်ကြည့်ပါ။ မိမိနှင့်မဆိုင်သကဲ့သို့မနေဘဲ ၎င်းတို့ခံစားနေရသော ပြင်းထန်သည့်ဝေဒနာကိုဆင်ခြင်ပါ။ သူတို့ပြောသည်ကိုသေချာစွာနားစွင့်ထောင်ပါ။ သို့မှသာ ၎င်းတို့သည် ကျန်းမာရေး၀န်ထမ်းများအား ယုံကြည်စွာဖြင့် ၎င်းတို့ခံစားနေရသောဝေဒနာ၊ အခက်အခဲများကို ဖွင့်ပြောလာမည်ဖြစ်သည်။ ဂရုစိုက်သည်ဆိုရာ၌ ၎င်းတို့၏ လိုအပ်ချက်ကို ကူညီပေးခြင်း၊ ထောက်ပံ့ပေးခြင်းနှင့်ကျွမ်းကျင်သော၀န်ဆောင်မှုပေးခြင်းကိုဆိုလိုသည်။ ဤ ၀န်ဆောင်မှုမျိုးကိုပေးလျှင် မည်သည့်အခါမျှအကြမ်းဖက်မည်မဟုတ်။ စက်တပ်ယာဉ်ကဲ့သို့သာ မည်သည့်ခံစားချက် မျှမပြဘဲလုပ်ဆောင်မည်မဟုတ်ပေ။
ယေဇူးသခင်၏ လေးလံလှသော လက်ဝါးကပ်တိုင်ကို ကူထမ်းပေးခဲ့သည့် စီရီနေမြို့မှ ဆိုင်မွန်ကဲ့သို့သောသူ လိုအပ်သည်။
ရဟန်းမင်းကြီးအား နောက်ဆုံးမေးမြန်းခဲ့သောမေးခွန်းကား နာကျင်မှုနှင့်သေခြင်းအကြောင်းဖြစ်သည်။ ယေဇူးသခင်၏ အမည်နာမကို မခေါ်တသော်လည်း ယေဇူးသခင်ကိုလစ်လျူရူ၍မရပေ။ လက်တွေ့မကျဘဲ စကားသာပြောနေခြင်းသည် ဝေဒနာကိုပိုပြင်းထန်စေသည်။ ထွက်ပြေးရန်ကြိုးစားခြင်းထက် ဝေဒနာပြင်းထန်စွာခံစားနေရချိန်၌ အနီးအနားတွင်ရှိပါ။ အထူးသဖြင့် မည်သည့်အပြစ်မျှ မပြုတတ်သေးသည့် ပြင်းထန်သော ဝေဒနာခံစားနေရသော ကလေးများအား စောင့်ရှောက်ကုသပေးသင့်သည်။ မိမိတို့ဖာသာသီးသီးသန့်သန့် နေသည့်အကျင့်ကို ဖယ်ကျဥ်ရမည်။ အဘယ်ကြောင့်ဆိုသော် ဝေဒနာပိုမူခံစားရလေ ယေဇူးသခင်၏ ဘေးလံသော လက်ဝါးကပ်တိုင်ကို ကူထမ်းပေးခဲ့သော စီရေနေမြို့မှ ဆိုင်းမွန်းလို လူစားမျိုးကိုလိုအပ်သည်။ ကျွန်ုပ်တို့၏ဝေဒနာပေါ့ပါးသွားအောင်ကူထမ်းပေးမည့်သူလိုအပ်သည်။
ဘုရားသခင်သည် ကျွန်ုပ်တို့၏ အသက်တာ၌ သူရှိနေကြောင်းကို ပြသရန် အမြဲနည်းကောင်းလမ်းစ ရှာဖွေတတ်သည်။ တ်စခါတစ်ရံ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် ဝေးလံလှသည်ဟု ခံစားခံစားရချိန်၌ဖြစ်စေ၊ စွန့်ပစ်ခံရသည်ဟု ခံစားရချိန်၌ဖြစ်စေ ကျွန်ုပ်တို့နှင့်အတူရှိနေကြောင်းကိုပြသလေ့ရှိသည်။ ဤအချက်သည် ကျွန်ုပ်တို့၏ အားဖြစ် သည်။ ကျွန်ုပ်တို့မသိနားမလည်သော်လည်း ပါစကားအသက်တာသည် ဒုက္ခကြား၌အသက်၀င်လှုပ်ရှားလျှက်ရှိသည်။ အချိန်ကာလကြာလာမှသာလျှင် အမှောင်ထုကြား၌ဘုရားသခင်ရှိကြောင်းကိုသိရှိလာမည်ဖြစ်သည်။ ဤသို့နားလည်လာသည်အထိရှေ့ဆက်သွားရန်မှာ အချင်းချင်းဂရုစိုက် စောင့်ရှောက်ခြင်းဖြစ်သည်။ သင်တို့လုပ်ဆောင်နေမှုများအတွက်ကျေးဇူးတင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘ၀၏အမှောင်ထုကို တစ်ကိုယ်တည်းဖြတ်သန်း ရှင်သန်နေကြသော လူပေါင်းများစွာကို အထီးမကျန်စေရန်၊ စိတ်ဓာတ်မကျစေရန်၊ ၎င်းတို့တစ်ဦးတည်း အသက်ရှင် ကျန်မနေချင်တော့သည်သူများအား ရဲ၀ံ့စွာရင်ဆိုင်ရန် ကူညီနိုင်ခဲ့ကြသည်ဟုမိန့်ကြား၍ အဆုံးသတ်လိုက်သည်။
ဘာသာပြန် - ဖာသာရ်ကလေးမင်းအားတယ်
Photo Crd