ဆပ်ဖြေခြင်းသီလရှင် သင်းဂိုဏ်းတည်ထောင်သူ ဖခင်ကြီးဖာသာရ် ကားရ်လိုဆာလေးရီယို
(Fr.Carlo Salerio) ၏ အတ္ထုပ္ပတ္တိအကျဉ်း
ဖာသာရ်ကားရ်လို ဆာလေးရီယိုသည် ၁၈၂၇ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် အီတလီနိုင်ငံ၊ မီလန်မြို့ရှိ စိန့်စတီးဗင်း သာသနာအုပ်စု၌ ဖွားမြင်ခဲ့ပါသည်။မိဘနှစ်ပါးမှာ ပေါလူဆာလေးရီယို (Paolo Salerio)နှင့် ကယ်ရိုလီးနာဆာစီ (Carolina Sassi) တို့ဖြစ်ကြပြီး သားသမီးရတနာ(၉)ယောက်ရှိသည့်အနက် ဖာသာရ်ကားရ်လိုမှာ(၈) ယောက်မြောက်သားရတနာဖြစ်ပါသည်။ဖခင်ဖြစ်သူမှာ ချမ်းသာကြွယ်ဝသော အထည်ကုန်သည်ဖြစ်သည့်အတွက်စီးပွားရေးအဆင်ပြေသော မိသားစုတစ်ခုလည်းဖြစ်သည်။ မိသားစုစံပြုထိုက်သော ထူးခြားချက်များမှာ ဘုရားတရားကြည်ညိုကိုင်းရှိုင်းပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်ခြင်း၊ညစဉ်ညတိုင်း မိသားစုဝင်များအတူတကွစိပ်ပုတီးစိပ်ခြင်း၊တနင်္ဂနွေနေ့နှင့် ပွဲနေ့ကြီးများတွင် မည်သည့်အခါမျှ ပျက်ကွက်ခြင်းမရှိဘဲ မစ္ဆားတရားတော်မြတ်၌ပါဝင်ခြင်း၊စက္ကရာမင်းမင်္ဂလာများကိုမကြာခဏ ခံယူခြင်းနှင့်ရိုးသားပြီး ရက်ရောမှုရှိခြင်းတို့ပင် ဖြစ်ကြသည်။ကားရ်လိုသည် ၁၈၃၄ ခုနှစ် အသက်(၇)နှစ်အရွယ်တွင် ခရစ္စမားအားပေးခြင်း စက္ကရာမင်းမင်္ဂလာကိုခံယူရရှိခဲ့ပြီးအသက်(၁၀)နှစ်တွင်ပထမကိုယ်တော်မြတ်စက္ကရာမင်းမင်္ဂလာကိုရရှိခဲ့သည်။ဤသို့စက္ကရာမင်းမင်္ဂလာများကိုခံယူနိုင်ရန် အစ်မကြီးဖြစ်သူလွီးဇာမှကူညီပြီး ဘုရားတရားနှင့်ဆိုင်ရာများကို သွန်သင်ပေးခဲ့သည်။ကားရ်လိုသည် ပထမကိုယ်တော်မြတ် ရရှိပြီးသည့်နေ့မှစ၍ နေ့စဉ်မစ္ဆားတရားတော်မြတ်၌ ပါဝင်သည့်အပြင် ဘုန်းတော်ကြီးတစ်ပါး ဖြစ်လိုကြောင်း မိဘများကိုဖွင့်ပြောခဲ့သည်။သူသည်ငယ်စဉ်ကပင် ပျော်ပျော်ရွှင်ရွှင်နှင့် ဖျတ်လတ်တက်ကြွစွာ နေတတ်ပြီး နောက်ပြောင်ကြည်စယ်တတ်သူလည်းဖြစ်သည်။ ထိုစဉ်ကပင် သူသည် ဆင်းရဲသောသူများဒုကရောက်သောသူများကို အကူအညီပေးလေ့ရှိသည်။ ထို့အပြင်အပယ်ခံ လူငယ်ကလေးများဘက်မှလည်း ကူညီရပ်တည်ပေးခဲ့သည်။ အဖော်သူငယ်ချင်းများနှင့် ကစားနေချိန် များတွင် မဖွယ်မရာရိုင်းစိုင်းသောစကားများနှင့် ထိုအသုံးအနှုန်းဖြင့် ဟာသများပြောဆိုလာပါလျင် ၎င်းတို့အား ထိုသို့ပြောရန် ခွင့်မပြုချေ။ အဖော်သူငယ်ချင်းများအတွက် စံနမူနာကောင်းများ ပြပေးနိုင်သူဖြစ်သည့်အပြင် စာပေ၌လည်း ထူးချွန်ထက်မြက်သူ တစ်ဦးဖြစ်ခဲ့သည်။၁၈၃၉ ခုနှစ် အသက်(၁၂)နှစ် အရွယ်တွင်သူသည် မီလန်မြို့ရှိ The Minor of St. Peter the Martyr ရဟန်းဖြစ်သင်ကျောင်းသို့ ဝင်ခွင့်ရရှိခဲ့သည်။ထိုကျောင်းတွင်(၅)နှစ်တာ ဘာသာရေးဆိုင်ရာပညာရပ်များ သင်ယူပြီးသည့်နောက ၁၈၄၄ ခုနှစ်တွင် မွန်ဇာရှိ . Major Seminary တွင် အတွေးအခေါ် ပညာရပ် (Phllosophy) ကိုသင်ယူခဲ့သည်။ နွေရာသီကျောင်းအားလပ်ရက်များတွင် ကားရ်လိုနှင့်အဖော်တစ်စုသည် ပါဗီယာရှိမျက်ရ်တိုးဆာ ရသေ့ကျောင်းသို့ သွားရောက်လည်ပတ်လေ့ရှိသည်။ ဤသို့လည်ပတ်ရင်း ထိုရသေ့ကျောင်း၏ အကြီးအကဲ ဖာသာရ်လော်ရင်းနိုနှင့် ဆုံတွေ့ခဲ့ကြသည်။ ထိုဘုန်းတော်ကြီးသည် တစ်ချိန်က The Forelgn Mission of Paris မှ သာသနာပြုရဟန်းတစ်ပါးဖြစ်ပြီး ကျန်းမာရေးအခြေအနေကြောင့် အကြီးအကဲများမှ ပြန်လည်ခေါ်ယူခြင်းခံရသူဖြစ်သည်။ထို့နောက် ၎င်းသည် Carthusian ရသေ့အဖြစ်သစ္စာခံယူခဲ့ပြီး ပါဗီယာသို့ စေလွှတ်ခြင်းခံရကြောင်း ပြောပြသည်။ထိုဘုန်းတော်ကြီးမှ ဆက်လက်၍ ယခုတိုင် ဘုရားသခင် အကြောင်းမသိရှိ သေးသောသူများ ရှိနေသေးကြောင်း၊ ထိုသူတို့သည် ဝေးလံလှသည့် ထိုဆီးနီးယားကျွန်း (Oceania) တွင်နေထိုင်ကြကြောင်း၊ ထိုဒေသများသို့ ပြင်းပြသော တမန်တော်စိတ်ဓာတ်ဖြင့် သာသနာပြုရန်လိုကြောင်း၊ သို့သော် သီတလီတွင် သာသနာပြုရန်အတွက် ကျောင်းများဖွင့်လှစ်ထားခြင်း မရှိသေးကြောင်း တို့ကိုပြောပြခဲ့သည် ထိုအချိန်မှစ၍ ကားရ်လို၏စိတ်တွင် သာသနာပြုလိုစိတ် ပြင်းပြစွာ ကိန်းအောင်း ခဲ့လေသည်။
ထို့အပြင် ကားရ်လိုသည် ငယ်ရယ်စဉ် ကလေးဘဝကတည်းကပင် ဝိညာဉ်များ ကကယ်တင်ရန် ဆောငတ်ခဲ့သူ ဖြစ်သည်။ အပြစ်မဲ့သန္ဓေယူတော်မူသောမယ်တော်ကို အထူးသဒ္ဒါကြည်ညိုခဲ့ပြီး မယ် တော်နှင့်ဆိုင်သော ဆုတောင်းမေတ္တာများကို နေ့စဥ်ရွတ်ဆိုလျက် မယ်တော်၏ ကူညီစောင့်ရှောက်မှုကို ခံယူခဲ့သည်။ ကိုယ်တော်မြတ်စက္ကရာမင်းမင်္ဂလာကိုလည်း ဆပ်ဖြေခြင်းစိတ်ဓာတ်ဖြင့် အထူးသဒ္ဓါကြည်ညိုပြီး ဝတ်ပြုကးကွယ်ခဲ့သည်။ အပြစ်သားများအတွက် အပြစ်ဒဏ်ဆပ်ဖြေပေး လိုစိတ်သည် ငယ်စဉ်ကပင်အစပြုခဲ့သည်။ ဤဆပ်ဖြေခြင်းစိတ်ဓာတ်သည် အဲန်းမေရီ မားရိုးဗစ်ချ် (နောင်တွင် အသင်းဂိုဏ်းနှင့်အတူ လက်တွဲလုပ်ဆောင်မည့် မာသာရ် အဲန်မေရီမားရိုးဗစ်ချ် ဖြစ်သည်။) ရေးသားထားသော ဝိညာဉ်ရေးဆိုင်ရာ စာအုပ်များကိုဖတ်ပြီး မိမိ၏စိတ်နှလုံးထဲတွင် သန္ဓေတည်ခဲ့ခြင်း ဖြစ်သည်ဟု ကားရ်လိုသည် ပြောပြခဲ့သည်။
၁၈၄၆ ခုနှစ်တွင် မီလန်မြို့ရှိ ရဟန်းဖြစ်တက္ကသိုလ်တွင် ဓမ္မသင်္ဂြိုလ်ပညာ (Theology) ကိုဆည်းပူးသင်ယူခဲ့သည်။ထိုအချိန်တွင် အီတလီနိုင်ငံသည် ဩစတြီးယားနိုင်ငံနှင့် စစ်ဖြစ်ကာ မိမိနိုင်ငံလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေရသော အချိန်ဖြစ်သည်။ နောက်ဆုံး၌ ရဟန်းဖြစ်သင်ကျောင်းသားများလည်း မိမိနိုင်ငံလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရသည်။ ကားရ်လိုသည်လည်း ရှေ့တန်းမှ ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့သည်။ နောက်ပိုင်းတွင် အခြေအနေအားလုံးသည် အေးချမ်းသွားသည်ဟု ထင်ရသော်လည်း ဩစထြေးလျတပ်များ ပြန်လည်ဝင်ရောက်လာပြီး ပြည်သူပိုင် အဆောက်အဦးများ၊ကြီးမားကျယ်ဝန်းသော အရပ်သားအိမ်များနှင့် ရဟန်းဖြစ်သင်ကျောင်းတို့ကို ခံတပ်အနေဖြင့် အသုံးပြုလိုက်ကြသည်။ ထို့ကြောင့်ရဟန်းဖြစ်သင်ကျောင်းကိုလည်း ပြန်လည် မဖွင့်နိုင်တော့သည့်အတွက်ကြောင့် ကားရ်လိုသည် မိမိ၏နေအိမ်ကို ကျောင်းသားများ ပညာလေ့လာ ဆည်းပူးရန် ဗဟိုနေရာအဖြစ် သတ်မှတ်စေခဲ့သည်။
ဤသို့ဖြင့် ၁၈၅၀ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ကျွန်ုပ်တို့၏ဖခင်ကြီး ကားရ်လိုသည် ဦးပဉ္စင်းကြီးသိက္ခာကို ခံယူခဲ့ပြီး ထိုနှစ် မေလ(၂၅)ရက်နေ့တွင် ရဟန်းသိက္ခာကို ခံယူခဲ့လေသည်။ ဖာသာရ်ကားရ်လို ဆာလေးရီယို၏ … ငယ်သူငယ်ချင်းဖြစ်သူ ဂျိုဝါးနီမာဇူကိုးနီ၊(အိုဆီးနီယား၌ အသက်ပေးလှူခဲ့သည့် ဓမ္မအာဇာနည်ဖြစ်သည်။) သူသည်လည်း ရဟန်းသိက္ခာကို … အတူတူပင် ခံယူခဲ့သည်။ ထိုနှစ်(၁၈၅၀ခုနှစ်)၌ပင်Saribblတွင် သာသနာပြု ရဟန်းဖြစ်သင် ကျောင်းကိုဖွင့်လှစ် လိုက်သည့်အတွက် သနာပြုလိုသောရဟန်းများအား မွန်ဆီညော်အန်းဂျေလိုရာမာဇော့တီမိမ နှင့်ဆက်သွယ်ရန် ဖိတ်ခေါ်ခဲ့သည်။ ထို့ကြောင့် သာသနာပြုလိုစိတ် ပြင်းပြသော ဖာသာရ်ကားရ်လို ဆာလေးရီယိုသည် မွန်ဆီညော် အန်းဂျေလိုရာမာဇော့တီ နှင့် ဆက်သွယ်ပြီး ထိုကျောင်းသို့ ဝင်ရောက်ခဲ့သည်။ သူနှင့်အတူ ဂျိုဝါးနီ မာလိုးနီသည်လည်း ဝင်ရောက်ခဲ့သည်။ (လိုသာသနာပြုကျောင်း ကို (Pontificinstitute of Foreign Mission (PIME) ဟုနောင်တွင်ခေါ်ဆိုကြသည်။) ထို့နောက် ၎င်းတို့သည် သာသနာပြုများသိရှိအပ်သည့် ပညာရပ်များကို ဆက်လက်ဆည်းပူးလေ့လာ ကြသည်။
၁၈၅၂ ခုနှစ်တွင် ၎င်းတို့နှစ်ဦးအပါအဝင် ရဟန်းတော် (၅)ပါး၊ ဓမ္မဆရာ (၂)ဦးတို့သည် ထိုဆီးနီးယားကျွန်းသို့ သာသနာပြုရန် ရဟန်းမင်းကြီး နဝမမြောက်ပီးအူထံမှ အမိန့်စာကိုရရှိခဲ့ကြသည်။ ထို့ကြောင့် မတ်လ (၁၆) ရက်နေ့တွင် သာသနာပြုသွားကြမည့်ဘုန်းတော်ကြီး(၅)ပါးနှင့် ဓမ္မဆရာ(၂) ဦးတို့အထွက် စေလွှတ်ခြင်း မစ္ဆားတရားတော်မြတ်ကို ပူဇော်ပြီးသည်နောက် ၎င်းတို့၏အသင်းဂိုဏ်း အကြီးအကဲမှ သာသနာပြုသွားမည့် ဘုန်းတော်ကြီးများနှင့် မ္မဆရာ (၂) ဦးကို သာသနာပြုခရူးစူးများ အပ်နှင်းပေးလိုက်သည်။ ထိုစဉ် အသင်းဝင်များမှ သန့်ရှင်းသောဝိညာဉ်တော်၏ မေတ္တာထိုသံစဉ်ဖြင့် သီဆိုကြလေသည်။ ဖခင်ကြီးဖာသာရ်ကားရ်လိုဆာလေးရီယိုသည် ပထမဦးဆုံး ပီးမေသာသနာပြု ရဟန်းများထဲတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး သူ၏တိုင်းတစ်ပါးသို့ သာသနာပြုလိုသည့်ဆန္ဒမှာပြည့်ဝ ခဲ့လေသည်။ဖခင်ကြီးဖာသာရ်ကားရ်လို ဆာလေးရီလိုနှင့်အတူ ပီးမေသာသနာအဖွဲ့သည် ဥရောပမှလဆင့် ထိုဆီးနီးယားကျွန်းသို့ ကုန်းတစ်တန်၊ ရေတစ်တန်ဖြင့် သာသနာပြုခရီးကို စတင် ခဲ့ကြပါတော့သည်။ လမ်းခရီးတစ်လျှောက်တွင် သဘာဝ၏ ရှုမောဖွယ်ရာ အလှအပများကို ဖေါ်ကြူး၍ မလုန်နိုင်အောင်ပင် မြင်တွေ့ခံစားခဲ့ကြရသည်သာမက ပင်လယ်ရေပြင်၏ သဘောသဘာဝဖြစ်သော ကြမ်းတမ်းခက်ထန်ခြင်း၊ဘေးအန္တရာယ်များပြားလှခြင်း၊ ဖြတ်သန်းသွားရသည့် ကျွန်းများမှ ကျွန်းသားတို့၏ အနှောက်အယှက်ပေးခြင်းများတို့ကိုလည်း တွေ့ကြုံခံစားကြရသည်။ ထိုအခြေအနေများကို ကျော်လွန်သွားခဲ့ကြပြီးသည့်နောက် ဖာသာရ်ကားရ်လိုဆာလေးရီလို၏ အိမ်မက်နယ်မြေဖြစ်သော ဟိုဆီးနီးယားကျွန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။ ဤဖြစ်ရပ်အတွက် ဖာသာရ်ကားရ်လို ဆာလေးရီယိုသည် ရင်တွင်းမှ အတိုင်းမသိ ကြေနပ်မှုတို့ဖြင့် ပီတိဖြစ်ခဲ့ရပါသည်။ ဝမ်းမြောက်ပျော်ရွှင်မှုနှင့်အတူ ဖခင်ကြီးသည် မိမိ၏ ရင်တွင်းခံစားချက်လို အောက်ပါအတိုင်းဖေါ်ပြလိုက်ပါတော့သည်။ အကျွန်ုပ် ငယ်ရွယ်စဉ်ကတည်းကဝင် စိတ်ကူးယဉ်ခဲ့ရသည့် မြေ အကျွန်ုပ် လွန်စွာမှပင် ကောင်းတခဲ့သည့် ထိုမြေ သင်သည် ကြီးမြတ်လှပေသည်။ သင်၏ မြတ်နိုးဖွယ် မြေဆီကို ကျွန်ုပ်နမ်းရှုံ့ပါ၏။ အကျွန်ုပ်သည် သင်၌ချမ်းသာကြွယ်ဝခြင်းကိုလည်းကောင်း၊ အပန်းဖြေအနားယူခြင်းကိုလည်းကောင်း၊ နှစ်သိမ့်ကျေနပ်မှုကို လည်းကောင်း မတောင်းဆိုပါ။ အကျွန်ုပ် လိုလားတောင်းတဆုံး အရာတစ်ခုတည်းသာ ရှိပါသည်။ ဤသည်ကား ဝိညာဉ်များပင် ဖြစ်ပေတော့သည်။ ၎င်းတို့၏ ကယ်တင်ခြင်းအတွက် အမှန်တကယ်လိုအပ်မည်ဆိုပါလျှင် ဤမှာကျွန်ုပ်ရှိပါသည်။ ကျွန်ုပ်၏သွေးအားလုံးသည်လည်း ၎င်းတို့အတွက်ပင် ဖြစ်ပါသည်။ ကျွန်ုပ်သည် နောက်ဆုံးသွေးတစ်စက် မကျန်သည့်တိုင်အောင် ပေးဆပ်ပါမည် ဟုဖခင်ကြီးသည် ရင်တွင်းမှ လှိုက်လှိုက်လှဲလှဲ ဆိုလိုက်ပါတော့သည်။
ဖခင်ကြီးတို့ သာသနာပြုရဟန်းတို့သည် ဝုဒ်လာဒ်ကျွန်းကို ဆိုက်ရောက်လာကြသည့်သည့်အခါ ထိုကျွန်းတွင် ရှိနှင့်ကြပြီးဖြစ်သော မာရစ်ဘုန်းတော်ကြီး သုံးပါးတို့သည် နွေးထွေးပြူငှါစွာဖြင့် ခရီးဦးကြို ပြုခဲ့ကြပါသည်။ ရောက်မဆိုက်ပင် ဖခင်ကြီးတို့ မြင်တွေ့လိုက်ရသော ရဟန်းတော်များ၏ အင်အားချိနဲ့ နေသည့်ရုပ်လွှာများနှင့် မှုံနရီဖျော့တော့နေသော မျက်ဝန်းအစုံတို့သည် စစ်မှန်သော သာသနာပြုများ၏ ပြင်းထန်သောတိုက်ပွဲဝင် သင်္ကေတအမှတ်တစ်ခုပင် မဟုတ်ပါလားဟု ဖခင်ကြီး သိမှတ်လိုက်သည်။ ၎င်းသင်္ကေတသည် အသစ်သော သာသနာပြုများအတွက် အနာဂတ်တွင် ဖြတ်လျှောက်ရမည့် ခရီးလမ်းကြမ်းနှင့် ရင်ဆိုင်ကြရမည့် ဘဝတိုက်ပွဲကိုကြိုပြီး ဖေါ်ကျူးနေသကဲ့သို့ ဖခင်ကြီး၏ စိတ်တွင် မှန်းဆပုံဖေါ်မိလိုက်သည်။
ကျွန်းသို့ ရောက်လျှင်ရောက်ချင်း သူတို့အားလုံးသည် မစ်ရှင်ဘုရားကျောင်း ဆောင်လေးထဲသို့ ဝင်လိုက်ကြသည်။ မစ်ရှင်ကို ရောက်ရှိလာကြသူ သာသနာပြုတိုင်းသည် ၎င်းဘုရားကျောင်းဆောင်ငယ် အထဲ၌ စံမြန်းနေတော်မူသော မစ်ရှင်၏အရှင်သခင်ကို တွေ့ဆုံဂါရ၀ပြုကြရမည်မှာ ပထမဦးဆုံးနှင့် အရေးကြီးဆုံးတာဝန်နှင့် လိုအပ်ချက်ပင် မဟုတ်ပါလား။ ဖခင်ကြီးတို့ မြင်တွေ့လိုက်ရသော နန်းဆောင်လေးဟာဖြင့် အနောက်တိုင်းတွင် မြင်တွေ့နေကျ ဘုရားဆောင်များနှင့် လားလားမျှမတူ ဆန့်ကျင်လွန်းလှပါသည်တကား၊ ဆင်းရဲနိမ့်ကျလှပြီး သက်ကယ်မိုးနှင့် သာမာန်တဲကလေးတစ်လုံးပင် ဖြစ်ပေတော့သည်။ သို့ရာတွင် သာမာန်ထက်လွန်ကဲသည့် ကျွန်းအားလုံး၏ အရှင်သခင်နှင့် ကျွန်းသူကျွန်းသားအားလုံးတို့၏ နှလုံးသားများကို ပိုင်သသည့် အရှင်သခင်၊ သာသနာပြုအားလုံးကို လက်ကမ်းကြိုပွေ့ပိုက်သည့် အရှင်သခင်သည် လူတို့၏အမြင်တွင် သိမ်ငယ်လှသည့် ကိုယ်တော်မြတ်စက္ကရာမင်းတူး အသွင်သဏ္ဍာန်အောက်တွင် ဝှိုက်ကွယ်၍ နေတော်မူသည်။ အားလုံးအတွက် တဲကလေးထဲတွင် သူစံမြန်းနေသည်။ ၎င်းဖြစ်ရပ်ကို မြင်တွေ့လိုက်ရသော ဖခင်ကြီးသည် ‘ဤသည်ကား သာသနာပြုအားလုံးအတွက် လျှို့ဝှိုက်ခွန်အားပေတည်း’ ဟု ရင်ထဲမှ ဟစ်ကြွေးအားယူလိုက်ရ ပါတော့သည်။
သာသနာပြုအဖွဲ့သည် ထိုဒေသသို့ရောက်သောအခါ အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ကြပြီး ဦးစွာသာသနာပြုနေကြသော ပြင်သစ် သာသနာပြုဘုန်းတော်ကြီးများ (Marist Fathers) နှင့် လက်တွဲ လုပ်ကိုင်ကြသည်။ ဖာသာရ်ကားရ်လိုဆာလေးရီယိုနှင့်အတူ အပေါင်းဖော်ဘုန်းတော်ကြီးတစ်ပါး၊ဓမ္မဆရာတစ်ဦးတို့သည် (Woodlark)ကျွန်းသို့ သာသနာပြုရန်တာဝန်ကျသည်။ ၎င်းဒေသတွင် နေထိုင်ကြသော ဒေသခံ ကျွန်းသူကျွန်းသားတို့သည် ဖန်ဆင်းရှင်ကို သိကျွမ်းခြင်းမရှိကြသူများ ဖြစ်ကြပြီး ရိုးရာနတ်ကိုးကွယ်မှုအယူသည်းခြင်း၊ နတ်မိစ္ဆာတို့၏ ကျေးကျွန်ဖြစ်ရခြင်း၊ အလိုမရှိသော ကလေးငယ်များနှင့် သက်ကြီးနာမကျန်းတို့ကို သတ်သောဓလေ့ထုံးစံကိုဆုတ်ကိုင်ထားခြင်း တစ်ဦးနှင့်တစ်ဦး စာနာထောက်ထားမှု ကင်းမဲ့လျက် ရက်စက်ကြမ်းကြုတ်ခြင်း၊ သာသနာများအပေါ် စသည့်ဂုဏ်များကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်။ ရွံရှာမုန်းတီးပြီး ရိုင်းပြစွာ ဆက်ဆံခြင်း၊ ၎င်းတို့သည် မိမိတို့၏ ဓလေ့ထုံးစံများကို ပစ်ပြီး ဘုရားသခင်ကို သိရှိလက်ခံလာနိုင်ရေးအတွက် ဟောပြောသွန်သင်ပေးရန်´`အမှန်တကယ်ပင် လိုအပ်နေကြောင်း၊ ထိုသို့ ဟောပြောနိုင်ရန်မှာလည်း လွန်စွာမှပင် ခက်ခဲကြောင်းကို ဖခင်ကြီးနှင့် အပေါင်းပါများသည် ကောင်းစွာသိရှိနားလည်ကြသည်။ ဖခင်ကြီးတို့သည် မိမိတို့ကြွေးကြော်ခဲ့ကြသည့်အတိုင်း ကျွန်းသူ ကျွန်းသားများ၏ လောကုတ္တရာကို သာမက လာကီရေးရာပါမကျန် နည်းလမ်းပေါင်းများစွာဖြင့် အသက်နှင့် ကြိုးပမ်းခဲ့ကြသော်လည်း ကျွန်းသူကျွန်းသားများ၏ နှလုံးသားတို့သည် မာကြောခက်ထန်ရှိနေဆဲပင်ဖြစ်သည်။ များပြားလှစွာသော ဒုက္ခအခက်အခဲများ၊ ပင်ပန်းဆင်းရဲခြင်းများနှင့် ကြုံတွေ့ကြရသော်လည်း ဝိညာဉ်တစ်လုံးရရှိရန်အတွက် မိမိတို့၏အသက်ကိုပင်စွန့်ရန် ဝန်မလေးကြဘဲ စိတ်အားထက်သန်ခြင်းနှင့် ရက်ရောစွာဖြင့် ဘဝကို ဆက်ကပ်ခဲ့ကြသည်။ ဖခင်ကြီးတို့သည် ဘုရားသခင်အားစိတ်ဇောထက်သန်သည့် ချစ်စိတ်တို့ဖြင့် အပြစ်ထဲတွင် နစ်မွန်းနေသောဝိညာဉ်များအား ကယ်တင်လိုသောစိတ် ပြင်းပြလှသည့်အတွက် အရာရာတိုင်းတွင် သည်းခံခဲ့ကြသည်။ မည်မျှပင် သည်းခံခြင်းရှိရမည်အကြောင်း ဖခင်ကြီးသည် မီလန်တွင်ရှိသော အကြီးအကဲထံသို့ ပေးပို့သောစာတွင် ဂုဏ်ပြုလေးစားထိုက်သည့် သည်းခံခြင်းပါရမီကို လေ့လာသိရှိနိုင်ပါသည်။
အသစ်သောသာသနာပြုများကို ဤနေရာသို့ စေလွှတ်ပါလျင် စံပြုလောက်သည့် သည်းခံခြင်း ရှိသူဖြစ်ရန် လိုအပ်သည်။ နှစ်မြို့ဖွယ်ရာ ဆိုးယုတ်သော အနှိမ်ခံရခြင်းများ ကြုံတွေ့ ခံစားရစဉ်တွင် သည်းခံစိတ်ရှိခြင်း မညီသည့်အခါမျှ ရရှိမည်မဟုတ်သော ကြိုးပမ်းအားထုတ်မှု၏ အသီးအပွင့် ရလဒ်ကို သည်းခံခြင်းဖြင့် မျှော်လင့်စောင့်စားခြင်း၊အောင်မြင်မှုအတွက် အသေချာဆုံးသော နည်းလမ်းများ အနည်းနည်းဖြစ်ရခြင်းကို သည်းခံခြင်းနှင့် ရှုမြင်ရခြင်း၊ ကျွန်ုပ်တို့၏ တောင်းမေတ္တာသည် နားညောင်းခြင်း ခံရမည့် အသွင်မရှိသော်လည်း သည်းခံခြင်းဖြင့် စိတ်အားထက်သန်စွာနှင့် ယုံကြည်အားကိုးခြင်းဖြင့် ဆုတောင်းခြင်း၊ ကျွန်ုပ်တို့၏ ကြီးမားသောချစ်ခြင်းအတွက် အနည်းငယ်မျှသော ချစ်တုံ့ပြန်မှုကို မျှော်လင့်၍ မရနိုင်သောသည်းခံခြင်း၊ ဘုရားသခင်အတွက်သာလျင် ဒုက္ခအခက်အခဲ ဟူသမျှကို ဝမ်းမြောက်ခြင်းနှင့် ခံထမ်းသောသည်းခံခြင်း ဟူ၍ဖြစ်သည်။ အချိန်ကာလသည် သုံးနှစ်ကိုင် ကြာညောင်းခဲ့သော်လည်း ဖခင်ကြီးနှင့် အဖွဲ့တို့သည် မည့်သည့် အနည်းငယ်သောအောင်မြင်မှုကို မရရှိကြဘဲ များပြားပြီး ခါးသီးလွန်းလှသည့် အတွေ့အကြုံများကိုသာ ရရှိခဲ့ကြပါသည်။ ပြင်းထန်သော ရာသီဥတုဒဏ်ကြောင့် ဖခင်ကြီး၏ ကျန်းမာရေးအခြေအနေသည် တစ်နေ့တခြား ဆိုးရွားလာခဲ့ပါသည်။စိတ်ခံစားချက်များသည်လည်း ကြီးမားနာကြင်လွန်းလှပါသည်။ ထိုသို့ခံစားနေရချိန်တွင်ပင် “ကျွန်းသည် ကြီးမားပြင်းထန်လှသောဒုက္ခဆင်းရဲခြင်း အလယ်တွင် ရွှင်ပြလျက်ရှိနေပါသည်'ဟုဆိုနိုင်ခဲ့ပါသည်။ ဖခင်ကြီး၏ စံပြုထိုက်သည့် ပါရမီပါတကား။
နောက်ဆုံးတွင် ၁၈၅၅ ခုနှစ် မီလန်မှ သက်ဆိုင်ရာအကြီးအကဲများသည်အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးသည့်နောက်တွင် ဖခင်ကြီးအား မီလန်သို့ ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်ခဲ့ကြသည့်အတိုင်း သာသနာပြုရာကျွန်းမှ ထွက်ခွာလျက် မိမိ၏ ဇာတိမြေဆီသို့ ပြန်သွားရန် အကြောင်းဖြစ်လာပါတော့ သည်။ ဖခင်ကြီးသည် မိမိသာသနာပြုနေသည့် ဒေသကမှ တစ်ဖဝါးမျှပင် ထွက်ခွာသွားလိုသော စိတ်ဆန္ဒမရှိခဲ့သည့်အတွက် လွန်စွာပင် စိတ်မကောင်းဖြစ်ခဲ့ရပါသည်။ ယောက်ကျားတန်မဲ့ မျက်ရည်များ ဖြင့် အကြီးအကဲအား မိမိကို ဤမြေမှ ထွက်ခွာသွားခွင့် မပြုပါရန် တိုးရှိုးတောင်းပန်ခဲ့ပါသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် ဘုရားသခင်၏ အလိုတော်ကို လက်ခံပြီး မိမိ၏မွေးရပ်မြေ အီတလီနိုင်ငံ၊ မီလန်မြို့သို့ ၁၈၅၆ ခုနှစ်တွင် ပြန်လည်ရောက်ရှိလာခဲ့ပါတော့သည်။ အိုဆေးနီးယားကျွန်းမှ ပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်းတွင် ဖခင်ကြီးသည် မီလန်ရှိ ရဟန်းဖြစ်သင်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားပေးခြင်း၊ အချိန်နာရီများစွာ အာပတ်ဖြေနားထောင်ပေးခြင်း၊ သူတော်စင်ဂိုဏ်းအသီးသီး၏ ဝတ်စောင့်ပွဲများတွင် တရားဒေသနာ ဟောကြားပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။ထိုအချိန်၌ အီတလီမြောက်ပိုင်းတွင် ဩစထြေးလျကို တိုက်ထုတ်ရန် လွတ်လပ်ရေးတိုက်ပွဲဆင်နွဲ နေရသော အချိန်ကာလဖြစ်သည့်အတွက် မီလန်မြို့ပတ်ဝန်းကျင်သည် ကြောက်မက်ဖွယ်စစ်ပွဲများနှင့် ရင်ဆိုင်နေရသည်။ ထိုသို့သော အခြေနေများကြောင့် ဘာသာရေးနှင့် လူတို့၏အကျင့် စာရိတ္တအခန်းကဏ္ဍတို့သည် ပျက်စီးယိုယွင်းလာပြီး ဘဝလုံခြုံမှုလည်းမရှိတော့ချေ။ အထူးသဖြင့် ငယ်ရွယ်သော အမျိုးသမီးလေးများတွင် ဖြစ်ပျက်နေသည်။ ဤသို့သော အဖြစ်အပျက် အခြေအနေများသည် ဖာသာရ်ကားရ်လို ဆာလေးရီယိုအား ထိုဝိညာဉ်များကို ကယ်တင်ရန်အတွက် နည်းလမ်းရှာဖွေရန် တွန်းအားပေးလျက်ရှိနေသည်။ထို့ကြောင့်ဖာသာရ်ကားရ်လိုဆာလေးရီယိုသည် မယ်တော်သခင်မ၏ သန့်ရှင်းဖြူစင်သော နှလုံးတော်၏ ကာကွယ်စောင့်ရှောက်မှုအောက်၌ အမျိုးသမီးများအတွက် အမျိုးသမီးအသင်းဂိုဏ်း တစ်ခုကို တည်ထောင်ရန် ဆန္ဒဖြစ်ပေါ်ခဲ့သည်။ ထိုအသင်းဂိုဏ်းသည် မိမိ၏အပြစ်နှင့် လူသားအားလုံး၏ အပြစ်များအတွက် ဆပ်ဖြေပေးရန်၊ မိမိကိုယ်ကို ယဇ်ကောင်သဖွယ် ပူဇော်လျက် ပျက်စီးယိုယွင်းနေသော လူမှုအဖွဲ့အစည်းကို ပြန်လည်ထူထောင်ပေးရန် အထူးသဖြင့် ပျက်စီးလေလွှင့်နေသော မိန်းခလေးများနှင့် ခိုကိုးရာမဲ့ အပယ်ခံရသူများကို ကူညီပေးရန်တို့ဖြစ်သည်။ဤသို့ဖြင့်ဖာသာရ်ကားရ်လို ဆာလေးရီယိုသည် သူ၏မိတ်ဆွေ ဖာသာရ် ဂျွန်ရီဘိုးလ်ဒီနှင့် တွေ့ဆုံပြီး သူ၏ရည်ရွယ်ချက်ကိုပြောပြခဲ့သည်။ နောက်ပိုင်းတွင် ထိုဘုန်းတော်ကြီး၏ စိန့်မတ် သာသနာအုပ်စုတွင် စေတနာတရားထက်သန်စွာဖြင့် ကရုဏာရေးလုပ်ငန်းများကို ဆောင်ရွက်နေသော ကာရှိလင်းနာ အော်ဆေးနီဂိုနှင့် ဆုံတွေ့ခွင့်ရရှိခဲ့သည်။ နောက်ဆုံးတွင် ရည်ရွယ်ချက်၊ သဘောထားဆန္ဒများတူညီသည့် ဖာသာရ်ကားရ်လို ဆာလေးရီယိုနှင့် ကယ်ရိုလိုင်းတို့သည် အီတလီနိုင်ငံ၊ မီလန်မြို့၌ ၁၈၅၉ ခုနှစ်အောက်တိုဘာလ (၂) ရက်နေ့တွင် ဆပ်ဖြေခြင်းအသင်းဂိုဏ်းကို ယေဇူးရွှေနှလုံးတော်နှင့် မယ်တော်၏သန့်ရှင်းဖြူစင်သော နှလုံးတော်ထံအပ်နှံပူဇော်ကာ ကိုယ်စောင့်သိကြားများ၏ ကာကွယ် စောင့်ရှောက်မအောက်၌ ထားရှိပြီး တည်ထောင်ခဲ့ကြပါသည်။ အသင်းဂိုဏ်းတည်ထောင်ပြီးသည့်နောက် ဖခင်ကြီးဖာသာရ်ကားရ်လိုဆာလေးရီယသည် ဝိညာဉ်ရေးစာပေများကို ရေးသားခဲ့သည်။ သူ၏ ဆုံးမစာပေများ၊ အကြံပေးဩဝါဒများတို့သည်သူ၏အနစ်နာခံစိတ်နှင့်ဆပ်ဖြေခြင်းစိတ်ဓာတ်တို့ကို ဖော်ပြလျက်ရှိနေသည်။ ထို့ပြင်ယေဇူးရွှေနှလုံးတော်နှင့် မယ်တော်၏ သန့်ရှင်းဖြူစင်သောနှလုံးတော် တို့နှင့်ပေါင်းစပ်ခြင်း၊ ဖာသာရ်ကားရလိုဆာလေးရီယို၏ ကျန်းမာရေးအခြေအနေမှာ အို ဆေးနီးယားကျွန်း မှအသင်းဂိုဏ်း၏ဥပဒေအပြင် သူ၏သမီးများ ဝိညာဉ်ရေးတိုးတက်စေရန်အတွက် ဆုံးမသြဝါဒများ၊ ဂုဏ်ပြုချီးမွမ်းမထာမနာပြုခြင်းတို့တွင် ဆုတောင်းခြင်း၌ မွေ့လျှော်သောစိတ်ထားနှင့် ခြိုးခြံချုပ်တည်းခြင်းပါရမီတို့ရှိရန် လိုအပ်ကြောင်းတို့ကိုအထူး အလေးထားပြီး ရေးသားခဲ့သည်။ ပြန်လည်ရောက်ရှိလာချိန်မှစ၍ ကောင်းမွန်မှုမရှိတော့ဘဲ အခြေအနေသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာခဲ့တော့သည်။ ဤသို့သော ဝေဒနာများကို ခံစားနေရသော်လည်း ဖာသာရကားရ်လို ဆာလေးရီယိုသည် မိမိတည်ထောင်ထားသော အသင်းဂိုဏ်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ခြင်းနှင့် မိမိ၏ပီးမေအသင်းမှ တာဝန်များကိုလည်း ဆောင်ရွက်ရင်း ၁၈၇၁ ခုနှစ်စက်တင်ဘာလ (၂၉) ရက် နေ့တွင် ငြိမ်သက်အေးချမ်းစွာ ထာဝရဘုရားသခင်၏ရင်ခွင်တော်ဝယ် အနားယူသွားခဲ့လေသည်။ ထိုအချိနတွင် ဖခင်ကြီး၏ သက်တော်မှာ(၄၃)နှစ်သာရှိသေးသည်။ ဖာသာရ်ကားရ်လိုဆာလေးရီယို၏ ဘုရားသခင်ကိုချစ်သောစိတ် အပြစ်သားဝိညာဉ်များကိုလည်းချစ်ပြီး အပြစ်ဒဏ်ဆပ်ဖြေပေးလိုသောစိတ်၊ ဝိညာဉ်များကိုကယ်တင်လိုသောစိတ် စသည့်ပြင်းပြသော စိတ်ဆန္ဒ တို့သည် ဆပ်ဖြေခြင်းအသင်းဂိုဏ်း ဤကမ္ဘာလောကတွင် တည်ရှိနေသရွေ့သက်ဝင်လှုပ်ရှား ရှင်သန်လျက်ရှိနေဦးမည်မှာ အမှန်ပင်ဖြစ်ပါသည်။