Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-10-03 04:17:27

4.10.2024 – 26th   Week in Ordinary Time, Friday
၄.၁၀.၂၀၂၃ - (၂၆) ကြိမ်မြောက်သီတင်းပတ် သောကြာနေ့ 
ရှင်လုကာ ၁၀:၁၃-၁၆ - Luke 10;13-16
Reflection by Sr. Pactrcia,SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)

သခင်ယေဇူးကခေါရာဇိန်မြို့နဲ့ဗက်ဇဲဒမြို့တို့ကို အမင်္ဂလာရှိတဲ့မြို့တွေလို့ပြောပါတယ်။ ဒီလိုပြောတဲ့အခါတုရုမြို့၊ ဇိဒုန်မြို့တို့နဲ့ နှိုင်းယှဉ်ပြီးပြောတာတွေ့ရပါတယ်။ ဓမ္မဟောင်းကာလမှာတုရုမြို့နဲ့ဇိဒုန်မြို့ဆိုတာရှိပါတယ်။ အဲဒီမြို့တွေက အလွန်စည်းကားသိုက်မြိုက်ပြီး စည်းစိမ်ကြွယ်ဝ၊နာမည်ကြီးတဲ့မြို့ကြီးတွေ ဖြစ်ခဲ့ပါတယ်။ ဒီလို နာမည်ကြီးလာတာနဲ့အမျှအဲဒီမြို့ဟာ မာနထောင်လွှားလာခဲ့ကြတယ်။ ဒါကြောင့်ဘုရားသခင်က နောင်တရဖို့ပြောသော်လည်းပဲနောင်တ မရတဲ့အတွက်ကြောင့်ပျက်စီးခြင်းနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဒီလိုပဲခေါရာဇိန်မြို့နဲ့ဗက်ဇဲဒမြို့တို့မှာလည်း သခင်ယေဇူးက တန်ခိုးတွေ၊ နိမိတ်လက္ခဏာတွေများစွာပြခဲ့ပါတယ်။ ဒါပေမဲ့ မြို့သူမြို့သားတွေက စိတ်နှလုံးမပြောင်းလဲ နောင်တမရကြပါဘူး။ဒါကြောင့် “သင်တို့မြို့မှာ တွေ့ရတဲ့တန်ခိုး နိမိတ်လက္ခဏာတွေကို တုရုမြို့နဲ့ဇိဒုန်မြို့ကလူတွေတွေ့ရင်တောင် တုရုမြို့နဲ့ဇိဒုန်မြို့ကလူတွေက နောင်တရကြလိမ့်မယ်။ “တရားဆုံးဖြတ်တဲ့နေ့ရောက်ရင်၊သင်တို့ကတုရုမြို့နဲ့ဇိဒုန်မြို့ခံရတာထက်ပိုခံရမယ်။” လို့ ယေဇူးကပြောပါတယ်။ဒီလိုပဲကပေရနောင်မြို့ကလည်းချီးမြောက်ခြင်းတွေခံရသော်လည်းပဲ နောင်တမရ မပြောင်းလဲတဲ့အတွက် မရဏာနိုင်ငံတိုင်အောင်နှိမ့်ချခြင်းကိုခံရမယ်လို့ ပြောပါတယ်။ အဓိကဆိုလိုနေတာကတော့ ဧဝံဂေလိသတင်းစကားကို ကြားနေရသော်လည်း၊ဘုရားသခင်ရဲ့ကျေးဇူးပြုခြင်း တန်ခိုးနိမိတ်လက္ခဏာတွေကြုံတွေ့ရသော်လည်း၊ ချီးမြှောက်ခြင်းတွေခံနေရသော်လည်း၊မိမိရဲ့ဘဝထဲမှာဘုရားရှင်ပေးသနားသမျှကို အသိအမှတ်ပြု ရေတွက်ပြီးချီးမွမ်းတတ်ခြင်း မရှိသေးသူ၊ပညတ်တော်လမ်းကိုတလေးတစားလိုက်လျှောက်ခြင်းမရှိသေးသူ၊ပြုကျင့်ရမယ့်ဝိညာဥ်နှင့်ဆိုင်ရာကောင်းမှုပါရမီများ၊ ကာယနှင့်ဆိုင်ရာကောင်းမှုပါရမီများ ကိုမပြုလုပ်ပဲ လစ်လျူရှုထားသောသူ၊ စိတ်နှလုံးမပြောင်းလဲသေးသူ၊နောင်တမရသေးသူသခင်ယေဇူးကို မိမိအပြစ်မှ ကယ်တင်ပေးသောအရှင်သခင်အဖြစ်ယုံကြည်လက်ခံခြင်း မရှိသေးသူတွေကို တိတိကျကျ ရည်ညွှန်းပြောဆိုနေတာဖြစ်ပါတယ်။ သူတို့ဟာတချိန် စီရင်ခြင်းကာလမှာ သာ၍ခံရမယ်လို့ယေဇူးကပြောနေတာဖြစ်ပါတယ်။ ထိုသူတို့ပြောင်းလဲဖို့၊ နောင်တရဖို့ အရေးတကြီးလိုအပ်နေပါတယ်။အကယ်၍ ယနေ့နှုတ်ကပတ်တော်ကို ဖတ်ရှုနေသူသင်ကစိတ်နှလုံးပြောင်းလဲရမည့်၊ နောင်တရရမည့်အကြောင်းရင်းတစုံတရာရှိပါက ယခုပင်အပြစ်ဝန်ချလျက် နောင်တရပါ။ အကယ်၍ သင်ကသခင်ယေဇူးကို မိမိအပြစ်မှ ကယ်တင်ပေးသောအရှင်သခင်အဖြစ် လက်ခံယုံကြည်လျက်အသစ်သောနောက်လိုက်ကောင်းဘဝဖြင့် ဆက်လက်အသက်ရှင်လိုပါက အောက်ဖော်ပြပါဆုတောင်းချက်ကို ဝန်ခံလျက်သခင်ယေဇူးကို ယုံကြည်လက်ခံလိုက်ပါ။သခင်ယေဇူးဘုရား၊ကျွန်ုပ်သည် အပြစ်သားဖြစ်ပါ၏။ သခင်ယေဇူးသည် ကျွန်ုပ်အပြစ်အတွက်၊ လက်ဝါးကပ်တိုင်မှာအသေခံပြီးသင်္ဂြိုလ်ခြင်းကိုခံရကာ သုံးရက်မြောက်သောနေ့မှာ ရှင်ပြန်ထမြောက်သော အသက်ရှင်သည့် ဘုရားဖြစ်ကြောင်းကျွန်ုပ်ယုံကြည်လက်ခံပါ၏။ ကျွန်ုပ်၏နှလုံးသားအတွင်းသို့၊ ဝင်ရောက်ကျိန်းဝပ်တော်မူပါ။ အုပ်စိုးလမ်းပြတော်မူပါ။ သခင်ယေဇူးနာမ၌ဆုတောင်းပါ၏။ အာမင်။

Daily Reflection
2024-09-27 00:34:16

28.9.2024 – 25th Saturday in Ordinary Time
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၄၊ ၂၅ကြိမ်မြောက်သာမန်ကာလ စနေနေ့
Luke 9:43-45- ရှင်လုကာ ဧဝံဂေလိကျမ်း ၉း၄၃-၄၅
Reflection by  Sr. Maria Aung (LWST)
Posted by Sr. Benedetta Myat Hnin New(ISR)