Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2025-01-28 08:54:21

January 29, 3rd Week in Ordinary Time, Wednesday.
Mark 4:1-20
သာမန်ကာလ တတိယသီတင်းပတ် ‌‌ဗုဒ္ဓဟူးနေ့။
မာကု ၄း ၁-၂
Reflection by Fr.Tomas Zaw Lwin (OSM)

ခရစ်တော်ကသူ့ရဲ့ပရိတ်သတ်တွေနှင့်တပည့်တော်ကြီးတွေကိုကောင်းကင်နိုင်ငံတော်နဲ့ပတ်သက်တဲ့တရားတွေကိုဟောပြောသွန်သင်တဲ့အခါပရိတ်သတ်တွေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိတဲ့အရာတွေနဲ့ခိုင်းနှိုင်းပြီးဟောပြောတယ်။အဓိကတော့သူ့ရဲ့ပရိတ်သတ်တွေကိုပိုမိုနားလည်စေချင်တဲ့ရည်ရွယ်ချက်နဲ့ပါ။ဒါကြောင့်ဒီနေ့ကျမ်းစာမှာလည်းမျိုးကြဲသူဥပမာနဲ့ကျွန်ုပ်တို့ကိုသူရဲ့နှုတ်ကပါတ်တော်တရားကိုနှလုံးသွင်းပြီးသတင်းကောင်းကိုဖြန့်ဝေသူတွေဖြစ်ဖို့တိုက်တွန်းတယ်။ကျွန်ုပ်တို့ရဲ့နှလုံးသားကကျောက်မြေမဖြစ်ရဘူး၊ဆူးချုံတွေရှိတဲ့မြေမဖြစ်ရဘူး။ကောင်းသောမြေဖြစ်ရမယ်။ကောင်းသောမြေကမျိုးစေ့တွေကိုပေါက်ဖွားစေပြီး၊အသီးတွေဖြစ်ထွန်းစေသလိုကျွန်ုပ်တို့ရဲ့နှလုံးသားဥယျာဉ်ကလည်း ဘုရားရှင်ရဲ့ နှုတ်ကပါတ်တော်ကို နှလုံးသွင်းပြီး သူတစ်ပါးကိုဝေငှရမှာဖြစ်ပါတယ်။

Daily Reflection