January 14 1st Week in ordinary Time, Tuesday.
Mark 1: 21-28
သာမန်ကာလ ပထမသီတင်းပတ် အင်္ဂါနေ့။
မာကု ၁း ၂၁-၂၈
Reflection by Fr.Tomas Zaw Lwin (OSM)
ဒီလောကမှာများသောအားဖြင့်လူတွေကမိမိကိုယ်ကိုမြင်တဲ့သူ၊ဂုဏ်သိက္ခာရှိသူဆိုတာကိုလက်အောက်ငယ်သားတွေအပေါ်အာဏာသုံးစွဲခြင်းဖြင့်ဖော်ထုတ်ကြတယ်။ ဒီလိုအာဏာမျိုးကငါဆိုတဲ့အတ္တ၊မာန၊အထင်ကြီးမှုကနေဆင်းသက်လာတာဖြစ်တယ်။ဒီလိုအာဏာမျိုးကမိမိကိုယ်ကိုရော၊သူတစ်ပါးကိုရောဆိုကျိုးပြုတတ်ပါတယ်။ကောင်းကျိုးပြုခြင်းကမရှိသလောက်ပဲ ဖြစ်တယ်။ဒီလိုအာဏာမျိုးကိုပဲကျမ်းတတ်ဆရာတွေ၊ဖာရီရှဲတွေအသုံးပြုခဲ့ကြတယ်။ဒါပေမဲ့ခရစ်တော်ဘုရားရှင်ကတော့အများကောင်းကျိုးအတွက်သူတစ်ပါးဘဝမြှင့်တင်ဖို့အတွက်အသုံးပြုခဲ့တယ်။ အကျိုးပြုခဲ့တယ်။ဒါကြောင့်ဒီနေ့နတ်ဆိုးစွဲတဲ့သူတစ်ဦးကိုခရစ်တော်ဘုရားရှင်ရဲ့အမိန့်တော်နှင့်လွတ်မြောက်စေခဲ့ပါတယ်။