January 12 The Baptism of the Lord
Luke 3:15-16, 21-22
ရားသခင်၏ ဆေးကြောခြင်းမင်္ဂလာပွဲတော်
လုကာ ၃း ၁၅-၁၆, ၂၁-၂၂
Reflection by Fr.Tomas Zaw Lwin (OSM)
ဒီနေ့ကျွန်ုပ်တို့ Baptism of the Lord ခရစ်တော်ရဲ့ဆေးကြောခြင်းမင်္ဂလာပွဲကိုကျင်းပကြတယ်။ခရစ်တော်ကအပြစ်မဲ့သိုးငယ်တော်၊သူ့မှာ Original Sin ဆိုတဲ့အပြစ်ရင်းမရှိပဲနဲ့ဘာကြောင့် ဆေးကြောခြင်းခံခဲ့ရသလဲ။အဲ့ဒါကတော့ခရစ်တော်ကကျွန်ုပ်တို့လူသားတွေရဲ့အပြစ်တွေကိုသူ့အပေါ်မှာခံယူပြီးလူသားမျိုးနွယ်တို့ရဲ့အပြစ်အတွက်နောင်တယူခြင်းလည်းဖြစ်တယ်။ဒါကြောင့် Isaiah ၅၃း ၄-၅ “သူသည်ငါတို့ခံထိုက်သည့်ဆင်းရဲဒုက္ခကိုလည်းကောင်း၊တို့တစ်တေံခံရမည့်ဝေဒနာကိုလည်းခံခဲ့တယ်။ငါတို့အပြစ်များအတွက်ထိုးနက်သည့်ဒဏ်ရာများကိုလည်းရရှိခတယ်” ဆိုပြီးပြောခဲ့တယ်။ဂျော်ဒန်မြစ်ထဲမှာခရစ်တော်ဆေးကြောခြင် ခံယူတဲ့အချိန်ဝိညာဉ်တော်ဘုရားကချိုးငှက်ပုံသဏ္ဌာန်နှင့်ဆင်းသက်လာပြီးခမည်းတော်ကလည်းအသံတစ်ခုပေးခဲ့တယ်။ "This is mybelovedSon,ListentoHim."ဤသူသညငါ၏ချစ်သား၊သူ့ကိုနားထောင်ကြပါ။အဲဒါကြောင့်ကျွနိုပ်တို့ရဲ့အပြစ်တွေအတွက်ခံထမ်းခဲ့တဲ့ခရစ်တော်ရဲ့အသံကိုနားထောင်လျက်နောင်တယူကြပါစို့။