January 8 Reading after Epiphany Wednesday
Mark 6:45-52
မင်သုံးပါးပွဲပြီးနောက် ဗုဒ္ဂဟူးနေ့
မာကု ၆း ၄၅-၅၄
Reflection by Fr.Tomas Zaw Lwin (OSM)
အရာရာအဆင်ပြေနေချိန်မှာကောင်းမြတ်ခြင်းရှိတယ်လို့ယုံကြည်ရတာကလွယ်ပါတယ်။ကျွန်ုပ်သင့်ကိုမြင်စေချင်တာကလေမုန်တိုင်းတွေကြားမှာလည်းဘုရားရဲ့ကောင်းမြတ်ခြင်းရှိတယ်။တစ်ခါတစ်လေကျွန်ုပ်တို့က အန္တရာယ်တွေ၊ အတားအဆီးတွေကိုအာရုံစိုက်လွန်းလို့၊ဘုရားရဲ့ကောင်းမြတ်ခြင်းကိုမေ့လျော့တတ်ကြတယ်။ဘုရားရဲ့ကောင်းမြတ်ခြင်းသာမရှိခဲ့လျှင်လက်ရှိနေရာမှာကျွန်ုပ်တို့ရှိနေမှာမဟုတ်ပါဘူး။ဒါကြောင့်ဒီနေ့ဧဝံဂေလိကျမ်းစာထဲမှာရေနစ်လုနီးပါး ဖြစ်နေတဲ့အခါ တပည့်တော်ကြီးတွေကခရစ်တော်ကိုတောင်းတစ္ဆေလို့မြင်ကြတယ်။ပြဿနာကို အာရုံထားလျှင် ပြဿနာကိုဖြေရှင်းပေးနိုင်တဲ့ဘုရားရှင်ကိုမေ့လျော့နေတတ်ကြတယ်။ခရစ်တော်ကတောင်ပေါ်မှာတစ်ယောက်တည်းဆုတောင်းနေပေမဲ့ရေပြင်ပေါ်တွင် ဒုက္ခရောက်နေသောတပည့်တော်ကြီးတွေရဲ့ အခက်အခဲကိုမြင်ပြီးအရောက်လှမ်းလာခဲ့တယ်။