Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-10-06 21:33:00

8.10.2024 – 27th Tuesday in Ordinary Time;
အောက်တိုဘာလ ၈ ရက်၊ ၂၀၂၄၊ ၂၇ ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့  
Luke 10:28-42 - ဧဝံဂေလိကျမ်း ရှင်လုကာ ၁၀:၃၈-၄၂ 
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)  

သခင်ယေဇူးနှင့်တပည့်တော်တို့ကခရီးသွားရင်း ရွာတရွာကိုဝင်ကြတဲ့အခါမှာ မာတားဆိုသူက သခင်ယေဇူးနဲ့တပည့်တော်တို့ကိုဧည့်ခံဖို့ အလုပ်များနေပါတယ်။ သူ့ညီမဖြစ်သူ မာရီးယားဆိုသူက သခင်ယေဇူးရဲ့ခြေတော်ရင်းမှာသခင်ယေဇူးပြောသောစကားကို နားထောင်နေပါတယ်။ မာတားကဧည့်ခံရန် လုပ်ကျွေးရင်းစိတ်ပူလာတဲ့အတွက်“ကျွန်မကိုကူညီဖို့ ညီမလေးကိုပြောပေးပါသခင်”ဟုတောင်းဆိုလိုက်ပါတယ်။ သခင်ယေဇူးက“မာတား၊ မာတား၊ သင်သည်များစွာသောအမှုတို့၌ စိုးရိမ် ၍နှောင့်ရှက်ခြင်းကို ခံရ၏။လိုသောအရာတခုတည်းရှိ၏။ မာရီးယားမူကား၊ ကောင်းသောအရာကိုရွေးယူပြီ။ ထိုအအရာကို အဘယ်သူမျှ၊မနှုတ်မယူရာ။” လို့ ပြန်ပြော ပါတယ်။ ဧည့်ဝတ်ပြုခြင်း၊ပြုစုလုပ်ကျွေးခြင်း အလုပ်ကကောင်းပါတယ်။မကောင်းဘူးလို့ သခင်ယေဇူးကမပြောပါဘူး။ လုပ်ဆောင်ရင်း ဧည့်ဝတ်မကျေမှာ၊လစ်ဟာမှုရှိသွားမှာကို စိုးရိမ်ခြင်းကလည်း ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။ သခင်ယေဇူးက သူ့စကားကို နားထောင်ခြင်းနဲ့ဧည့်ဝတ်ပြုခြင်းနှစ်ခုကို နှိုင်းယှဉ်တဲ့အခါမှာသူ့စကားနားထောင်ခြင်းကို ဦးစားပေးရွေးယူတတ်ဖို့နှင့်တဖက်မှာလည်းအလုပ်လုပ်တတ်ဖို့ပြောနေပါတယ်။ဥပမာ ကျွန်ုပ်တို့အများစုအနေနဲ့ အိမ်မှာဖြစ်ဖြစ်၊ ဘုရားကျောင်းမှာဖြစ်ဖြစ်၊ ဘုရားရှိခိုး၊ အစီအစဉ်တခုခု လုပ်ဆောင်တဲ့အခါ အစီအစဉ်မှာကြားရမယ့် နှုတ်ကပတ်တော်ထက်နောက်တန်းက လုပ်ဆောင်ရမယ့်အရာတွေကို ဦးစားပေးတတ်ပါတယ်။ ဒီလိုနဲ့အကောင်းဆုံးလုပ်ဆောင်ရင်း ကြာလာသောအခါ မိမိအတွင်းမှာ ခမ်းခြောက်တာမျိုးဖြစ်နေတတ်ပါတယ်။ ဝမ်းမြောက်ခြင်းမရှိတာ၊ မကျေမနပ်ဖြစ်တာတွေနဲ့လည်း ပြည့်နေတတ်ပါတယ်။တခါတလေ ကျွန်ုပ်တို့အသက်တာမှာ မနက်မိုးလင်းတာနဲ့စီစဉ်ထားတဲ့အရာတွေ၊ အရေးပေါ်ကိစ္စတွေကိုလုပ်ဆောင်ဖို့ စိတ်အားထက်သန်ကြတယ်။ ထိုအရာတွေကို ဦးစားပေးအာရုံစိုက်တဲ့အလေ့အကျင့်ရှိပြီးသခင့်စကားက ကျွန်တော်တို့ စိတ်နှလုံးထဲမှာမရှိခဲ့ရင် အဟန့်အတားဖြစ်တတ်ပါတယ်။ ဘုရားကိုဦးထိပ်ထားပြီး အလုပ်လုပ်တတ်ဖို့ လိုအပ်သောကျေးဇူးတော်များတောင်းခံသွားကြပါစို့။

Daily Reflection
2024-09-27 00:34:16

28.9.2024 – 25th Saturday in Ordinary Time
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၄၊ ၂၅ကြိမ်မြောက်သာမန်ကာလ စနေနေ့
Luke 9:43-45- ရှင်လုကာ ဧဝံဂေလိကျမ်း ၉း၄၃-၄၅
Reflection by  Sr. Maria Aung (LWST)
Posted by Sr. Benedetta Myat Hnin New(ISR)