Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-03-15 10:17:45

16 March 2026 Monday

Fourth Week of Lent

John 4: 42 - 54

Reflection by Fr. Nicholas Kyaw Lin Tun, OSM

Posted by Sr. Maria Ni Ni, MSP

  

 

ဤယနေ့ ဧဝံဂေလိကျမ်းစာတွင် ပထမအချက်အနေဖြင့် သခင်ယေဇူးက သူ၏ဇာတိ၊ ကြီးပြင်းလာရာဒေသတွင် သခင်ယေဇူးက နှစ်ရက်ပဲနေထိုင်ပြီး နိမိတ်လက္ခာဏာတွေ အများအပြားမပြုလုပ်ဘဲ ထွက်ခွာခဲ့တာကိုထောက်ရှုရမှာဖြစ်ပါတယ်၊၊သူ၏မြို့သားတွေက သူရဲ့အတိတ်ဖြစ်ရပ်တွေ၊ မိသားစုအသိုင်းအဝိုင်းကိုသာ ကြည့်နေခဲ့ခြင်းဖြစ်ပါတယ်။ သခင်ယေဇူး၏ မူလဇာတိတော်အရ မည့်ကဲ့သို့သောသူ ဖြစ်ကြောင်းကိုလက်ခံရန် မကြိုးစားနိုင်ကြခြင်းကို တွေ့ရပါသည်။ ထို့ကြောင့် သခင်ယေဇူးကို မယုံကြည်နိုင်ကြပေ။ ခရစ်တော်ကလည်း နိမိတ်လက္ခာဏာများစွာ မပြုလုပ်နိုင်ခဲ့ပေ။ ကျွန်ုပ်တို့နေထိုင်ရာ ဘဝသက်တာတွင် ကျွန်ုပ်တို့နှင့် ပေါင်းသင်းဆက်ဆံသူများကို လက်ရှိပကတိအတိုင်း လက်ခံနိုင်အောင်ကြိုးစားကြပါစို့၊၊ ဒုတိယအချက်အနေဖြင့် ကျမ်းစာတော်မြတ်တွင် ကာဖါနာအုမ်မြို့မှ အမတ်ကြီး၏စစ်မှန်သောယုံကြည်ခြင်းကို ကြားနား ဖြစ်ပါတယ်။ အမတ်ကြီးက သူ၏သားကို ကုသပေးရန် သခင်ယေဇူးအား အိမ်သို့ ဖိတ်ခေါ်ခဲ့ပါတယ်၊၊ သို့သော် ယေဇူးက သွားလော့၊ သင်၏သား အသက်ချမ်းသာရလေပြီဟုသာ မိန့်ဆိုခဲ့သည်။ ဤအဖြစ်အပျက်တွင် အမတ်ကြီးသည် သခင်ယေဇူးကို လုံးလုံးလျားလျား ယုံကြည်ကြောင်းသိရှိနိုင်သည်။ ထို့ကြောင့်လည်း သူ၏သားမှာ ကုသခြင်းခံစား ရလေသည်၊ ကျွန်ုပ်တို့ ဘဝတွင် နာဇရက် မြို့သူမြို့သားများကဲ့သို့ မိမိတို့၏ ယုံကြည်မှုကို အခြေအနေ၊ အကြောင်းပြချက် များအပေါ် မူတည်၍ ယုံကြည်မလား၊ အမတ်ကြီးကဲ့သို့ စိတ်နှလုံးအတွင်းမှ ဘုရားသခင်ကို အကြွင်းမဲ့ ယုံကြည်မလား ထောက်ရှု စဉ်းစားကြပါစို့၊၊

 

 

Daily Reflection