23 April 2026
Third Week of Easter Thursday
John 6: 41 -51
Reflection by Celeste, MSP
Posted by Sr. Maria Ni Ni, MSP
" ငါ့ကိုစေလွတ်တော်မူသော ခမည်းတော်သည် ခေါ်တော်မမူလျင် မည်သူမျှငါ့ထံသို့မလာနိုင်။ လာသောသူကို နောက်ဆုံးသောနေ့၌ ထမြောက်စေမည်။ " ဟု တရားတော်အားဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းသည် ကျွန်ုပ်တို့ရဲ့ နှလုံးသားတံခါးဝ၌ ရောက်နေပါပြီ၊ ကျွန်ုပ်တို့နှလုံးသားက လက်ခံ၊ နာယူပါက ကယ်တင်ခြင်းသည် ကျွန်ုပ်တို့ထံ ရောက်လာပါပြီ။
" ငါသည်ကောင်ူကင်မှဆင်းလာသောအသက်ရှင်ေသာမုန့်ဖြစ်၍ ဤမုန့်ကိုစားသောသူသည် အစဥ်ထာဝရအသက်ရှင်လိမ့်မည်။ " ဟု ကိုယ်တော်မြွက်ဆိုသော အသက်မုန့်တော်/ ကိုယ်တော်မြတ်မုန့်တော်ကို ကိုယ်တော်က နေ့စဥ်ကျွန်ုပ်တို့၊ တစ်ဦးစီရဲ့ နုတ်ခမ်းဝ အထိ မေတ္တားတရားအပြည့်ဖြင့်ခွန့်ကျွေးနေတော်မူသောကြောင့် ကျွန်ုပ်တို့တွေက ယုံကြည်ခြင်းဖြင့် ကိုယ်တော်ကျွေးသော မုန့်တော်မြတ်ကို ပင့်ယူစားသုံးပြီး၊ ထိုမုန့်တော်ရဲ့အဟာရ ခွန်အားဖြစ်သော ဝိညာဥ်အားတန်ခိုးဖြင့် ကိုယ်တော်ပေးသောကယ်တင်ခြင်းလမ်းဆီသို့ အားယူလျှောက်လှမ်းကြပါစို့။