Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-03-18 02:57:04

19 March  2026 Thursday

Fourth Week of Lent

Luke 2: 41 - 51

Reflection by Fr. Nicholas

Posted by Sr. Maria Ni Ni

  

ဤယနေ့အမိအသင်းတော်ကြီးသည်မယ်တော်သခင်မ၏ခင်ပွန်း စိန်ဂျိုးဇက်၏ ပွဲတော်ကိုကျင်းပနေပါတယ်၊၊ အမိကက်သလစ်တော်ကြီးတွင် မယ်တော်သခင်မ ပြီးနောက် အရိုအသေထိုက်ဆုံးပုဂ္ဂိုလ်က စိန်ဂျိုးဇက်ပဲဖြစ်ပါတယ်။ ဤယနေ့ကျမ်းစာတော်မြတ်တွင်နှစ်စဉ်နှစ်တိုင်းသခင်ယေဇူး၏မိသားစုကဂျေရုဇလင်သို့သွားကြ၏ဟုကြားနာရပါတယ်။ ဤသည်ကိုကြည့်ခြင်းဖြင့် စိန်ဂျိုးဇက်ဟာမိမိပြုလုပ်ရမည့်ဘာသာရေးတာဝန်များကိုသေချာကျေပွန်စွာပြုလုပ်သောသူ၊ မိမိ မိသားစုနှင့်အချိန်တိုင်းတွင်အတူရှိပြီးသူတို့အား ဖေးမ ကူညီသူဖြစ်ကြောင်းသိရပါသည်၊၊ ထို့ပြင် သခင်ယေဇူး ပျောက်သွားသည့်အခါ မယ်တော်နှင့်အတူလိုက်လံရှာဖွေစဉ်တွင် အလွန်ပူဆွေးသောကနှင့် ရှာသည်ကို ကြည့်ခြင်းဖြင့် မိမိ၏သားလှရတနာကိုမည်မျှချစ်တော်မှုကြောင်းကိုသိရှိနိုင်ပါသည်။ သခင်ယေဇူးကကျွန်ုပ်သည်ခမည်းတော်၏အိမ်တော်တွင်ရှိနေမည်ကိုမသိကြလောဟု မိန့်တော်မှု သောအခါ သာမန် ဖခင်တစ်ဦးကဲ့သို့ ပြုမှုမဆက်ဆံခဲ့ပဲ မိမိအလိုဆန္ဒထက် ဘုရားရဲ့ အလိုတော်ကို ဦးစားပေးခဲ့သည်ကို သိရှိနိုင်ပါတယ်။ ထို့ကြောင့် ကျွန်ုပ်တို့ဘဝတွင်လည်း စိန်ဂျိုးဇက်ကဲ့သို့ တာဝန် ကျေပွန်သောသူ၊ မိမိ၏မိသားစုအသိုင်းအဝိုင်းအား ကိုယ်စိတ်အရင်းခံဖြင့် ချစ်တတ်သောသူ၊ ဘုရားသခင်၏အလိုတော်ကို ဦးစားပေးတတ်သောသူဖြစ်အောင် ကြိုးစားကြပါစို့၊

 

Daily Reflection