7 May 2026
Fifth Week of Easter Thursday
John 15; 9-11
Reflection by Sr. Dominic Phen, ZSLF
Posted by Sr. Maria Ni Ni, MSP
ပြည့်ဝသောအနှစ်သာရသည် ခမည်းတော်ဘုရားမှသားတော် - ယေဇူးခရစ်တော်ဆီသို့ကြွယ်ဝစွာတည်ရှိခြင်းမှတဆင့်ကျွန်ုပ်တို့ထံစီးဆင်းလာသောဘုရားသခင်၏မေတ္တာတော်ထဲမှာ ပါဝင်ကြရပါတယ်။သခင်ယေဇူးကဒီမေတ္တာတော်ကိုသိရှိရုံသာမကမေတ္တာတော်ထဲမှာကျွန်ုပ်တို့အားတည်နေဖို့ဖိတ်ခေါ်နေခြင်းပါ။ကိုယ်တော်၏ပညတ်တော်များကိုစောင့်ရှောက်ခြင်းမှာဝန်ထုတ်ဝန်ဘိုးတစ်ခုအဖြစ်မဟုတ်ဘဲ၊ ကျွန်ုပ်တို့လူသားတွေကိုချစ်တော်မူသောကိုယ်တော့်ကို ကျေးဇူးတင်ခြင်းဖြင့်တုန့်ပြန်သောနာခံခြင်းမျိုးဖြစ်ရန်အလွန်အရေးကြီးပါတယ်။ဒီအတွက်ကျွန်ပ်တို့ဟာ လောကရဲ့ဖြစ်လေ့ဖြစ်ထရှိသောအခြေအနေတွေပေါ်မှာမူတည်ခြင်းမျိုးမဟုတ်သောစစ်မှန်သောဝမ်းမြောက်ခြင်းကို အမှန်တကယ်ရရှိခံစားရမှာပါ။ဒီအရာတွေက လောကပေးသောအပေါ်ယံပျော်ရွှင်ခြင်းမျိုးမဟုတ်သောကြောင့် ခဏတာ/ ယာယီပျော်ရွှင်မှုမျိုးမဟုတ်ပါ။ ဘုရားသခင်နှင့်တစ်လုံးတစ်ဝတည်းတည်ရှိနေခြင်းမှ ရရှိလာ၍ပြည့်ဝစုံလင်သောပျော်ရွှင်ဝမ်းမြောက်ခြင်းပါပဲ။ ဒီပျော်ရွှင်ဝမ်းမြောက်မှုကို မည်သည့်အတားအဆီးမှ လုယူနိုင်မှာမဟုတ်။