Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-04-21 02:58:16

22 April 2026

Third Week of Easter Wednesday

Luke 6: 35 - 40

Reflection by Celeste, MSPPosted by Sr. Maria Ni Ni, MSP

 

 ယေဇူးက " ငါသည်အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် မည်သည့်အခါမျှ ဆာငတ်ခြင်းရှိလိမ့်မည်မဟုတ်။ ငါ့ကိုယုံကြည်သောသူသည်လည်း မည်သည့်အခါမျှ ရေငတ်လိမ့်မည်မဟုတ်။ "ဟု ကိုယ်တော်မိန့်တော်မူသော နုတ်ကပတ်တော်က ဝိညာဥ်၊ ကာယ နှစ်မျိုးစလုံးအတွက် အဟာရ နှင့် ခွန်အား ဖြစ်စေသော အသက်၏ မူလအရင်းအမြစ်ဖြစ်ကြောင်းကို သတိမမူ၊ မေ့လျော့ကာ၊ ကိုယ်တော်မြွက်ကြားခဲ့သော တရားစကားများအပေါ် ယုံကြည်ခြင်းအားနည်းသော ကျွန်ုပ်တို့လူသားတွေရဲ့ လစ်လျူရှုမှုများကို ကိုယ်တော်က အတိအလင်းဖော်ပြသတိပေးလိုက်ခြင်းပါ။ 

ကိုယ်တော်လူ့အဖြစ်ယူတော်မူစဥ် မကျန်းမာသူများ ရောဂါ ဝေဒနာ ခံစားရသူများကိုကုသပေးခြင်း၊သေသူများကို ပြန်လည်ရှင်ပြန်စေခြင်း၊ ဆင်းရဲသားများ၊ ဖိနှိပ်ခံလူတန်းစားများ၊ လူတို့ရဲ့ခွဲခြားမှုကြောင့် ဖြစ်ပေါ်လာသော လစ်လျူရှုခံလူတန်းစားများ၊ တရားမျှတမှုကို ဆာလောင်နေသောလူများ၊ စသော အစွန်ပစ်ခံလူများဘက်မှ ကိုယ်တော်သည် ရပ်တည်ပေးခဲ့ခြင်းများ၊ကိုယ်တော်သည် ဘုရားရှင်၏သားတော်၊ ကျွန်ုပ်တို့၏ ကာယ၊ ဝိညာဥ် နှစ်ပါးစလုံးအတွက် ထာဝရအသက်ပေးပိုင်သူဖြစ်ကြောင်း ယုံကြည်ခြင်းအားနည်းသော ကျွန်ုပ်တို့လူသားများအား အသစ်တဖန်ပြန်လည်အသက်ဝင်ကာ ကျွန်ုပ်တို့ရဲ့ ကာယ၊ ဝိညာဥ် နှစ်မျိုးစလုံးကို အားဖြည့် ပေးနိုင်သောဘုရားအပေါ် ပြည့်ဝသောယုံကြည်ဖြင့် သက်ရှင်နေထိုင်ပြီး ကိုယ်တော်၏ စစ်မှန်သော မေတ္တာဖြင့် ကိုယ်တော်သည် အသက်မုန့် နှင့် အသက်မြတ်စမ်းရေဖြစ်ကြောင်း နိမ့်ချသောစိတ်နှလုံးသားဖြင့် ကိုယ်တော်ထံ တိုးဝင်ချဥ်းကပ်ကြပါစို့။

 

Daily Reflection