Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-04-19 03:41:06

20 April 2026

Third Week of Easter Monday

John 6: 22 - 29

Reflection by Celeste, MSP

Posted by Sr. Maria Ni Ni, MSP

 ဒီနေ့ဧဝံဂလိကျမ်းစာတော်မြတ်မှာ လူတွေက သခင်ခရစ်တော်၏ တန်းခိုးလက္ခဏာကိုမြင်ရသောကြောင့် မုန့်စားရတဲ့အတွက်ကြောင့်သာ ကိုယ်တော့်ကို ရှာခြင်းဖြစ်တယ်ဆိုသောအချက်အားဖြင့် ကျွန်ုပ်တို့တစ်ဦးစီကိုလည်း ပျက်ဆီးတတ်သောအစာအတွက်ကိုယ်တော့် ကိုရှာခြင်းမျိုးမဟုတ်ပဲ ထာဝရအသက်၌တည့်စေခြင်းဌာ လူသားသည်သင်တို့အား ပေးမည့်အစာအတွက် ကြိုးစားအားထုတ်ကြရန် သတိပေးတိုက်တွန်းနိုးဆော်နေခြင်းပါ။ ကျွန်ုပ်တို့အများစုမှာ ခက်ခဲကြမ်းတမ်းသောဘဝ၊ ပင်ပမ်းဆင်းရဲသောဘဝတွေကို ရှောင်ရှားချင်ကြတယ်။ ဒီဒဏ်တွေကိုမခံချင်သောအခါ လွယ်ကူချောမွေ့သော အရာ/ ပျက်ဆီးတတ်သောအစာ( ငွေ၊ ဥစ္စာဓန၊ ရာထူးဂုဏ်ထူး၊ လူ ) နောက်ကိုသာ လိုက်မိနေခြင်း ဖြစ်တယ်။ဒီနေ့ကိုယ်တော်က ကျွန်ုပ်တို့အား ဖိတ်ခေါ်နေသောအချက်က ထာဝရအသက်ကိုပေးမည့်သူဖြစ်သော ကိုယ်တော်အားယုံကြည်ရန်ပါ။"ထဝရအသက်ဖြစ်သော ကောင်းကင်မှမုန့်ကိုပေးသောသူက မိုဇက်မဟုတ် ဟူသောစကားလုံးကို သတိမူရမဲ့အချက်မှာ ထာဝရအသက်က လူသားတွေထံမှ လာခြင်းမဟုတ်ပဲ၊ ဘုရားသခင်ထံမှလာတယ်ဆိုတာကို အတိအလင်းဖော်ပြနေခြင်းပါ။ ခမည်းတော်သည် ကောင်းကင်မှ မုန့်အစစ်အမှန်ကို သင်တို့အားပေးတော်မူ၏။ ဘုရားသခင်၏မုန့်တော်သည်ကောင်းကင်မှဆင်းလာ၍ဤလောကကို အသက်ပေးသောမုန့်ဖြစ်၏" ဟု ဒီကျမ်းချက်အားဖြင့် နေ့စဥ်ကျွန်ုပ်တို့ကိုယ်တော်မြတ်ကို ယုံကြည်ခြင်းဖြင့် ပင့်ယူပါက မည်သည့်အခါမျှ ဆာငတ်ခြင်းရှိမည်မဟုတ် ဆိုသောစကားက ခရစ်တော်၏ အာမခံချက်၊ ကတိတော်ကို သတိရကြရန် မီးမောင်းထိုးပြနေခြင်းပါ။

ကျွန်ပ်တို့ဘဝမှာ ပျက်ဆီးတတ်သောအစာနဲ့တူသောအရာတွေကို ရှာဖွေနေခြင်းမှ ရပ်တန့်ကာ၊ ထာဝရအသက်ကိုပေးသော အရာတွေကိုသာရှာဖွေနိုင်သူတွေဖြစ်ရန်ကြိုးစားသွားကြပါစို့။

 

Daily Reflection