20 March 2026 Friday
4th Week of Lent
John 7: 1 -2, 10, 25 - 30
Reflection by Fr. Nicholas Kyaw Lin Tun, OSM
Posted by Sr. Maria Ni Ni, MSP
ဤယနေ့ဧဝံဂေလိကျမ်းစာတော်မြတ်တွင်သခင်ယေဇူးကတဲတော်ပွဲတော် ( Festival of Tabernacles)သို့ ကြွတော်မူခြင်းကို ကြားနားရမှာဖြစ်ပါတယ်။ ဤပွဲတော်ကျင်းပရာ ဂျူဒေယနယ်တွင်ဂျူးလူမျိုးများက သခင်ယေဇူးကို ဖမ်းဆီးရန် ကြိုးပမ်းနေကြပါတယ်။ သို့သော် သခင်ယေဇူးက ထိုနယ်တွင် လူသိရှင်ကြား ဟောပြောနေသော်လည်း မည်သူမျှ သခင်ယေဇူးအား မတားဆီးခဲ့ပါ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် လူသားတို့သည် မည်မျှပင် စွမ်းအားကြီးပါစေ ဘုရားသခင်၏ အစီအစဉ်နှင့် အလို တော်ကို ပြောင်းလဲနိုင်စွမ်း ရှိမည်မဟုတ်ပါ၊၊ ထို့ကြောင့် သခင်ယေဇူးကဘုရားသခင်၏ အလိုတော်ကိုဆောင်ရွက်သောအခါ မည်သည့် အဟန့်အတားမျှ မရှိခဲ့ပါ။ ထို့ကြောင့် ကျွန်ုပ်တို့ဘဝတွင်လည်း ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောအခါ မည်သည့်အရာ၊မည်သည်အာဏာမှ ကျွန်ုပ်တို့ကိုရပ်တန့်နိုင်မည်မဟုတ်ပါ။ဘုရားသခင်ကကျွန်ုပ်တို့နှင့် အတူရှိပြီး ကျွန်ုပ်တို့ကို အမြဲကာကွယ်စောင့်ရှောက်နေမည် ဖြစ်ပါသည်။