Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-10-12 10:15:33

13.10.2024 – Sunday of Week 28th in Ordinary Time;
အောက်တိုဘာလ ၁၃ ရက်၊ ၂၀၂၄၊ ၂၈ကြိမ်မြောက် တနင်္ဂနွေနေ့  
Mark10:17-30- ဧဝံဂေလိကျမ်း ရှင်မာကု ၁၀: ၁၇-၃၀
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)   

သခင်ယေဇူးကခရီးသွားနေစဉ်မှာ လူတယောက်ကရောက်လာပြီးဒူးထောက်လျက်၊“ထာဝရအသက်ကိုအမွေခံရဖို့၊ကျွန်တော်ဘာလုပ်ရမလဲ?”ဆိုပြီးလာမေးပါတယ်။ဒီမေးခွန်းကြောင့်သခင်ယေဇူးကလုပ်ရမယ့်ပညတ်ချက်တွေကိုပြောပြလိုက်ပါတယ်။ထိုလူက“ကျွန်တော်ပညတ် ချက်တွေကို ငယ်ငယ်ကတည်းကလုပ်ဆောင်ပါတယ်။”လို့ ပြန်ပြောပါတယ်။ သခင်ယေဇူးက ချစ်တဲ့စိတ်နဲ့“မင်းမှာတခုတော့လိုသေးတယ်။သွားတော့၊ကိုယ့်ဥစ္စာပစ္စည်းတွေကို အကုန်ရောင်းပြီး ဆင်းရဲသားတွေကိုပေးလိုက်ပါ။ကောင်းကင်ဘဏ္ဍာကိုရလိမ့်မယ်။ ကားတိုင်ထမ်းပြီး ငါ့နောက်လိုက်ပါ။”လို့ပြန်ပြောပါတယ်။ ထိုလူက ဥစ္စာရတတ်သူ၊ ဥစ္စာပစ္စည်းများစွာကို ပိုင်ဆိုင်တဲ့သူဖြစ်တဲ့အတွက်၊ စွန့်လွတ်ရမယ့်အရေးကြောင့် မျက်နှာမသာမယာနဲ့ ထွက်သွားပါတော့တယ်။ ဒီတချက်ကိုတော့ သူမလုပ်ဆောင်နိုင်ဘူးဆိုတာကို တွေ့ရပါတယ်။ထာဝရအသက်ရဖို့အတွက် လူကမလုပ်ဆောင်နိုင်ပါဘူး။ အမြဲတမ်းလိုအပ်ချက်တွေရှိနေပါတယ်။ ဒါပေမဲ့လူမတတ်နိုင်ပေမဲ့ဘုရားသခင်တတ်နိုင်တယ်လို့ သခင်ယေဇူးပြောပါတယ်။အိုအဘ၊ကျွန်ုပ်တို့မှာလိုအပ်ချက်များစွာရှိပါ၏။ ပညတ်ချက်အားလုံးကိုမလိုက်လျှောက်နိုင်ပါ။ သို့သော်လည်း သခင်ယေဇူးကိုမိမိအပြစ်မှ ကယ်တင်ပေးသောအရှင်သခင်အဖြစ်ယုံကြည်ခြင်းဖြင့် ထာဝရအသက်ကိုရရှိပြီးဖြစ်သောကြောင့် ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ဆက်လက်အသက်တာမှာလည်း ကိုယ်တော်စကားကိုနာခံခြင်းဖြင့် မိမိလက်ဝါးကပ်တိုင်ထမ်းပြီး သခင်ယေဇူးနောက်ကို လုံးလုံးလိုက်သူဖြစ်ရန် မစတော်မူပါ။ သခင်ယေဇူးနာမ၌ ဆုတောင်းပါ၏။

Daily Reflection
2024-09-27 00:34:16

28.9.2024 – 25th Saturday in Ordinary Time
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၄၊ ၂၅ကြိမ်မြောက်သာမန်ကာလ စနေနေ့
Luke 9:43-45- ရှင်လုကာ ဧဝံဂေလိကျမ်း ၉း၄၃-၄၅
Reflection by  Sr. Maria Aung (LWST)
Posted by Sr. Benedetta Myat Hnin New(ISR)