15.10.2024 – Tuesday of Week 28th in Ordinary Time;
အောက်တိုဘာလ ၁၅ ရက်၊ ၂၀၂၄၊ ၂၈ကြိမ်မြောက် သာမန်ကာလအင်္ဂါနေ့
Luke 11;37-41- ဧဝံဂေလိကျမ်း ရှင်လုကာ ၁၁:၃၇-၄၁
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဖာရိရှဲတဦးက သခင်ယေဇူးကို မိမိအိမ်သို့ဖိတ်ခေါပြီးဧည့်ခံပါတယ်။ သခင်ယေဇူးက အစာမစားခင်မှာ လက်ကိုမဆေးပဲစားပွဲမှာလျောင်းနေပါတယ်။ ရှေးလူကြီးများအဆက်ဆက်မှကျင့်သုံးခဲ့တဲ့အစဉ်အလာအရ ဖာရိရှဲနဲ့ဂျူးလူမျိုူတွေ မိမိတို့လက်ကိုမဆေးပဲအစာစားလေ့မရှိကြပါဘူးလို့ သိရပါတယ်။ ဒါကြောင့် သခင်ယေဇူးက အစာမစားခင်လက်မဆေးတဲ့အခါမှာ ဖိတ်ခေါ်သူဖာရိဇေဦးက အံ့ဩလျက်ရှိနေပါတယ်။ သခင်ယေဇူးက“ဖာရိဇေဦးဖြစ်သော သင်တို့သည် ဖလား၊ လင်ပန်းကို အပြင်၌ဆေးကြောကြ၏။ အတွင်း၌ကားလုယူခြင်း၊ဆိုးညစ်ခြင်း ပြည့်လျက်ရှိ၏။ လူမိုက်တို့အပြင်ကို ဖန်ဆင်းသောသူသည်အတွင်းကိုလည်း ဖန်ဆင်းတော်မူသည်မဟုတ်လော။သာ၍ကောင်းသောနည်းမူကားတတ်နိုင်သမျှအတိုင်း ဆင်းရဲသားတို့အားစွန့်ကြဲကြလော့။သို့ပြုလျှင်ခပ်သိမ်းသောအရာတို့သည်သင်တို့အားသန့်ရှင်းကြလိမ့်မည်။ဟုပြန်ပြောပါတယ်။သခင်ယေဇူးက“ဖာရိဇေဦးဖြစ်သော သင်တို့သည်အပြင်ပန်းမှာတော့ သန့်ရှင်းဖြောင့်မတ်စွာနေသယောင်ရှိကြပေမဲ့အတွင်းမှာလုယူခြင်း၊ ဆိုးညစ်ခြင်းတွေနဲ့ ပြည့်နေပြီးအလွန်ညစ်ညူးနေကြတယ်လို့သခင်ယေဇူးကပြင်းပြင်းထန်ထန် ပြောဆိုတာတွေ့ရပါတယ်။ ဆင်းရဲသားတွေဆီက လုယူကာမတရားယူနေတယ်ဆိုတာကို သခင်ယေဇူးသိကြောင်းပြောနေပါတယ်။ ဖန်ဆင်းတဲ့ဘုရားသခင်က အပြင်ကိုသာသန့်ရှင်းစင်ကြယ်စေလိုသည်သာမက အတွင်းကိုပါ သန့်ရှင်းစင်ကြယ်စေလိုတဲ့သဘောရှိတယ်ဆိုတဲ့ ဘုရားသခင်အလိုတော်ကိုလည်း ပြောပြနေပါတယ်။ မိမိတို့အသက်တာမှာ အပြင်ကသာသန့်ရှင်းစင်ကြယ်ဖို့ပဲကြိုးစားခြင်း၊ဟန်ဆောင်ခြင်း မဟုတ်ပဲအတွင်းနှလုံးသားမှာပါသန့်ရှင်းစင်ကြယ်စွာအသက်ရှင်ဖို့ ဆင်ခြင်ရပါတယ်။ဖာရိဇေဦးကအကျင့်မကောင်းသူ၊လုယူတတ်သူဖြစ်ပေမဲ့သခင်ယေဇူးကသူ့ရဲ့ခေါ်ဖိတ်ခြင်းကို မငြင်းဆိုပဲလိုက်ခဲ့ပါတယ်။ကျေးဇူးတော်ပဲဖြစ်ပါတယ်။ အိုအဘအပြင်ကိုသာမကစိတ်နှလုံးအတွင်းကိုလည်းသန့်ရှင်းစေချင်သော ကိုယ်တော်၏အလိုတော်ကိုကျေးဇူးတင်ပါ၏။ အတွင်းနှလုံးသားထဲမှမသန့်ရှင်းသော အတွေးအခေါ် အမူအကျင့်များအတွက်အပြစ်ဝန်ချတောင်းပန်ပါ၏။စွန့်ပစ်နိုင်ရန်ခွန်အား၊ အလင်းကျေးဇူးတော်များမစသနားတော်မူပါ။အတွင်းနှလုံးသားကိုသန့်ရှင်းစေရန်မစပါ။ သခင်အလိုရှိသောအသက်တာအတိုင်းအသက်ရှင်ရန်မစတော်မူပါ။ နှုတ်ကပတ်တော်အားဖြင့်ကိုယ်တော်၏သွန်သင်ချက်ကိုခံယူတတ်သောနှလုံးသားကို ပေးတော်မူပါ။ သခင်ယေဇူးနာမ၌ ဆုတောင်းပါ၏။ အာမင်။