Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-10-16 07:36:06

17.10.2024 –Thursday of Week 28th in Ordinary Time;
အောက်တိုဘာလ ၁၇ ရက်၊ ၂၀၂၄၊ ၂၈ကြိမ်မြောက် သာမန်ကာလ ကြာသပတေးနေ့  
Luke 11;47-54- ဧဝံဂေလိကျမ်း ရှင်လုကာ ၁၁:၄၇-၅၄
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR) 

သံလုကာခရစ်ဝင် ၁၁:၄၇-၅၄ ကကျမ်းတတ်ပုဂ္ဂိုလ်တွေ၊ဖာရိရှဲတွေကိုပြောဆိုတဲ့စကားတွေပဲဖြစ်ပါတယ်။သူတို့ရဲ့ဘိုးဘေးတွေကဓမ္မဟောင်းကာလမှာဝတ်ပြုကိုးကွယ်ခြင်းနဲ့ဘာသာရေးနယ်ပယ်မှာအကြီးအကဲတွေဖြစ်ခဲ့ကြပါတယ်။ ဘိုးဘေးတွေဟာဘုရားသခင်၏စကားအတိုင်း အသက်မရှင်ကြတဲ့အခါ ဘုရားသခင်ကတမန်တော်တွေ၊ပရောဖက်တွေကို စေလွှတ်ပြီး နောင်တရဖို့ဟောပြောသတိပေးစေခဲ့ပါတယ်။ဘုရားသခင်စေလွှတ်တဲ့ တမန်တွေ၊ပရောဖက်တွေကို ဘိုးဘေးတွေကညှင်းဆဲခဲ့ကြတယ်။သတ်ဖြတ်ခဲ့ကြပါတယ်။ကမ္ဘာဦးကစပြီး မတရားခံခဲ့ကြရတဲ့ပရောဖက်တွေရဲ့အသွေးကြောင့်၊ဘိုးဘေးတွေရဲ့အပြစ်ကြောင့်၊ အခုကာလကျမ်းတတ်တွေ၊ဖာရိရှဲတွေ ခံကြရတယ်။ ဒါကြောင့်သင်တို့တွေက အမင်္ဂလာရှိကြတယ်လို့သခင်ယေဇူးကပြောခြင်းဖြစ်တယ်။“ကောင်းကင်နိုင်ငံဖွင့်တဲ့သော့ကိုသင်တို့ကဝှက်ထားကြတယ်။ကောင်းကင်နိုင်ငံသို့ မိမိကိုယ်တိုင်လည်းမဝင်၊ဝင်ချင်တဲ့အခြားသူများကိုလည်းသင်တို့က တားဆီးကြတယ်။”လို့ သခင်ယေဇူးကပြောပါတယ်။ပညတ်တရားရဲ့ရည်ရွယ်ချက်နဲ့အဓိပ္ပာယ်တွေကိုသိနားလည်ကြပါရဲ့နဲ့မိမိကိုယ်တိုင်လည်းမကျင့်၊အခြားသူများကိုလည်းထိုတရားအတိုင်းကျင့်ဖို့ရာအခွင့်မပေးကြဘူး။“သခင်ယေဇူးကိုယုံကြည်လက်ခံခြင်း”ဆိုတဲ့“ဘုရားသခင်၏နိုင်ငံတော်အတွက်သော့”ကို သိကြပါသော်လည်းမိမိတို့ကိုယ်တိုင်လည်း မယုံကြည်ကြဘူး။ယုံကြည်လက်ခံချင်တဲ့ သူတွေကိုလည်းဆီးတားကြတယ်ဆိုပြီးသခင်ယေဇူးက သတိပေးနေပါတယ်။အိုအဘ၊ကျွန်ုပ်တို့၏အသက်တာမှာ ကိုယ်တော်၏စကားအတိုင်းအသက်မရှင်ခဲ့မိသောအချိန်များ၊အခြားသူများအတွက်အနှောင့်အရှက်အတားအဆီးဖြစ်စေသော အမှုအရာများအတွက် အပြစ်ဝန်ချတောင်းပန်ပါ၏။ မိမိကိုယ်တိုင်သခင်ယေဇူးကိုအပြစ်မှကယ်တင်ပေးသူ ကယ်တင်ရှင်အဖြစ်ယုံကြည်ဝန်ခံပါ၏။ ကိုယ်တော်၏စကားများကိုအမှန်တကယ်နာခံလိုက်လျှောက်သောသူဖြစ်ရန် မစတော်မူပါ။ အခြားသူများကိုလည်းထိုသို့ပြုလုပ်ရန်ဝေမျှတိုက်တွန်း နှိုးဆော်သူဖြစ်ရန်မစတော်မူပါ။ သခင်ယေဇူးနာမ၌ဆုတောင်းပါ၏။အာမင်။

Daily Reflection