18.10.2024 –Friday of Week 28th in Ordinary Time;
အောက်တိုဘာလ ၁၈ ရက်၊ ၂၀၂၄၊ ၂၈ကြိမ်မြောက် သာမန်ကာလ သောကြာနေ့
Luke 10:1-9 - ဧဝံဂေလိကျမ်း ရှင်လုကာ ၁၀:၁-၉
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သခင်ယေဇူးက ဘုရားသခင်နိုင်ငံတော်အတွက်စေလွှတ်ခြင်း၊တမန်တော်လုပ်ငန်းဆောင်ရွက်ခြင်းနဲ့တပည့်တော်များကို စေလွှတ်ခြင်း၊သွန်သင်ခြင်းများကိုတွေ့ရပါတယ်။ သခင်ယေဇူးကသူသွားမည့်မြိုရွာများကို တပည့်တော်နှစ်ယောက်စီ၊နှစ်ယောက်စီ ရှေ့ပြေးအနေနဲ့စေလွှတ်တာကိုတွေ့ရပါတယ်။ ဘုရားသခင်ရဲ့အမှုတော်အတွက် စေလွှတ်ခြင်းကို ခံရတဲ့အခါမှာဘုရားသခင်က တစ်ယောက်တည်းစေလွှတ်ခြင်းမရှိပဲ မိမိနှင့်အတူ အမှုဆောင်ဘက်ကိုရွေးချယ်တွဲဖက်ပေးတတ်တယ်ဆိုတာကိုနားလည်ရပါတယ်။ မိမိအနေနဲ့ဘုရားသခင်အမှုတော်အတွက်ခေါ်ခြင်း၊စေလွှတ်ခြင်းခံရတဲ့အခါမိမိအတွက် ဘုရားရှင်ကိုယ်တိုင် ပြင်ဆင်ထားတဲ့တွဲဘက်၊ အမှုဆောင်ဘက်များကိုမြင်တွေ့တတ်ဖို့လိုအပ်တယ်ဆိုတာကိုဆင်ခြင်ရပါတယ်။“ရိတ်ရမည့်စပါးတွေကများတယ်။ လုပ်ဆောင်သူကနည်းကြတယ်။ဒါကြောင့် လုပ်ဆောင်သူတွေကိုစေလွှတ်ပေးဖို့ စပါးရှင်ဖြစ်တဲ့ဘုရားသခင်ထံမှာဆုတောင်းကြပါ။”လို့ သခင်ယေဇူးကသွန်သင်ပါတယ်။ ယေဇူးခရစ်တော်၏ဧဝံဂေလိသတင်းပြန့်ပွါးဖို့၊ ကြားရမယ့်သူများ၊နေရာများ၊ လိုအပ်နေသူများစွာ ရှိနေပါတယ်။လုပ်ဆောင်သူများမှာအလွန်ပင်နည်းပါးနေပါတယ်။ သို့သော်လည်း လူ့အနေနဲ့ တခါတလေမိမိပဲအားလုံးကို ကြိတ်မှိတ်ပြီး အနစ်နာခံလုပ်ချင်တာမျိုး၊ တခါတလေမိမိကပဲချုပ်ကိုင်ချင်တာမျိုးလည်းရှိတတ်ပါတယ်။ ဒါဟာသခင်ယေဇူး၏ သွန်သင်ချက်နဲ့မကိုက်ညီပါဘူး။ လုပ်ဆောင်မည့်သူများကိုဘုရားသခင်စေလွှတ်ဖို့ဆုတောင်းရန်သခင်ယေဇူးက သွန်သင်နေပါတယ်။အိုအဘ၊ ကိုယ်တော်၏အမှုတော်အတွက် ကျွန်ုပ်တို့ကို ရွေးကောက်ခြင်း၊ စေလွှတ်ခြင်းအတွက်ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ စေလွှတ်ခြင်းခံရသူအတွက် ကိုယ်တော်၏ သွန်သင်မှာကြားချက်များ၊တွဲဖက်ပေးသော မိတ်ဖက်အမှုဆောင်များ အတွက်လည်း ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ ထိုသူတို့နှင့်တလုံးတဝတည်းဖြင့်ကိုယ်တော်၏ အမှုတော်ကိုဆက်လက်ထမ်းဆောင်နိုင်ရန်မစပါ။