Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-10-17 23:39:38

19.10.2024 –Saturday of Week 28th in Ordinary Time;
အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၄၊ ၂၈ကြိမ်မြောက် သာမန်ကာလ စနေနေ့  
Luke 12:8-12 - ဧဝံဂေလိကျမ်း ရှင်လုကာ ၁၂:၈-၁၂ 
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)  

သခင်ယေဇူးကသူ့တပည့်တော်တွေကိုပြောဆိုနေသောအကြောင်းအရာများဖြစ်ပြီး သူ့ကိုဝန်ခံခြင်းအကြောင်းကို ရှင်းလင်းစွာပြောနေပါတယ်။အကယ်၍ လူတစ်ယောက်ကအခြားသောသူတွေအများရှေ့မှာငါ့ကိုဝန်ခံရင်၊ဘုရားသခင်၏ ကောင်းကင်တမန်ရှေ့မှာထိုသူကိုငါဝန်ခံမယ်။ အများရှေ့မှာငါ့ကိုငြင်းပယ်လျှင် ဘုရား သခင်၏ ကောင်းကင်တမန်တွေရှေ့မှာ ထိုသူကို ငါငြင်းပယ်မယ်။”လို့ဆိုပါတယ်။ကမ္ဘာလောကမှာ သခင်ယေဇူးကိုဝန်ခံခြင်း၊ မဝန်ခံခြင်းက အနာဂတ်ကောင်းကင်နိုင်ငံမှာလူတွေဘယ်လိုဖြစ်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်။ထိုအချိန်အခါနှင့်သခင်ယေဇူး ကောင်းကင်သို့ ပြန်လည်တက်ကြွသွားသောအချိန်နောက်ပိုင်းတွင်သခင်ယေဇူးကိုလူအများရှေ့မှာဝန်ခံခြင်း၊သခင်ယေဇူးကိုယုံကြည်ခြင်းက လူတို့အဖို့စိန်ခေါ်ချက်များရှိခဲ့သလို ယခုမျက်မှောက်ကာလခရစ်ယာန်အများစုလို၊မိရိုးဖလာခရစ်ယာန်များလိုမဟုတ်ပေ။ ယေဇူးခရစ်တော်ကိုယုံကြည်ကြောင်းဝန်ခံခြင်းအတွက် အချို့သောသူများ၊အချို့သောနေရာများအဖို့ စိန်ခေါ်ချက်များရှိနေဆဲပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် နှုတ်ကပတ်တော် မဖတ်ရဲ၊ မပြောရဲ၊ လူအများရှေ့တွင်ဆုမတောင်းရဲပါက ထိုအချက်များကြောင့်လည်း မိမိကိုယ်ကို သုံးသပ်သင့်ကြောင်းဆင်ခြင်ရပါမည်။ ထိုကာလတွင်အချို့သောလူတွေက သခင်ယေဇူးကိုမယုံကြည် ကဲ့ရဲ့အပြစ်တင်ကြသလို၊သခင်ယေဇူးမှတဆင့် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုများကိုလည်း မှားယွင်းစွာ ပြောဆိုကဲ့ရဲ့ခြင်းဖြင့် ပြစ်မှားကြပါသည်။ ထိုသို့ ပြစ်မှားခြင်းကအလွန်အပြစ်ကြီးပါတယ်။ “လူသားကို နှုတ်နှင့်ပြစ်မှားခြင်းကအပြစ်လွှတ်ခြင်းအခွင့်ရနိုင်တယ်။သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့ပြစ်မှားခြင်းကအပြစ်လွှတ်ခြင်းအခွင့်ကိုမရနိုင်။”လို့ သခင်ယေဇူးသတိပေးပါတယ်။ ကျွန်ုပ်တို့အနေနဲ့သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်လုပ်ခြင်းကိုမပြစ်မှားမိရန် သတိထားသင့်ကြောင်းဆင်ခြင်ရပါမယ်။သင်တို့ကို တရားစရပ်မှူးတို့၊ အကြီးအကဲတို့ဆီ ပို့တဲ့အခါ၊ ဘယ်လိုပြန်ပြောရမယ်ဆိုတာကို မစိုးရိမ်နဲ့၊ သန့်ရှင်းသောဝိညာဉ်တော်က ဘယ်လိုပြောရမယ်ဆိုတာကိုအကြံပေးလိမ့်မယ်။ ”လို့ သခင်ယေဇူးက တပည့်တော်တွေကိုမှာကြားခဲ့ပြီး သခင်ယေဇူး၏အမှုတော်မြတ်ကိုဆောင်ရွက် တဲ့အချိန်၊အခက်ခဲတွေရင်ဆိုင်ရတဲ့အချိန်သန့်ရှင်းသောဝိညာဉ်တော် ဘုရားကို အလုံးစုံမှီခိုအားကိုးဖို့၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏လမ်းညွှန်အကြံပေးချက်အတိုင်းလုပ်ဆောင်ပြောဆိုဖို့ဆင်ခြင်ရပါတယ်။ အိုအဘ၊ ကျွန်ုပ်တို့အသက်တာမှာ သခင်ယေဇူးကို လူအများရှေ့မှာလည်း ဝန်ခံတတ်သောသူဖြစ်ရန်၊ သန့်ရှင်းသောဝိညာဉ်တော်ကို မပြစ်မှားမိရန်လည်း မစသွန်သင်တော်မူပါ။အသက်ရှင်စဉ်နေ့ရက်တိုင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြသွန်သင်မှုအောက်တွင်သတိရှိရှိပြောဆိုအသက်ရှင်နိုင်ရန်မစတော်မူပါ။ သခင်ယေဇူးနာမ၌ ဆုတောင်းပါ၏။ အာမင်။

Daily Reflection
2024-09-27 00:34:16

28.9.2024 – 25th Saturday in Ordinary Time
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၄၊ ၂၅ကြိမ်မြောက်သာမန်ကာလ စနေနေ့
Luke 9:43-45- ရှင်လုကာ ဧဝံဂေလိကျမ်း ၉း၄၃-၄၅
Reflection by  Sr. Maria Aung (LWST)
Posted by Sr. Benedetta Myat Hnin New(ISR)