Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-10-21 08:01:21

22.10.2024 –Tuesday of week 29th  in Ordinary Time;
အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၄၊ ၂၉ကြိမ်မြောက် သာမန်ကာလ အင်္ဂါနေ့ 
Luke 12;35-38 - ဧဝံဂေလိကျမ်း ရှင်လုကာ ၁၂:၃၅-၃၈
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR) 

သခင်ယေဇူးကသူပြန်လာမည့်အကြောင်းကို သခင်တစ်ယောက်ပြန်လာမည့်အကြောင်းနှင့်ဥပမာပေးပြီး ပြောနေခြင်းဖြစ်ပါသည်။ သခင်ယေဇူးကဒုတိယအကြိမ် ပြန်လည်ကြွလာမှာဖြစ်ပါတယ်။ သို့သော်လည်း သခင်ယေဇူးပြန်လည်ကြွလာမည့်အချိန်ကိုမည်သူမျှမသိပါဘူး။ ဒါကြောင့်စောင့်နေကြဖို့ သခင်ယေဇူးက ဥပမာပေးပြီးမှာကြားနေတာဖြစ်ပါတယ်။ ခါးပန်းစည်းလျက်၊ ဆီမီးထွန်းလျက်စောင့်နေရမယ်လို့ဆိုတဲ့အတွက် သေသေချာချာ ပြင်ဆင်ပြီးသခင်ယေဇူးပြန်လာမည့်အချိန်ကိုစောင့်ဖို့ဖြစ်ပါတယ်။ သခင်ယေဇူးပြန်လာတဲ့အခါ ကျွန်ုပ်တို့ရဲ့ နှလုံးသား၊ကျွန်ုပ်တို့ရဲ့အသက်ရှင်ခြင်းက သခင့်အမြင်မှာတင့်တယ်၊ သန့်ရှင်း၊ထွန်းလင်းနေသောအသက်တာဖြစ်ဖို့လို အပ်ပါတယ်။ ဒီအတွက် မိမိတို့ နှလုံးသား အတွေးအခေါ်၊ အမူအကျင့်များကို ပြင်ဆင်ထားဖို့တင့်တယ်နေဖို့လိုအပ်ပါတယ်။ ထို့အတူ ဘုရားသခင်က မိမိကိုပေးသော ဆုကျေးဇူးများကိုအသုံးပြုခြင်း၊ ခန့်အပ်ခြင်းများကို တာဝန်ကျေခြင်းများဖြင့် ထွန်းလင်းသော အသက်တာဖြင့်စောင့်နေကြဖို့ ဆင်ခြင်ရပါတယ်။သခင်ပြန်လာမည့်အချိန်ကို စောင့်နေတဲ့ ကျွန်ကို သခင်ကတွေ့တဲ့အခါမှာ အားရသကဲ့သို့ကျွန်ုပ်တို့ကလည်း သခင်ယေဇူးကို စောင့်မျှော်နေခြင်းကိုသခင်ယေဇူးက တွေ့မြင်ပါကအားရမည်ဖြစ်ပါသည်။ ထိုမျှမက မင်္ဂလာရှိသော ကျွန်ဟု ခေါ်ခြင်း ခံရပါမည်။သခင်ကပြန်လာတဲ့အခါမိမိကျွန်တွေကိုလုပ်ကျွေးမယ်လို့လည်းဖော်ပြထားသောကြောင့်အံ့ဩစရာပင်ဖြစ်ပါတယ်။ သခင်တွေရဲ့သဘောသဘာဝက ကျွန်တို့ကိုလုပ်ကျွေးလေ့ မရှိကြပါဘူး။ဒါကြောင့်ပြန်လာမည့် သခင်က ကျွန်တို့ကို လုပ်ကျွေးမယ်လို့ဖော်ပြခြင်းကကျွန်ုပ်တို့သခင်ယေဇူးရဲ့နှိမ့်ချခြင်းနှင့်သူ့ကိုစောင့်နေသောသူတွေက ထိုအခါကျရင် သခင်ရဲ့ပြုစုခြင်းကို ပြန်လည်ခံစားရမယ်လို့ဆိုနေတာတွေ့ရပါတယ်။ထို့ကြောင့်လောကအရာတွေကိုစွဲလန်းခြင်းအားဖြင့် မိမိအသက်တာကို သတိလက်လွှတ် အသက်မရှင်ပဲ၊ သခင်ပြန်လာမည့်အချိန်ကို ပြင်ဆင်လျက်စောင့်နေကြဖို့ရန် ဆင်ခြင်ရပါတယ်။အိုအဘ၊ သခင်ပြန်လာမည့်အချိန်ကို သမ္မာသတိဖြင့်၊ မိမိအသက်တာပြင်ဆင်ရင်း၊ကိုယ်တော်အပ်နှံသော အရာများကိုလည်း တာဝန်ကျေသော ကျွန်များဖြစ်ဖို့ရန် ကျွန်ုပ်တို့ကိုခွန်အားပေးတော်မူပါ။ ချစ်ခြင်း၊ ရဲရင့်ခြင်းနှင့်ပြည့်စေပါ။ ပျင်းရိခြင်းများနှင့်စုံစမ်းနှောင့်ရှက်ခြင်းအမျိုးမျိုးကိုအောင်မြင်ကျော်လွှားနိုင်ရန် ခွန်အားပေးတော်မူပါ။သခင်ယေဇူးနာမ၌ ဆုတောင်းပါ၏။ အာမင်။

Daily Reflection