Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-10-22 00:05:33

23.10.2024 – Wednesday of week 29th  in Ordinary Time;
အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၄၊ ၂၉ကြိမ်မြောက် သာမန်ကာလ ဗုဒ္ဓဟူးနေ့  
Luke 12;39-48 - ဧဝံဂေလိကျမ်း ရှင်လုကာ ၁၂:၃၉-၄၈
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)   

သခင်ယေဇူး၏ဒုတိယအကြိမ်ပြန်လာမည့်အကြောင်းကို ဆက်လက် ဖော်ပြနေခြင်းပင်ဖြစ်ပါသည်။သခင်ယေဇူးဒုတိယအကြိမ်ကြွလာမည့်အချိန်သည်ကျွန်ုပ်တို့မထင်မှတ်သည့်အချိန်တွင် ကျရောက်လာမည်ဖြစ်သောကြောင့်ပြင်ဆင်လျက်စောင့်နေကြဖို့ သခင်ယေဇူးကဆက်လက်မှာကြားနေပါသည်။ထိုသို့မှာကြားရာတွင် ဥပမာနှစ်ခုကိုပါထည့်သွင်းအသိပေးထားပါသည်။ဥပမာကတော့၊အိမ်ရှင်က အချိန်တန်လို့ရှိရင်မိမိအိမ်သားတွေကိုအစားအသောက်များဝေပေးရန်သစ္စာနှင့်၄င်း၊ သတိပညာနှင့်၄င်းပြည့်စုံသောကျွန်တယောက်ကိုစီမံခန့်ခွဲအုပ်ချုပ်ရန် ခန့်ထားခဲ့ပါသည်။ အိမ်ရှင်သခင်က ပြန်လာတဲ့အခါ အဲဒီကျွန်က၊မိမိခန့်ထားတဲ့အတိုင်း လုပ်ဆောင်နေသည်ကို တွေ့မြင်တဲ့အခါမှာ အဲဒီကျွန်ကိုမင်္ဂလာရှိသူလို့သတ်မှတ်ပါတယ်။ အိမ်ရှင်က မိမိပိုင်ဆိုင်သမျှကို ထိုကျွန်ကိုထပ်ပြီး အပ်နှံဦးမည်လို့ ဖော်ပြထားပါတယ်။အကယ်၍ ခန့်ထားခြင်းခံရတဲ့ အဲဒီကျွန်က“ငါ့သခင်ပြန်မလာသေးပါဘူးကွာ။” ဆိုပြီး မိမိကဲ့သို့ ကျွန်အချင်းချင်းကို နှိမ့်ချစွာဆက်ဆံခြင်း၊အနိုင်ကျင့်ညှင်းဆဲခြင်းအပြင်၊ စားသောက်ပျော်ပါးလျက်နေချိန်သူမထင်မှတ်တဲ့အခါမှာအိမ်ရှင်က ပြန်ရောက်လာပြီး ထိုအပြုအမူသူပြုလုပ်နေတာကိုတွေ့ရင် ထိုကျွန်ကိုပြင်းပြင်းထန်ထန်ဆုံးမမယ်။ သစ္စာမရှိတဲ့အခြားသောသူတွေနဲ့အတူပစ်ထားမယ်လို့ပြောပါတယ်။“မိမိသခင်ရဲ့အလိုကိုသိလျက်နှင့်မလုပ်တဲ့သူကများစွာသောဒဏ်ကိုခံရတယ်။ သခင်ရဲ့အလိုကိုမသိပဲ၊ဒဏ်ခံထိုက်တဲ့အမှုကိုပြုသူကတော့အနည်းငယ်သောဒဏ်ကိုသာခံရပြီး များစွာသောကျေးဇူးကိုခံရသူကများစွာပြန်ဆပ်ရမယ်။ များစွာသောဥစ္စာကို အပ်နှင်းခြင်းခံရသူကိုလည်းများစွာပြန်တောင်းမယ်” လို့ သခင်ယေဇူးကဖော်ပြထားပါတယ်။ကျွန်ုပ်တို့အနေနဲ့ မိမိကို ဘုရားသခင်ကဘယ်လောက် ကျေးဇူးပြုထားသလဲ?မိမိကိုဘုရားသခင်က ဘာတွေအပ်နှံထားသလဲ? ဆိုတာကိုပြန်လည်ဆန်းစစ်ရန် အထူးလိုအပ်ပါတယ်။ သခင်ပြန်လာတဲ့အခါမှာကျေးဇူးပြုထားတဲ့ပမာဏ၊ အပ်နှံထားတဲ့ပမာဏနှင့်အညီ ပြန်လည်စီရင် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ထို့နောက်မှာ ထပ်မံအပ်နှံခြင်းဆိုတဲ့ ဆုပေးခြင်းနှင့် ဆုံးမခြင်းလည်း ရှိတယ်ဆိုတာကိုအမြဲသတိယအောက်မေ့ဖို့လိုကြောင်းဆင်ခြင်ရပါတယ်။အိုအဘ၊သခင်ယေဇူး ပြန်လာသောအခါသစ္စာရှိသောငယ်သားကောင်းဖြစ်ရန်ခွန်အားပေးမစတော်မူပါ။သစ္စာမရှိခဲ့မိသောအချိန်များအတွက်အပြစ်ဝန်ချတောင်းပန်ပါ၏။ကျွန်ုပ်တို့ကိုအပ်နှံထားသော အရာများအတွက်လည်း ကျေးဇူးတင်ပါ၏။ ထိုသို့အပ်နှံထားသောအရာအားလုံးကိုသိမြင်ပြီး သခင့်အလိုအတိုင်း အလုံးစုံ အသုံးပြုတာဝန်ကျေကာသစ္စာရှိသောငယ်သားကောင်းဖြစ်ရန်လည်းမစတော်မူပါ။ သခင်ယေဇူး၏နာမ၌ ဆုတောင်းပါ၏။ အာမင်။

Daily Reflection