24.10.2024 – Thursday of week 29th in Ordinary Time;
အောက်တိုဘာလ ၂၄ ရက်၊ ၂၀၂၄၊ ၂၉ကြိမ်မြောက် သာမန်ကာလ ကြာသပတေးနေ့
Luke 12;49-53 - ဧဝံဂေလိကျမ်း ရှင်လုကာ ၁၂:၄၉-၅၃
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သခင်ယေဇူးက“မြေပေါ်၌ မီးလောင်စေခြင်းငှါငါလာသတည်း။ထိုမီးမညှိမှီတိုင်အောင်ငါ၏အလိုမပြည့်စုံ။”ထိုအရာက သခင်ယေဇူး၏ကွဲပြားသောသဘောထားရှိတဲ့သာသနာကိုဖော်ပြနေပါတယ်။သခင်ယေဇူးကိုယုံကြည်လက်ခံသူတို့အတွင်းမှာ အခြားသူများနဲ့မတူကွဲပြားထက်သန်လောက်ကျွမ်းတဲ့ဆန္ဒတွေဖြစ်ပေါ်လာမယ်လို့ဖော်ပြနေတာဖြစ်ပါတယ်။ တနည်းအားဖြင့်သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခြင်းကို ညွှန်းဆိုနေသလိုထိုသို့သန့်ရှင်းသောဝိညာဉ်တော်ပြည့်တဲ့သက်သေခံသူတို့ရဲ့ စိတ်အားထက်သန်မှုက ခရစ်တော်ကိုမယုံကြည်သူတို့ရဲ့ ရန်လိုမှုတွေကို နှိုးဆော်ပါလိမ့်မယ်။ ဒီလိုနဲ့သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သောယုံကြည်သူနှင့်ခရစ်တော်ကိုမယုံကြည်သူတို့ကသိသိသာသာကွဲပြားသွားပါလိမ့်မယ်။သခင်ယေဇူးက“ဗတ္တိဇံတခုကိုလည်း ငါခံစရာရှိ၏။”ထိုဗတ္တိဇံကတော့ အသေခံခြင်း၌ ဗတ္တိဇံကိုဆိုလိုတာတွေ့ရပါတယ်။ သခင်ယေဇူးက“လောကီသားတွေရဲ့အပြစ်အတွက်လက်ဝါးကပ်တိုင်မှာ အသေခံခဲ့တယ်။အိုအဘ၊ ကျွန်ုပ်တို့အသက်တာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းတော်မူပါ။သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝစေပါ။ သခင်ယေဇူးကို အမှန်တကယ်ယုံကြည်လက်ခံပြီးသခင်ယေဇူးနောက်ကို သစ္စာရှိစွာလိုက်သော အသက်တာဖြစ်စေပါ။ သခင်ယေဇူးနာမ၌ဆုတောင်းပါ၏ ။ အာမင်။