25.10.2024 – Friday of week 29th in Ordinary Time;
အောက်တိုဘာလ ၂၅ ရက်၊ ၂၀၂၄၊ ၂၉ကြိမ်မြောက် သာမန်ကာလ သောကြာနေ့
Luke 12:54-59 - ဧဝံဂေလိကျမ်း ရှင်လုကာ ၁၂:၅၄-၅၉
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သခင်ယေဇူးက“သင်တို့က မိုးကောင်းကင်နဲ့လေတို့ရဲ့လက္ခဏာကိုကြည့်ပြီး ရာသီဥတုကိုခန့်မှန်းနိုင်ကြတယ်။ ယခုအချိန်ကာလနဲ့ပတ်သက်ပြီးဘာလို့ပိုင်းခြားပြီးမသိတာလဲ။”လို့ သခင်ယေဇူးကပြောပါတယ်။ ဘုရားသခင်၏နိုင်ငံတော်တည်ထောင်ခြင်းကသခင်ယေဇူးအားဖြင့်ပြည့်စုံ မယ်ဆိုတာကို သူတို့ကမသိကြပါဘူး။တရားသူကြီးနဲ့တွေ့ဆုံပြီး တရားစီရင်ခံရမယ့်အချိန်က ဧကန်မုချရောက်လာမှာဖြစ်ပါတယ်။တရားသူကြီးနဲ့မတွေ့ခင် အချိန်ကာလမှာအမှုကိစ္စတခုခုရှိရင် ပြေလည်မှုရအောင်ကြိုးစားလုပ်ဆောင်ဖို့ သခင်ယေဇူးကသွန်သင်နေပါတယ်။လူသားတွေ အပြစ်ကြောင့် ဘုရားသခင်နှင့်ကင်းကွာပြီးဆက်ဆံရေးပြတ်တောက်သွားသလို ပြန်လည်အဆက်အသွယ်ရဖို့သခင်ယေဇူးက လုပ်ဆောင်ပေးခဲ့ပါတယ်။လူသားတွေရဲ့အပြစ်တွေကိုသခင်ယေဇူးကအသွေးတော်အားဖြင့်အကုန်အစင်ဆေးကြောပေးခဲ့ပါတယ်။လူသားတွေအပြစ်အတွက် လက်ဝါးကပ်တိုင်မှာအသေခံခဲ့ပါတယ်။ သင်္ဂြိုလ်ခြင်းကိုခံပြီးသုံးရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ခဲ့ပါတယ်။အပြစ်စီရင်ခြင်းအချိန်ကမလွဲဧကန်ရောက်လာမှာဖြစ်ပါတယ်။ သခင်ယေဇူးကိုမိမိအပြစ်မှကယ်တင်ပေးသူကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံပြီးလိုက်ကျင့်သူကဘုရားသခင်နဲ့ပြန်လည် သင့်မြတ်ခြင်းကိုရရှိပြီးအပြစ်စီရင်ခြင်းကကင်းလွှတ်မှာဖြစ်ပါတယ်။ဧဝံဂေလိတရားကို လက်မခံပဲ၊ငြင်းပယ်သူ၊တရားတော်အတိုင်းလိုက်နာကျင့်လျှောက်ခြင်းမရှိပါက အပြစ်စီရင်ခြင်းကိုခံရမှာဖြစ်ပါတယ်။အိုအဘ၊ ဧဝံဂေလိတရားကို ယုံကြည်လက်ခံခြင်းဖြင့် ကိုယ်တော်နှင့်ပြန်လည်အဆက်အသွယ်ရရှိခြင်းအတွက်ကျေးဇူးတင်ပါ၏။ လောကမှာ အသက်ရှင်စဉ် ယုံကြည်သူညီအစ်ကိုမောင်နှမအချင်းချင်း သင့်မြတ်ပြေလည်မှုရှိစေရန်အမြဲလုပ်ဆောင်သူဖြစ်ရန်မစတော်မူပါ။ သခင်ယေဇူးနာမ၌ ဆုတောင်းပါ၏။