26.10.2024 – Saturday of week 29th in Ordinary Time;
အောက်တိုဘာလ ၂၆ ရက်၊ ၂၀၂၄၊ ၂၉ကြိမ်မြောက် သာမန်ကာလ စနေနေ့
Luke 13:1-9 - ဧဝံဂေလိကျမ်း ရှင်လုကာ ၁၃:၁-၉
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)
လူတယောက်က ဥယျာဉ်မှာ စိုက်ပျိုးထားတဲ့ သင်္ဘောသဖန်းပင်တပင်ကိုကြည့်တဲ့အခါမှာ အသီးကိုရှာလို့မတွေ့ဖြစ်နေပါတယ်။ ဒီအတွက်ကြောင့် ထိုသူက“သုံးနှစ်ပတ်လုံးဒီသင်္ဘောသဖန်းပင်မှာအသီးကို ငါလာရှာတယ်။ ဒါပေမဲ့ အသီးကိုမတွေ့ဘူး။ ဒါကြောင့်မြေကြီးကိုမနှောင့်ရှက်စေပဲအပင်ကို ခုတ်လိုက်ပါ”လို့ ဥယျာဉ်စောင့်ကိုပြောပါတယ်။ ဥယျာဉ်စောင့်က“ဒီနှစ်တော့ထားပါဦး၊ကျွန်တော်အပင်အနားပတ်ပတ်လည်ကို တူးဆွပြီးနောက်ချေးဖို့ပါဦးမယ်။အသီးသီးကောင်းသီးပါလိမ့်မယ်။နောက်မှပဲခုတ်လိုက်ပါဟု”ပြန်ပြောလိုက်ပါတယ်။ဒီအကြောင်းအရာအားဖြင့် ဘုရားသခင်က ကျွန်ုပ်တို့အပေါ်မှာ ယနေ့ထိတိုင်များစွာကျေးဇူးပြုလျက်ရှိပါတယ်။ ထိုသို့ ကျေးဇူးပြုတဲ့အခါမှာ ကျွန်ုပ်တို့ထံမှအသီးများကိုလည်းဘုရားသခင်က မျှော်လင့်လျက်ရှိပါတယ်။ကျွန်ုပ်တို့အသက်တာသည် ဘုရားသခင်မျှော်လင့်နေတဲ့အသီးသီးသောအသက်တာ ဖြစ်နေရဲ့လားဆိုတာကိုပြန်လည်ဆင်ခြင်ရပါတယ်။ဒီဥပမာတွေအားလုံးကိုကြည့်တဲ့အခါမှာ မိမိရဲ့အသက်တာ၊မိမိကြုံတွေ့ရမယ့်အချိန်ကာလနဲ့ပတ်သက်ပြီး ဆန်းစစ်ရပါမယ်။ဘုရားသခင်၏စီရင်ခြင်းနေ့ရက်ကာလဆိုတာရောက်လာမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့နောင်တရသင့်သောအရာများအတွက် နောင်တရပြီလား? ကျွန်ုပ်တို့မှာဘုရားသခင်မျှော်လင့်နေသောအသီးများရှိပြီလား?ဆိုတာကို ဆန်းစစ်ပါ။