Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-10-26 09:23:00

27.10.2024 – 30th Sunday in Ordinary Time;
အောက်တိုဘာလ ၂၇ ရက်၊ ၂၀၂၄၊ ၃၀ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့နေ့  
Mark10;46-52 - ဧဝံဂေလိကျမ်း ရှင်မာကု ၁၀:၄၆-၅၂
Reflection By Sr. Patrcia, SFX
Posted by Sr. Benedetta Myat Hnin Nwe(ISR)

သခင်ယေဇူးကတပည့်တော်များ၊များစွာသော လူများနှင့်တကွယေရိခေါမြို့ကနေ သခင်ယေဇူးကတပည့်တော်များ၊ များစွာသောလူများနှင့်တကွယေရိခေါမြို့မှထွက်ခွါလာခဲ့ပါတယ်။ သခင်ယေဇူးဖြတ်လျှောက်သွားတဲ့ လမ်းမှာ ဗာတိမဲဆိုတဲ့မျက်စိမမြင်သူက လမ်းဘေးနားမှာ တောင်းစားလျက်ရှိနေပါတယ်။ မျက်မမြင် ဗာတိမဲကသူ့အနားကနေယေဇူးက ဖြတ်လျှောက်သွားတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ“ဒါဝိဒ်၏သားတော်ယေဇူး၊အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။”လို့ဟစ်အော်လိုက်ပါတယ်။ တိတ်ဆိတ်စွာနေဖို့ သူ့ကိုလူတွေက အပြစ်တင်ပြောဆိုကြပါတယ်။ ဒါပေမဲ့ ဗာတိမဲက “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။”လို့ ပိုပြီး ကျယ်လောင်စွာဟစ်အော်ပါတယ်။ ဒီအခါမှာတော့ သခင်ယေဇူးက သူ့ကို ခေါ်လိုက်ပြီး “မင်းကိုဘာလုပ်ပေးစေချင်သလဲ” လို့ မေးလိုက်တဲ့အခါမှာ ဗာတိမဲက“အရှင်ဘုရား၊ အကျွန်ုပ်မျက်စိမြင်စေခြင်းငှါပြုတော်မူပါ။”လို့ ပြန်ဖြေလိုက်ပါတယ်။သခင်ယေဇူးက“သင်သွားလော့၊သင်၏ယုံကြည်ခြင်းသည်သင့်ကိုကယ်မပြီ”လို့ပြောလိုက်တာနဲ့ဗာတိမဲကမျက်စီပြန်မြင်သွားပြီးသခင်ယေဇူးနောက်ကို လိုက်ပါတယ်။ယခုအခြေအနေမှာသခင်ယေဇူး၏ ကယ်မသနားခြင်း တခုခု လိုအပ်နေပါသလား။သခင်ယေဇူးက ကယ်မသနားနိုင်တယ်လို့ကော ယုံကြည်ပါသလား?အိုအဘ၊ မည်မျှအပြစ်များပါစေ၊ အဆင့်အတန်း နိမ့်ကျနေပါစေ၊ ယုံကြည်ခြင်းနှင့် ကိုယ်တော့်ထံချဉ်းကပ်သူကို ကိုယ်တော်က ကြည့်ရှုသနား၊လက်ခံ ကြောင်းကိုဖော်ပြသည့်အတွက်ကျေးဇူးတင်ပါတယ်။ ဗာတိမဲကဲ့သို့ ရဲရင့်စွာမိမိယုံကြည်ခြင်းကိုထုတ်ဖော်ပြောဆိုသူဖြစ်ရန်မစတော်မူပါ။ ကိုယ်တော့်ကိုယုံကြည်ခြင်းသာ၍ ခိုင်ခံ့စေပါ။သခင်ယေဇူးနာမ၌ ဆုတောင်းပါ၏။ အာမင်။

Daily Reflection